ပရီးမီးယားလိဂ်ကစားသမားအများစုက ပြန်စဖို့ကို မသက်မသာဖြစ်နေကြောင်း ပြောလာတဲ့ ဝီလျံ

photo-gettyimages

photo-express

ကိုရိုနာဗိုင်းရပ်စ်အကျပ်အတည်းကာလအတွင်း ပြိုင်ပွဲပြန်စဖို့ကို ပရီးမီးယားလိဂ်ကစားသမားအများစုက စိတ်မသက်မသာဖြစ်နေကြောင်း ချဲလ်ဆီးကြယ်ပွင့်ဝီလျံက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အင်္ဂလန်မှာ ဘောလုံးပွဲတွေ ဆိုင်းငံ့ထားတာ ပြီးခဲ့တဲ့မတ်လကတည်းကဖြစ်ပြီး လောလောဆယ်တော့ လာမယ့်ဇွန်လလယ်မှာ ပြန်လည်စတင်ဖို့ ရည်မှန်းထားပါတယ်။ လက်ရှိမှာလည်း ဗြိတိန်ဟာ ကိုဗစ်နဲ့ပတ်သက်လို့ အပြင်းအထန်ထိခိုက်ခံစားခဲ့ရပြီး ပို့တွေ့လူနာပေါင်း ၂၄၀၀၀၀ ရှိကာ သေဆုံးသူအရေအတွက်ကလည်း ၃၄၀၀၀ ကျော်ရှိပါတယ်။

photo-express

ဒီတစ်ပတ်မှာ ဘွန်ဒက်စ်လီဂါက တံခါးပိတ်ပွဲတွေနဲ့ ပြန်စနေပေမယ့် ပရီးမီးယားလိဂ်ပြန်စမယ်ဆိုရင် ပထမဆုံးအနေနဲ့ ကစားသမားတွေရဲ့လုံခြုံရေးကို စဉ်းစားသင့်တယ်လို့ ဝီလျံက ပြောကြားလိုက်တာပါ။ ”ရိုးရိုးသားသားပြောရရင်၊ ကျွန်တော်မြင်တာကတော့ အခုပြန်စမယ့်အစီအစဉ်ကို ကစားသမားအများစုက စိတ်မသက်မသာဖြစ်နေကြပါတယ်။ ကျွန်တော်တို့လည်း တကယ်ကို ပြန်ကစားချင်ပါတယ်။ ဒါပေမဲ့ အဲဒါက ကျွန်တော်တို့ ဘေးကင်းဖို့လည်း လိုအပ်တာပေါ့ဗျာ။ ကျွန်တော်တို့မြင်တာ အဲဒီလိုပါ။ ကျွန်တော်တို့ရဲ့ကျန်းမားရေးက ပထမဦးစားပေးပါပဲ”လို့ ဝီလျံက ပြောခဲ့တာပါ။

photo-gettyimages

လာမယ့်ဇွန် ၁၂ မှာ ပြန်စမယ့် ပရီးမီးယားလိဂ်ရဲ့အစီအစဉ်ကို မန်စီးတီးက အဂူရို၊ ဝက်ဖို့ဒ်က ဒီနေးနဲ့ နယူးကာဆယ်မှာ အငှားရောက်နေတဲ့ စပါးက ဒန်နီရို့စ်တို့လို ကစားသမားတွေအားလုံးက မေးခွန်းထုတ်ခဲ့ကြပါတယ်။ ဒီလိုပဲ ဝက်ဖို့ဒ်နည်ပြနီဂယ်ပီယာဆန်ကလည်း ဗိုင်းရပ်စ်ကို အထင်သေးသလိုဖြစ်နိုင်တယ်လို့ပြောပြီး ပြိုင်ပွဲပြန်စမယ့်အပေါ် စိုးရိမ်တဲ့ပုံစံဖြစ်နေပါတယ်။

[Zawgyi]

ပရီးမီးယားလိဂ္ကစားသမားအမ်ားစုက ျပန္စဖို႔ကို မသက္မသာျဖစ္ေနေၾကာင္း ေျပာလာတဲ့ ၀ီလ်ံ

ကိုရိုနာဗုိင္းရပ္စ္အက်ပ္အတည္းကာလအတြင္း ၿပိဳင္ပြဲျပန္စဖုိ႔ကို ပရီးမီးယားလိဂ္ကစားသမားအမ်ားစုက စိတ္မသက္မသာျဖစ္ေနေၾကာင္း ခ်ဲလ္္ဆီးၾကယ္ပြင့္၀ီလ်ံက ထုတ္ေဖာ္ေျပာၾကားလုိက္ပါတယ္။ အဂၤလန္မွာ ေဘာလုံးပြဲေတြ ဆိုင္းငံ့ထားတာ ၿပီးခဲ့တဲ့မတ္လကတည္းကျဖစ္ၿပီး ေလာေလာဆယ္ေတာ့ လာမယ့္ဇြန္လလယ္မွာ ျပန္လည္စတင္ဖို႔ ရည္မွန္းထားပါတယ္။ လက္ရွိမွာလည္း ၿဗိတိန္ဟာ ကိုဗစ္နဲ႔ပတ္သက္လို႔ အျပင္းအထန္ထိခိုက္ခံစားခဲ့ရၿပီး ပို႔ေတြ႕လူနာေပါင္း ၂၄၀၀၀၀ ရွိကာ ေသဆုံးသူအေရအတြက္ကလည္း ၃၄၀၀၀ ေက်ာ္ရွိပါတယ္။

ဒီတစ္ပတ္မွာ ဘြန္ဒက္စ္လီဂါက တံခါးပိတ္ပဲြေတြနဲ႔ ျပန္စေနေပမယ့္ ပရီးမီးယားလိဂ္ျပန္စမယ္ဆုိရင္ ပထမဆုံးအေနနဲ႔ ကစားသမားေတြရဲ႕လုံၿခဳံေရးကို စဥ္းစားသင့္တယ္လို႔ ၀ီလ်ံက ေျပာၾကားလုိက္တာပါ။ ”ရိုးရိုးသားသားေျပာရရင္၊ ကၽြန္ေတာ္ျမင္တာကေတာ့ အခုျပန္စမယ့္အစီအစဥ္ကို ကစားသမားအမ်ားစုက စိတ္မသက္မသာျဖစ္ေနၾကပါတယ္။ ကၽြန္ေတာ္တုိ႔လည္း တကယ္ကို ျပန္ကစားခ်င္ပါတယ္။ ဒါေပမဲ့ အဲဒါက ကၽြန္ေတာ္တို႔ ေဘးကင္းဖို႔လည္း လိုအပ္တာေပါ့ဗ်ာ။ ကၽြန္ေတာ္တို႔ျမင္တာ အဲဒီလိုပါ။ ကၽြန္ေတာ္တို႔ရဲ႕က်န္းမားေရးက ပထမဦးစားေပးပါပဲ”လို႔ ၀ီလ်ံက ေျပာခ့ဲ့တာပါ။

လာမယ့္ဇြန္ ၁၂ မွာ ျပန္စမယ့္ ပရီးမီးယားလိဂ္ရဲ႕အစီအစဥ္ကို မန္စီးတီးက အဂူရို၊ ၀က္ဖို႔ဒ္က ဒီေနးနဲ႔ နယူးကာဆယ္မွာ အငွားေရာက္ေနတဲ့ စပါးက ဒန္နီရို႕စ္တုိ႔လုိ ကစားသမားေတြအားလုံးက ေမးခြန္းထုတ္ခဲ့ၾကပါတယ္။ ဒီလုိပဲ ၀က္ဖုိ႔ဒ္နည္ျပနီဂယ္ပီယာဆန္ကလည္း ဗုိင္းရပ္စ္ကို အထင္ေသးသလုိျဖစ္ႏိုင္တယ္လုိ႔ေျပာၿပီး ၿပိဳင္ပြဲျပန္စမယ့္အေပၚ စိုးရိမ္တဲ့ပုံစံျဖစ္ေနပါတယ္။