ပရီးမီးယားလိဂ္ ၁၂လမွာ သြင္းဂိုးပါ၀င္ပတ္သက္မႈ ၁လတည္းပဲရွိတ့ဲလင္ဂတ္ရဲ႕ဆုိးရြားတဲ့မွတ္တမ္း

Photo Credit

Photo Credit

ယူႏုိက္တက္ကြင္းလယ္တုိက္စစ္သမား လင္ဂတ္ဟာ တနလၤာညက ၀ူလ္ဗာဟမ္တန္အသင္နဲ႔ ၁-၁ ဂိုးသေရက်ခဲ့တဲ့ပြဲမွာ စိတ္ပ်က္စရာျဖစ္ခဲ့ၿပီး အခုဆိုရင္ ၂၀၁၉ တစ္ႏွစ္လုံး သြင္းဂိုးမရွိ၊ ဂိုးဖန္တီးမႈမရွိစံခ်ိန္ဆုိး ဆက္လက္တည္ၿမဲေနသလုိ ပရီးမီးယားလိဂ္ေဘာလုံးေလာက ၁၂လတာကာလအတြင္း သူ သြင္းဂိုးပါ၀င္ပတ္သက္မႈကလည္း ၁လတည္းပဲ ရွိေနပါတယ္။

Photo Credit ; Getty Images / AMA

ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေရႊ႕ကာလအတြင္း ယူႏုိက္တက္ရဲ႕အေျပာင္းအေရႊ႕ကိစၥေတြနဲ႔ပတ္သက္လုိ႔ အႀကီးမားဆုံးေ၀ဖန္ခံခဲ့ရတာက ကြင္းလယ္တုိက္စစ္ပုိင္းအတြက္ ကစားသမားအင္အားမျဖည့္တင္းႏုိင္ခဲ့တဲ့အခ်က္ျဖစ္ၿပီး ၀ုဗ္နဲ႔ပဲြမွာလည္း လင္ဂတ္က ေက်ာနံပါတ္ ၁၀ေနရာ ကစားသြားခဲ့ကာ ၀ါရင့္ကြင္းလယ္လူ ဟြမ္မာတာနဲ႔ လူစားမလဲခံရခ်ိန္အထိ ပုံမွန္ေျခစြမ္းျပသဖို႔ ႐ုန္းကန္ခဲ့ရပါတယ္။

Photo Credit ; Getty Images

လင္ဂတ္ဟာ ပါ၀င္ကစားခြင့္ရရွိခဲ့တ့ဲ ၈၁မိနစ္တာကာလအတြင္း ဂိုးမသြင္းႏိုင္ခဲ့သလုိ ဂိုးဖန္တီးမႈပါမျပဳုလုပ္ေပးႏိုင္ခဲ့တာေၾကာင့္ ယခုႏွစ္အတြင္း ပရီးမီးယားလိဂ္မွာ ဂိုးေပါက္ေပ်ာက္၊ ဂိုးဖန္တီးမႈမရွိတဲ့စံခ်ိန္ဆုိး ဆက္လက္တည္ၿမဲေနသလုိ ၂၀၁၈ ေမလေနာက္ပိုင္း ပရီးမီးယားလိဂ္ေဘာလုံးေလာကမွာ ၂၀၁၈ ဒီဇင္ဘာလ ၁လတည္း သြင္းဂိုးေတြပါ၀င္ပတ္သက္ႏိုင္ခဲ့ကာ က်န္လေတြမွာေတာ့ အဲဒီအခ်က္အလက္ေတြနဲ႔ပတ္သက္လုိ႔ လုံး၀ကို ခပ္ကင္းကင္းျဖစ္ေနခဲ့ပါတယ္။

Photo Credit ; Getty Images

လင္ဂတ္ဟာ ၂၀၁၈ ေမ၊ ၂၀၁၈ ၾသဂုတ္၊ ၂၀၁၈ စက္တင္ဘာ၊ ၂၀၁၈ ေအာက္တုိဘာ၊ ၂၀၁၈ ႏို၀င္ဘာ၊ ၂၀၁၉ ဇန္န၀ါရီ၊ ၂၀၁၉ ေဖေဖာ္၀ါရီ၊ ၂၀၁၉ မတ္၊ ၂၀၁၉ ဧၿပီ၊ ၂၀၁၉ ေမ၊ ၂၀၁၉ ၾသဂုတ္လေတြမွာ ပရီးမီးယားလိဂ္ဂိုးပါ၀င္ပတ္သက္မႈ(ဂိုးသြင္း၊ ဂိုးဖန္တီး)မရွိခဲ့ဘဲ ၂၀၁၈ ဒီဇင္ဘာလမွာပဲ ၄ ဂိုးသြင္းကာ ဂုိးဖန္တီးမႈ ၂ႀကိမ္ျပဳလုပ္ေပးႏိုင္ခဲ့ပါတယ္။

Photo Credit ; Getty Images

ယမန္ႏွစ္ ဒီဇင္ဘာလက နည္းျပေဟာင္း ေမာ္ရင္ညိဳ ရာထူးကေန ထုတ္ပယ္ခံရကာ လက္ရွိနည္းျပဆုိးလ္ရွား အစား၀င္လာတဲ့လျဖစ္ၿပီး ေမာ္ရင္ညိဳဟာ လီဗာပူးကို ၃-၁ ဂိုးနဲ႔အေရးနိမ့္ခဲ့တဲ့ပြဲအၿပီးမွာ ရာထူးကေန ထုတ္ပယ္ခံခဲ့ရတာျဖစ္ကာ လင္ဂတ္က ေခ်ပဂိုးသြင္းယူခဲ့တာျဖစ္ပါတယ္။

Photo Credit ; Getty Images

အဲဒီေနာက္ အသက္ ၂၆ႏွစ္အရြယ္ရွိ အဂၤလန္လက္ေရြးစင္ လင္ဂတ္ဟာ ဆိုးလ္ရွားရဲ႕ပထမဆုံးပဲြအျဖစ္ ကာဒစ္ဖ္ကို ၅-၁ ဂိုးနဲ႔အႏိုင္ရခ့ဲတဲ့ပြဲမွာ ၂ဂိုးသြင္းယူႏုိင္ခဲ့သလို ေနာက္တစ္ပြဲျဖစ္တဲ့ ဟက္ဒါဖီးလ္ကို ၃-၁ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာလည္း ေပ့ါဂ္ဘာရဲ႕အဆုံးသတ္ဂိုးအတြက္ ဂိုးဖန္တီးမႈ ျပဳလုပ္ေပးႏိုင္ခဲ့ပါတယ္။

Photo Credit

လင္ဂတ္ဟာ ေမာ္ရင္ညိဳ ရာထူးကေန ထုတ္ပယ္မခံရခင္ ေနာက္ဆုံး ၂ပြဲျဖစ္တဲ့ လီဗာပူး၊ အာဆင္နယ္တို႔နဲ႔ပြဲေတြမွာ တစ္ဂိုးစီသြင္းယူႏိုင္ခဲ့ၿပီး အာဆင္နယ္နဲ႔ပြဲမွာ သြင္းယူခဲ့တ့ဲေခ်ပဂိုးက ၂၀၁၈ ဧၿပီလက ဘုန္းေမာက္ကို ၀-၂ ဂိုးနဲ႔အႏုိင္ရရွိခဲ့တဲ့ပြဲမွာ ေနာက္ခံလူစေမာလင္းအတြက္ ဂိုးဖန္တီးမႈျပဳလုပ္ခဲ့ၿပီးေနာက္ပိုင္း ပရီးမီးယားလိဂ္မွာ လင္ဂတ္ရဲ႕ပထမဆုံးဂိုးပါ၀င္ပတ္သက္မႈျဖစ္ခဲ့ပါတယ္။

Photo Credit ; Getty Images

လင္ဂတ္ဟာ ကြင္းလယ္လူတစ္ဦးျဖစ္ေပမယ့္ တုိက္စစ္ကိုပိုမိုလုိက္ပါကစားရၿပီး ေပါ့ဂ္ဘာနဲ႔ မက္တိုမီေနးတုိ႔က ကြင္းလယ္မွာ အဓိကထားကစားရခ်ိန္မွာ သူကေတာ့ တုိက္စစ္ကို ပိုမိုလုိက္ပါကစားခြင့္ရေနလုိ႔ ဒီလုိသြင္းဂိုးပါ၀င္ပတ္သက္မႈ ကာလရွည္ေပ်ာက္ေနတာက ေ၀ဖန္မႈေတြနဲ႔ ရင္ဆိုင္ရေစပါတယ္။

Photo Credit 

Unicode

ပရီးမီးယားလိဂ် ၁၂လမှာ သွင်းဂိုးပါဝင်ပတ်သက်မှု ၁လတည်းပဲရှိတဲ့လင်ဂတ်ရဲ့ဆိုးရွားတဲ့မှတ်တမ်း

ယူနိုက်တက်ကွင်းလယ်တိုက်စစ်သမား လင်ဂတ်ဟာ တနင်္လာညက ဝူလ်ဗာဟမ်တန်အသင်နဲ့ ၁-၁ ဂိုးသရေကျခဲ့တဲ့ပွဲမှာ စိတ်ပျက်စရာဖြစ်ခဲ့ပြီး အခုဆိုရင် ၂၀၁၉ တစ်နှစ်လုံး သွင်းဂိုးမရှိ၊ ဂိုးဖန်တီးမှုမရှိစံချိန်ဆိုး ဆက်လက်တည်မြဲနေသလို ပရီးမီးယားလိဂ်ဘောလုံးလောက ၁၂လတာကာလအတွင်း သူ သွင်းဂိုးပါဝင်ပတ်သက်မှုကလည်း ၁လတည်းပဲ ရှိနေပါတယ်။
ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ယူနိုက်တက်ရဲ့အပြောင်းအရွှေ့ကိစ္စတွေနဲ့ပတ်သက်လို့ အကြီးမားဆုံးဝေဖန်ခံခဲ့ရတာက ကွင်းလယ်တိုက်စစ်ပိုင်းအတွက် ကစားသမားအင်အားမဖြည့်တင်းနိုင်ခဲ့တဲ့အချက်ဖြစ်ပြီး ဝုဗ်နဲ့ပွဲမှာလည်း လင်ဂတ်က ကျောနံပါတ် ၁၀နေရာ ကစားသွားခဲ့ကာ ဝါရင့်ကွင်းလယ်လူ ဟွမ်မာတာနဲ့ လူစားမလဲခံရချိန်အထိ ပုံမှန်ခြေစွမ်းပြသဖို့ ရုန်းကန်ခဲ့ရပါတယ်။
လင်ဂတ်ဟာ ပါဝင်ကစားခွင့်ရရှိခဲ့တဲ့ ၈၁မိနစ်တာကာလအတွင်း ဂိုးမသွင်းနိုင်ခဲ့သလို ဂိုးဖန်တီးမှုပါမပြုုလုပ်ပေးနိုင်ခဲ့တာကြောင့် ယခုနှစ်အတွင်း ပရီးမီးယားလိဂ်မှာ ဂိုးပေါက်ပျောက်၊ ဂိုးဖန်တီးမှုမရှိတဲ့စံချိန်ဆိုး ဆက်လက်တည်မြဲနေသလို ၂၀၁၈ မေလနောက်ပိုင်း ပရီးမီးယားလိဂ်ဘောလုံးလောကမှာ ၂၀၁၈ ဒီဇင်ဘာလ ၁လတည်း သွင်းဂိုးတွေပါဝင်ပတ်သက်နိုင်ခဲ့ကာ ကျန်လတွေမှာတော့ အဲဒီအချက်အလက်တွေနဲ့ပတ်သက်လို့ လုံးဝကို ခပ်ကင်းကင်းဖြစ်နေခဲ့ပါတယ်။
လင်ဂတ်ဟာ ၂၀၁၈ မေ၊ ၂၀၁၈ သြဂုတ်၊ ၂၀၁၈ စက်တင်ဘာ၊ ၂၀၁၈ အောက်တိုဘာ၊ ၂၀၁၈ နိုဝင်ဘာ၊ ၂၀၁၉ ဇန်နဝါရီ၊ ၂၀၁၉ ဖေဖော်ဝါရီ၊ ၂၀၁၉ မတ်၊ ၂၀၁၉ ဧပြီ၊ ၂၀၁၉ မေ၊ ၂၀၁၉ သြဂုတ်လတွေမှာ ပရီးမီးယားလိဂ်ဂိုးပါဝင်ပတ်သက်မှု(ဂိုးသွင်း၊ ဂိုးဖန်တီး)မရှိခဲ့ဘဲ ၂၀၁၈ ဒီဇင်ဘာလမှာပဲ ၄ ဂိုးသွင်းကာ ဂိုးဖန်တီးမှု ၂ကြိမ်ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။
ယမန်နှစ် ဒီဇင်ဘာလက နည်းပြဟောင်း မော်ရင်ညို ရာထူးကနေ ထုတ်ပယ်ခံရကာ လက်ရှိနည်းပြဆိုးလ်ရှား အစားဝင်လာတဲ့လဖြစ်ပြီး မော်ရင်ညိုဟာ လီဗာပူးကို ၃-၁ ဂိုးနဲ့အရေးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာဖြစ်ကာ လင်ဂတ်က ချေပဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။
အဲဒီနောက် အသက် ၂၆နှစ်အရွယ်ရှိ အင်္ဂလန်လက်ရွေးစင် လင်ဂတ်ဟာ ဆိုးလ်ရှားရဲ့ပထမဆုံးပွဲအဖြစ် ကာဒစ်ဖ်ကို ၅-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ၂ဂိုးသွင်းယူနိုင်ခဲ့သလို နောက်တစ်ပွဲဖြစ်တဲ့ ဟက်ဒါဖီးလ်ကို ၃-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာလည်း ပေ့ါဂ်ဘာရဲ့အဆုံးသတ်ဂိုးအတွက် ဂိုးဖန်တီးမှု ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။
လင်ဂတ်ဟာ မော်ရင်ညို ရာထူးကနေ ထုတ်ပယ်မခံရခင် နောက်ဆုံး ၂ပွဲဖြစ်တဲ့ လီဗာပူး၊ အာဆင်နယ်တို့နဲ့ပွဲတွေမှာ တစ်ဂိုးစီသွင်းယူနိုင်ခဲ့ပြီး အာဆင်နယ်နဲ့ပွဲမှာ သွင်းယူခဲ့တဲ့ချေပဂိုးက ၂၀၁၈ ဧပြီလက ဘုန်းမောက်ကို ဝ-၂ ဂိုးနဲ့အနိုင်ရရှိခဲ့တဲ့ပွဲမှာ နောက်ခံလူစမောလင်းအတွက် ဂိုးဖန်တီးမှုပြုလုပ်ခဲ့ပြီးနောက်ပိုင်း ပရီးမီးယားလိဂ်မှာ လင်ဂတ်ရဲ့ပထမဆုံးဂိုးပါဝင်ပတ်သက်မှုဖြစ်ခဲ့ပါတယ်။
လင်ဂတ်ဟာ ကွင်းလယ်လူတစ်ဦးဖြစ်ပေမယ့် တိုက်စစ်ကိုပိုမိုလိုက်ပါကစားရပြီး ပေါ့ဂ်ဘာနဲ့ မက်တိုမီနေးတို့က ကွင်းလယ်မှာ အဓိကထားကစားရချိန်မှာ သူကတော့ တိုက်စစ်ကို ပိုမိုလိုက်ပါကစားခွင့်ရနေလို့ ဒီလိုသွင်းဂိုးပါဝင်ပတ်သက်မှု ကာလရှည်ပျောက်နေတာက ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ရစေပါတယ်။