ပရီးမီးယားလိဂ်ကစားသမား(၁၁)ဦးအပေါ် ချမှတ်ထားတဲ့ပွဲပယ်ပြစ်ဒဏ်ကို ဖီဖာ ပြန်လည်ပယ်ဖျက်

Viber No => 09 969 710 910

Shwe Casino Facebook Page Link => https://bit.ly/3AQZRVp

Shwe Casino App Download Link => https://bit.ly/3k41mc4

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ဟာ နိုင်ငံလက်ရွေးစင်အသင်းတွေအတွက် ပါဝင်ကစားဖို့ပျက်ကွက်ခဲ့တဲ့ ပရီးမီးယားလိဂ်ကစားသမား(၁၁)ဦးကို ကလပ်အသင်းအတွက်ပါဝင်ကစားခွင့် (၅)ရက်ကြာပိတ်ပင်ခဲ့တဲ့ပြစ်ဒဏ်ကို ပြန်လည်ပယ်ဖျက်ပေးခဲ့တာကြောင့်

အဲဒီကစားသမားတွေဟာ အခုတစ်ပတ်ကစားမယ့်ပရီးမီးယားလိဂ်ပွဲတွေမှာ ပါဝင်ကစားခွင့်ရမှာဖြစ်ပါတယ်။

ကစားသမား(၁၁)ဦးဟာ သူတို့နိုင်ငံအသင်းတွေဖြစ်တဲ့ ဘရာဇီးလ်၊ ချီလီ၊ မက္ကဆီကို၊ ပါရာဂွေးအသင်းတွေအတွက် ပါဝင်ကစားဖို့ပျက်ကွက်ခဲ့တာကြောင့် ဖီဖာက ဒီတစ်ပတ်ကစားမယ့်ပရီးမီးယားလိဂ်ပွဲတွေမှာ

အဲဒီကစားသမားတွေကို ပွဲကစားခွ့င်ပိတ်ပင်ခဲ့ပေမယ့် ပြီးခဲ့တဲ့(၂၄)နာရီအတွင်း တောင်အမေရိကဘောလုံးအဖွဲ့ချုပ်၊ ကွန်ကာကပ်ဖ်ဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူတွေနဲ့ ဖီဖာတာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက်မှာတော့ ပွဲပယ်ပြစ်ဒဏ်ကို ပယ်ဖျက်ဖို့ဆုံးဖြတ်ခဲ့တာပါ။

အဲဒါကြောင့် မန်စီးတီးအသင်းရဲ့ ဘရာဇီးလ်ကစားသမားနှစ်ဦးဖြစ်တဲ့ အီဒါဆင်နဲ့ ဂျေးဆုတို့ဟာ ဒီညကစားမယ့် လက်စတာနဲ့ပွဲမှာ အသင်းအတွက်ပါဝင်ကစားနိုင်တော့မှာဖြစ်ပါတယ်။

ဒါ့အပြင် လီဗာပူးလ်အသင်းကစားသမားတွေဖြစ်တဲ့ ဖာဘင်ဟို၊ အယ်လစ်ဆင်၊ ဖေမီနို၊ လိဒ်စ်အသင်းကွင်းလယ်လူရာဖင်ဟာ၊ ချယ်လ်ဆီးနောက်ခံလူ သီယာဂိုဆေးလ်ဗားနဲ့

မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူဖရက်ဒ်၊ ဝုလ်ဗ်အသင်းရဲ့မက္ကဆီကိုတိုက်စစ်မှူးရာအူးလ်ဟီမီနက်ဇ်၊ နယူးကာဆယ်အသင်းတိုက်စစ်ကစားသမားအယ်လ်မီရွန်နဲ့ ဝက်ဖို့ဒ်ကစားသမား ဆီယာရယ်လ်တာတို့ဟာလည်း

ဒီတစ်ပတ်ကစားမယ့်ပွဲတွေမှာ သက်ဆိုင်ရာကလပ်အသင်းတွေအတွက် ပါဝင်ကစားခွင့်ရမှာပါ။

ဖီဖာအနေနဲ့ ကစားသမားတွေအပေါ် ချမှတ်ထားတဲ့ ပွဲပယ်ပြစ်ဒဏ်ကို ပယ်ဖျက်ပေးခဲ့တာကြောင့် အခုလောလောဆယ် ဒီပြဿနာကပြေလည်သွားမပေမယ့် မကြာခင် ပြန်လည်စတင်ဖို့ရှိနေပါပြီ။

ဗြိတိန်အစိုးရက ကိုဗစ်ရောဂါဆိုးဖြစ်ပွားမှုများနေတဲ့ တောင်အမေရိကနဲ့ ကွန်ကာကပ်ဖ်နိုင်ငံတွေကို ခရီးသွားလာခွင့်ပိတ်ပင်ထားပြီး Red List စာရင်းသွင်းထားတာကြောင့် အဲဒီနိုင်ငံတွေအတွက်ပါဝင်ကစားမယ့် ဘောလုံးသမားတွေဟာ ဗြိတိန်ကို ပြန်ရောက်တဲ့အခါ (၁၀)ရက်ကြာ Quarantine ဝင်ရမှာဖြစ်ပါတယ်။

အဲဒါကြောင့် ပရီးမီးယားလိဂ်ကလပ်တွေက သူတို့ကစားသမားတွေကို လက်ရွေးစင်အသင်းအတွက်ပါဝင်ကစားဖို့ ပိတ်ပင်ခဲ့တာကနေ ဖီဖာနဲ့အခုလိုပြဿနာတက်ခဲ့တာပါ။

လာမယ့်အောက်တိုဘာကျရင် နိုင်ငံတကာပွဲတွေ ပြန်ကစားရဦးမှာဖြစ်လို့ ဗြိတိန်အစိုးရအနေနဲ့ သူတို့သတ်မှတ်ထားတဲ့ ကိုဗစ်စည်းကမ်းတွေကို မလျှော့ချပေးဘူးဆိုရင် ပရီးမီးယားလိဂ်ကလပ်တွေနဲ့ ဖီဖာတို့ နောက်တစ်ကြိမ်ထိပ်တိုက်ရင်ဆိုင်ရမယ့်အနေအထားပါပဲ။

Viber No => 09 969 710 910

Shwe Casino Facebook Page Link => https://bit.ly/3AQZRVp

Shwe Casino App Download Link => https://bit.ly/3k41mc4

zawgyi

ပရီးမီးယားလိဂ္ကစားသမား(၁၁)ဦးအေပၚ ခ်မွတ္ထားတဲ့ပြဲပယ္ျပစ္ဒဏ္ကို ဖီဖာ ျပန္လည္ပယ္ဖ်က္

ကမာၻ႔ေဘာလုံးအဖြဲ႕ခ်ဳပ္(ဖီဖာ)ဟာ ႏိုင္ငံလက္ေ႐ြးစင္အသင္းေတြအတြက္ ပါဝင္ကစားဖို႔ပ်က္ကြက္ခဲ့တဲ့ ပရီးမီးယားလိဂ္ကစားသမား(၁၁)ဦးကို ကလပ္အသင္းအတြက္ပါဝင္ကစားခြင့္ (၅)ရက္ၾကာပိတ္ပင္ခဲ့တဲ့ျပစ္ဒဏ္ကို ျပန္လည္ပယ္ဖ်က္ေပးခဲ့တာေၾကာင့္ အဲဒီကစားသမားေတြဟာ အခုတစ္ပတ္ကစားမယ့္ပရီးမီးယားလိဂ္ပြဲေတြမွာ ပါဝင္ကစားခြင့္ရမွာျဖစ္ပါတယ္။

ကစားသမား(၁၁)ဦးဟာ သူတို႔ႏိုင္ငံအသင္းေတြျဖစ္တဲ့ ဘရာဇီးလ္၊ ခ်ီလီ၊ မကၠဆီကို၊ ပါရာေဂြးအသင္းေတြအတြက္ ပါဝင္ကစားဖို႔ပ်က္ကြက္ခဲ့တာေၾကာင့္ ဖီဖာက ဒီတစ္ပတ္ကစားမယ့္ပရီးမီးယားလိဂ္ပြဲေတြမွာ အဲဒီကစားသမားေတြကို ပြဲကစားခြ႕င္ပိတ္ပင္ခဲ့ေပမယ့္ ၿပီးခဲ့တဲ့(၂၄)နာရီအတြင္း ေတာင္အေမရိကေဘာလုံးအဖြဲ႕ခ်ဳပ္၊ ကြန္ကာကပ္ဖ္ေဘာလုံးအဖြဲ႕ခ်ဳပ္တာဝန္ရွိသူေတြနဲ႔ ဖီဖာတာဝန္ရွိသူေတြ ေတြ႕ဆုံေဆြးေႏြးခဲ့ၿပီးေနာက္မွာေတာ့ ပြဲပယ္ျပစ္ဒဏ္ကို ပယ္ဖ်က္ဖို႔ဆုံးျဖတ္ခဲ့တာပါ။ အဲဒါေၾကာင့္ မန္စီးတီးအသင္းရဲ႕ ဘရာဇီးလ္ကစားသမားႏွစ္ဦးျဖစ္တဲ့ အီဒါဆင္နဲ႔ ေဂ်းဆုတို႔ဟာ ဒီညကစားမယ့္ လက္စတာနဲ႔ပြဲမွာ အသင္းအတြက္ပါဝင္ကစားႏိုင္ေတာ့မွာျဖစ္ပါတယ္။

ဒါ့အျပင္ လီဗာပူးလ္အသင္းကစားသမားေတြျဖစ္တဲ့ ဖာဘင္ဟို၊ အယ္လစ္ဆင္၊ ေဖမီႏို၊ လိဒ္စ္အသင္းကြင္းလယ္လူရာဖင္ဟာ၊ ခ်ယ္လ္ဆီးေနာက္ခံလူ သီယာဂိုေဆးလ္ဗားနဲ႔ မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္လူဖရက္ဒ္၊ ဝုလ္ဗ္အသင္းရဲ႕မကၠဆီကိုတိုက္စစ္မႉးရာအူးလ္ဟီမီနက္ဇ္၊ နယူးကာဆယ္အသင္းတိုက္စစ္ကစားသမားအယ္လ္မီ႐ြန္နဲ႔ ဝက္ဖို႔ဒ္ကစားသမား ဆီယာရယ္လ္တာတို႔ဟာလည္း ဒီတစ္ပတ္ကစားမယ့္ပြဲေတြမွာ သက္ဆိုင္ရာကလပ္အသင္းေတြအတြက္ ပါဝင္ကစားခြင့္ရမွာပါ။ ဖီဖာအေနနဲ႔ ကစားသမားေတြအေပၚ ခ်မွတ္ထားတဲ့ ပြဲပယ္ျပစ္ဒဏ္ကို ပယ္ဖ်က္ေပးခဲ့တာေၾကာင့္ အခုေလာေလာဆယ္ ဒီျပႆနာကေျပလည္သြားမေပမယ့္ မၾကာခင္ ျပန္လည္စတင္ဖို႔ရွိေနပါၿပီ။

ၿဗိတိန္အစိုးရက ကိုဗစ္ေရာဂါဆိုးျဖစ္ပြားမႈမ်ားေနတဲ့ ေတာင္အေမရိကနဲ႔ ကြန္ကာကပ္ဖ္ႏိုင္ငံေတြကို ခရီးသြားလာခြင့္ပိတ္ပင္ထားၿပီး Red List စာရင္းသြင္းထားတာေၾကာင့္ အဲဒီႏိုင္ငံေတြအတြက္ပါဝင္ကစားမယ့္ ေဘာလုံးသမားေတြဟာ ၿဗိတိန္ကို ျပန္ေရာက္တဲ့အခါ (၁၀)ရက္ၾကာ Quarantine ဝင္ရမွာျဖစ္ပါတယ္။ အဲဒါေၾကာင့္ ပရီးမီးယားလိဂ္ကလပ္ေတြက သူတို႔ကစားသမားေတြကို လက္ေ႐ြးစင္အသင္းအတြက္ပါဝင္ကစားဖို႔ ပိတ္ပင္ခဲ့တာကေန ဖီဖာနဲ႔အခုလိုျပႆနာတက္ခဲ့တာပါ။ လာမယ့္ေအာက္တိုဘာက်ရင္ ႏိုင္ငံတကာပြဲေတြ ျပန္ကစားရဦးမွာျဖစ္လို႔ ၿဗိတိန္အစိုးရအေနနဲ႔ သူတို႔သတ္မွတ္ထားတဲ့ ကိုဗစ္စည္းကမ္းေတြကို မေလွ်ာ့ခ်ေပးဘူးဆိုရင္ ပရီးမီးယားလိဂ္ကလပ္ေတြနဲ႔ ဖီဖာတို႔ ေနာက္တစ္ႀကိမ္ထိပ္တိုက္ရင္ဆိုင္ရမယ့္အေနအထားပါပဲ။