ပရီးမီးယားလိဂ်ကို ပြန်လာတာ ဆုဖလားရယူဖို့ ဆိုတဲ့ လူကာကူ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အင်တာမီလန်ကနေ ချဲလ်ဆီးကို ပေါင် ၉၇.၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ တိုက်စစ်မှူး လူကာကူက သူ့အနေနဲ့ ကစားသမားကောင်းတစ်ယောက်ဖြစ်တယ်ဆိုတာ သက်သေပြဖို့ ပရီးမီးယားလိဂ်ကို ပြန်လာတာမဟုတ်ဘူးလို့ ပြောထားပါတယ်။

လူကာကူဟာ အင်္ဂလန်အသင်းတွေဖြစ်တဲ့ ချဲလ်ဆီး ၊ ယူနိုက်တက်၊ အဲဗာတန်နဲ့ ဝက်ဘရွန်းစ်အသင်းတွေမှာ ကစားခဲ့ဖူးသူဖြစ်ပြီး ခြေစွမ်းမပြနိုင်ခဲ့တာကြောင့် အင်တာမီလန်ကို ပြောင်းရွှေ့ခဲ့သူလည်း ဖြစ်ပါတယ်။

လူကာကူက ” ကျွန်တော့်အနေနဲ့ ဘယ်သူ့ကိုမှ သက်သေပြစရာ မလိုပါဘူး။

ကျွန်တော့်ကိုယ် စိတ်ဓာတ်ခွန်အား မြှင့်တင်ပေးနိုင်တာက ကျွန်တော်ကိုယ်တိုင်ပါပဲ။

ကျွန်တော်က ကိုယ့်ကိုယ်ကို အမြဲအားပေး မြှင့်တင်တတ်တဲ့ သူမျိုးပါ။

အခုချဲလ်ဆီးကစားသမား ဖြစ်လာခဲ့ပြီး ဒီအတွက် ကျွန်တော်ပျော်ရွှင် ရပါတယ်။ ”

“ပရီးမီးယားလိဂ်မှာ လွန်ခဲ့တဲ့နှစ်တွေက ရရှိခဲ့တဲ့ အတွေ့အကြုံတွေဟာ တကယ်ကို ကောင်းမွန်ခမ်းနား ခဲ့ပါတယ်။

ဒီလိဂ်မှာ ကစားရတဲ့ မိနစ်တိုင်းကို ကျွန်တော်တကယ် နှစ်သက်တာပါ။ ”

” ဒါပေမယ့် အီတလီမှာရရှိခဲ့တဲ့ အတွေ့အကြုံတွေဟာ ကျွန်တော့်ကို ပိုမိုပြည့်စုံတဲ့ ကစားသမား ဖြစ်စေခဲ့ပါပြီ။

အခုတော့ အီတလီမှာ သင်ယူခဲ့ရတာတွေကို အသုံးချရတော့မှာပါ။”

” မှတ်တမ်းတွေက အရေးမကြီးပါဘူး။ ဆုဖလား အောင်မြင်မှုရဖို့သာ အဓိကပါ။

ဆုဖလားတစ်ခုခု ရရှိတဲ့အခါ လူတွေရဲ့အမြင်ဟာ တစ်ယောက်နဲ့တစ်ယောက် မတူကြဘူးဆိုတာ ကျွန်တော်နားလည် ခဲ့ပါပြီ။ ”

” ဆုဖလားအောင်မြင်မှုက ကျွန်တော့်အတွက် အရေးပါတဲ့ တစ်ခုတည်းသောအရာပါ။

ဂိုးတွေသွင်းရတာကိုလည်း ကျွန်တော်နှစ်သက်ပါတယ်။

ကျွန်တော်ကစားရတဲ့ နေရာက ဂိုးတွေအများကြီး သွင်းနိုင်တဲ့ နေရာဆိုတာ သိပါတယ်။

ဒါပေမယ့် ဆုဖလားကသာ ကျွန်တော့်အတွက် နံပါတ်တစ်ပါပဲ။ ”လို့ ပြောဆိုပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ပရီးမီးယားလိဂ္ကို ျပန္လာတာ ဆုဖလားရ​ယူဖို႔ ဆိုတဲ့ လူကာကူ

အင္တာမီလန္ကေန ခ်ဲလ္ဆီးကို ေပါင္ ၉၇.၅ သန္းနဲ႔ ေျပာင္းေ႐ႊ႕လာခဲ့တဲ့ တိုက္စစ္မႉး လူကာကူက သူ႔အေနနဲ႔ ကစားသမားေကာင္းတစ္ေယာက္ျဖစ္တယ္ဆိုတာ သက္ေသျပဖို႔ ပရီးမီးယားလိဂ္ကို ျပန္လာတာမဟုတ္ဘူးလို႔ ေျပာထားပါတယ္။

လူကာကူဟာ အဂၤလန္အသင္းေတြျဖစ္တဲ့ ခ်ဲလ္ဆီး ၊ ယူႏိုက္တက္၊ အဲဗာတန္နဲ႔ ဝက္ဘ႐ြန္းစ္အသင္းေတြမွာ ကစားခဲ့ဖူးသူျဖစ္ၿပီး ေျခစြမ္းမျပႏိုင္ခဲ့တာေၾကာင့္ အင္တာမီလန္ကို ေျပာင္းေ႐ႊ႕ခဲ့သူလည္း ျဖစ္ပါတယ္။

လူကာကူက ” ကြၽန္ေတာ့္အေနနဲ႔ ဘယ္သူ႔ကိုမွ သက္ေသျပစရာ မလိုပါဘူး။ ကြၽန္ေတာ့္ကိုယ္ စိတ္ဓာတ္ခြန္အား ျမႇင့္တင္ေပးႏိုင္တာက ကြၽန္ေတာ္ကိုယ္တိုင္ပါပဲ။ ကြၽန္ေတာ္က ကိုယ့္ကိုယ္ကို အၿမဲအားေပး ျမႇင့္တင္တတ္တဲ့ သူမ်ိဳးပါ။ အခုခ်ဲလ္ဆီးကစားသမား ျဖစ္လာခဲ့ၿပီး ဒီအတြက္ ကြၽန္ေတာ္ေပ်ာ္႐ႊင္ ရပါတယ္။ ”

“ပရီးမီးယားလိဂ္မွာ လြန္ခဲ့တဲ့ႏွစ္ေတြက ရရွိခဲ့တဲ့ အေတြ႕အႀကဳံေတြဟာ တကယ္ကို ေကာင္းမြန္ခမ္းနား ခဲ့ပါတယ္။ ဒီလိဂ္မွာ ကစားရတဲ့ မိနစ္တိုင္းကို ကြၽန္ေတာ္တကယ္ ႏွစ္သက္တာပါ။ ”

” ဒါေပမယ့္ အီတလီမွာရရွိခဲ့တဲ့ အေတြ႕အႀကဳံေတြဟာ ကြၽန္ေတာ့္ကို ပိုမိုျပည့္စုံတဲ့ ကစားသမား ျဖစ္ေစခဲ့ပါၿပီ။ အခုေတာ့ အီတလီမွာ သင္ယူခဲ့ရတာေတြကို အသုံးခ်ရေတာ့မွာပါ။”

” မွတ္တမ္းေတြက အေရးမႀကီးပါဘူး။ ဆုဖလား ေအာင္ျမင္မႈရဖို႔သာ အဓိကပါ။ ဆုဖလားတစ္ခုခု ရရွိတဲ့အခါ လူေတြရဲ႕အျမင္ဟာ တစ္ေယာက္နဲ႔တစ္ေယာက္ မတူၾကဘူးဆိုတာ ကြၽန္ေတာ္နားလည္ ခဲ့ပါၿပီ။ ”

” ဆုဖလားေအာင္ျမင္မႈက ကြၽန္ေတာ့္အတြက္ အေရးပါတဲ့ တစ္ခုတည္းေသာအရာပါ။ ဂိုးေတြသြင္းရတာကိုလည္း ကြၽန္ေတာ္ႏွစ္သက္ပါတယ္။ ကြၽန္ေတာ္ကစားရတဲ့ ေနရာက ဂိုးေတြအမ်ားႀကီး သြင္းႏိုင္တဲ့ ေနရာဆိုတာ သိပါတယ္။ ဒါေပမယ့္ ဆုဖလားကသာ ကြၽန္ေတာ့္အတြက္ နံပါတ္တစ္ပါပဲ။ ”လို႔ ​​ေျပာဆိုပါတယ္။