ပရီးမီးယားလိဂ်ကို နောက်ကျမှပြန်စစေချင်တယ်ဆိုတဲ့သတင်းတွေကို မော်ရင်ညို ငြင်းဆန်

Photo Credit

Photo Credit

စပါးအသင်းနည်းပြ ဟိုဆေးမော်ရင်ညိုက မိမိအနေနဲ့ ဘောလုံးပွဲတွေပြန်လည်စတင်ဖို့ စိတ်အားထက်သန်နေကြောင်းနဲ့ ၂၀၁၉-၂၀ ပရီးမီးယားလိဂ်ရာသီ ပြန်လည်စတင်ရေး နှောင့်နှေးစေအောင် ပရီးမီးယားလိဂ်အဖွဲ့ချုပ်ကို တိုက်တွန်းခဲ့တယ်ဆိုတဲ့သတင်းတွေက မဟုတ်မှန်ကြောင်း ရှင်းလင်းပြောကြားသွားပါတယ်။

Photo Credit

မော်ရင်ညိုဟာ ဗုဒ္ဓဟူးနေ့က ပရီးမီးယားလိဂ်နည်းပြတွေရဲ့အစည်းအဝေးမှာ အဓိကနေရာ ပါဝင်ဆွေးနွေးခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေပေမယ့် ဘောလုံးရာသီပြန်လည်စတင်ဖို့အရေး ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ကတော့ ဇွန်လအတွင်း ပြန်လည်စတင်နိုင်ဖို့ မျှော်လင့်နေပြီး Daily Mirror သတင်းစာရဲ့ဖော်ပြချက်အရ မော်ရင်ညိုကတော့ ကစားသမားတွေရဲ့ဘေးအန္တရာယ်ကင်းရှင်းရေးအပေါ် စိုးရိမ်နေကာ ကစားသမားတွေ ကြံ့ခိုင်မှုအပြည့်ပြန်လည်ရရှိရေးအတွက် ပွဲတွေကို နောက်မှ ပြန်စဖို့ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။

Photo Credit

ဒါပေမဲ့ အသက် ၅၇ နှစ်အရွယ်ရှိ ပေါ်တူဂီနိုင်ငံသား မော်ရင်ညိုကတော့ ဘွန်ဒက်စ်လီဂါရဲ့လမ်းစဉ်အတိုင်း ပြန်လည်စတင်နိုင်ဖို့ ဆန္ဒရှိနေပြီး တကယ်လို့ ဘာအန္တရာယ်မှမရှိရင် ရာသီကုန်အထိ ဆက်လက်ကျင်းပသွားလိုကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ”မီဒီယာတွေမှာ ဖော်ပြနေသလိုမျိုး နှောင့်နှေးစေချင်တဲ့သဘောမျိုး ကျွန်တော် မပြောခဲ့ပါဘူး”

Photo Credit

”တကယ်လို့ ဘေးကင်းပြီဆိုတာနဲ့ အမြန်ဆုံးလေ့ကျင့်ခန်းပြန်ဆင်းဖို့ ဆန္ဒရှိနေပါတယ်။ ပြီးတော့ အသင်းသားတွေက ကိုယ့်အစီအစဉ်နဲ့ကိုယ် ကြံ့ခိုင်မှုမလျော့အောင် ကြိုးစားနေတာကို မြင်ရတော့ ကျွန်တော် အရမ်းဂုဏ်ယူမိပါတယ်”လို့ မော်ရင်ညိုက ပြောပါတယ်။

Photo Credit

Zawgyi

ပရီးမီးယားလိဂ္ကို ေနာက္က်မွျပန္စေစခ်င္တယ္ဆိုတဲ့သတင္းေတြကို ေမာ္ရင္ညိဳ ျငင္းဆန္

စပါးအသင္းနည္းျပ ဟိုေဆးေမာ္ရင္ညိဳက မိမိအေနနဲ႔့ ေဘာလုံးပဲြေတြျပန္လည္စတင္ဖို႔ စိတ္အားထက္သန္ေနေၾကာင္းနဲ႔ ၂၀၁၉-၂၀ ပရီးမီးယားလိဂ္ရာသီ ျပန္လည္စတင္ေရး ေႏွာင့္ေႏွးေစေအာင္ ပရီးမီးယားလိဂ္အဖြဲ႕ခ်ဳပ္ကို တုိက္တြန္းခဲ့တယ္ဆုိတဲ့သတင္းေတြက မဟုတ္မွန္ေၾကာင္း ရွင္းလင္းေျပာၾကားသြားပါတယ္။
ေမာ္ရင္ညိဳဟာ ဗုဒၶဟူးေန႔က ပရီးမီးယားလိဂ္နည္းျပေတြရဲ႕အစည္းအေ၀းမွာ အဓိကေနရာ ပါ၀င္ေဆြးေႏြးခဲ့ၿပီး ကို႐ိုနာဗိုင္းရပ္စ္ျဖစ္ပြားေနေပမယ့္ ေဘာလုံးရာသီျပန္လည္စတင္ဖို႔အေရး ေဆြးေႏြးခဲ့ၾကတာျဖစ္ပါတယ္။
ပရီးမီးယားလိဂ္ကေတာ့ ဇြန္လအတြင္း ျပန္လည္စတင္ႏိုင္ဖို႔ ေမွ်ာ္လင့္ေနၿပီး Daily Mirror သတင္းစာရဲ႕ေဖာ္ျပခ်က္အရ ေမာ္ရင္ညိဳကေတာ့ ကစားသမားေတြရဲ႕ေဘးအႏၱရာယ္ကင္းရွင္းေရးအေပၚ စုိးရိမ္ေနကာ ကစားသမားေတြ ႀကံ့ခုိင္မႈအျပည့္ျပန္လည္ရရွိေရးအတြက္ ပြဲေတြကို ေနာက္မွ ျပန္စဖို႔ တုိက္တြန္းခဲ့တယ္လုိ႔ သိရပါတယ္။
ဒါေပမဲ့ အသက္ ၅၇ ႏွစ္အရြယ္ရွိ ေပၚတူဂီႏိုင္ငံသား ေမာ္ရင္ညိဳကေတာ့ ဘြန္ဒက္စ္လီဂါရဲ႕လမ္းစဥ္အတုိင္း ျပန္လည္စတင္ႏိုင္ဖို႔ ဆႏၵရွိေနၿပီး တကယ္လုိ႔ ဘာအႏၱရာယ္မွမရွိရင္ ရာသီကုန္အထိ ဆက္လက္က်င္းပသြားလုိေၾကာင္း ေၾကညာခ်က္ထုတ္ျပန္ခဲ့ပါတယ္။ ”မီဒီယာေတြမွာ ေဖာ္ျပေနသလုိမ်ိဳး ေႏွာင့္ေႏွးေစခ်င္တဲ့သေဘာမ်ိဳး ကၽြန္ေတာ္ မေျပာခဲ့ပါဘူး”
”တကယ္လို႔ ေဘးကင္းၿပီဆုိတာနဲ႔ အျမန္ဆုံးေလ့က်င့္ခန္းျပန္ဆင္းဖို႔ ဆႏၵရွိေနပါတယ္။ ၿပီးေတာ့ အသင္းသားေတြက ကိုယ့္အစီအစဥ္နဲ႔ကုိယ္ ႀကံ့ခုိင္မႈမေလ်ာ့ေအာင္ ႀကိဳးစားေနတာကို ျမင္ရေတာ့ ကၽြန္ေတာ္ အရမ္းဂုဏ္ယူမိပါတယ္”လုိ႔ ေမာ္ရင္ညိဳက ေျပာပါတယ္။