ပရီးမီးယားလိဂ္ဟက္ထရစ္ရွင္အျဖစ္ ခံယူရင္း ခါးသီးၿပိဳင္ဘက္ကို ပခုံးခ်င္းယွဥ္ႏိုင္ဖို႔ စီးတီးအသင္း အသင့္ရွိေန

Photo Credit ; EPA

Photo Credit

မန္စီးတီးအသင္းနည္းျပ ဂြါဒီယိုလာက မိမိန႔ဲအသင္းသားေတြဟာ ပရီးမီးယားလိဂ္ဟက္ထရစ္ရွင္အျဖစ္ ခံယူဖို႔ အသင့္ရွိေနၿပီျဖစ္ေၾကာင္း ႀကံဳး၀ါးလုိက္ပါတယ္။ ပရီးမီးယားလိဂ္သမုိင္းတစ္ေလွ်ာက္ ယူႏိုက္တက္က ပရီးမီးယားလိဂ္ခ်န္ပီယံဆု ၃ႀကိမ္ဆက္ရရွိတဲ့တစ္သင္းတည္းေသာအသင္းအျဖစ္ ရပ္တည္ေနေပမယ့္ ဂြါဒီယိုလာက စီးတီးအေနနဲ႔ ေဒသတြင္းအခါးသီးဆုံးၿမိဳ႕ခံၿပိဳင္ဘက္ကို ပခုံးခ်င္းယွဥ္ဖို႔ အသင့္ရွိေနၿပီလုိ႔ ဆိုခဲ့တာပါ။

Photo Credit

စီးတီးဟာ စေနေန႔က ကစားခဲ့တဲ့ပရီးမီးယားလိဂ္အဖြင့္ပြဲမွာ ၀က္စ္ဟမ္းကို အေ၀းကြင္မွာ ၅ဂိုးျပတ္အႏိုင္ယူၿပီး ေသာၾကာေန႔က လီဗာပူးရဲ႕ဂိုးျပတ္ႏိုင္ပြဲကို ေက်ာ္ျဖတ္ကာ ပြဲစဥ္ ၁အၿပီးမွာ အမွတ္ေပးဇယားကို ဦးေဆာင္ႏိုင္ဖို႔ ေသခ်ာသေလာက္ရွိေနပါတယ္။

Photo Credit ; Getty Images

ဂြါဒီယိုလာလက္ထက္ ပထမဆုံးပရီးမီးယားလိဂ္ခ်န္ပီယံအျဖစ္ စံခ်ိန္တင္ ၁၀၀ မွတ္နဲ႔ဗိုလ္စြဲႏိုင္ခဲ့ၿပီးေနာက္ အဆုိပါစပိန္ႏိုင္ငံသားက သူ႕ကစားသမားေတြအေနနဲ႔ ေနာက္ရာသီမွာ ခ်န္ပီယံဆုဖလားကာကြယ္ႏိုင္ဖုိ႔အတြက္ လုံေလာက္တဲ့တြန္းအားရွိပါ့မလားဆုိတာ သူကိုယ္တိုင္ ေသခ်ာမသိဘူလုိ႔ ၀န္ခံခဲ့ဖူးပါတယ္။

Photo Credit

ဒါေပမဲ့ ၿပီးခဲ့တဲ့ရာသီက အေကာင္းဆုံးၿပိဳင္ဘက္ လီဗာပူးကို ၁မွတ္အသာနဲ႔ေက်ာ္ျဖတ္ကာ ၂ႏွစ္ဆက္ခ်န္ပီယံျဖစ္ခဲ့ၿပီးေနာက္မွာေတာ့ ဂြါဒီယိုလာက ”ကၽြန္ေတာ္နဲ႔ကစားသမားေတြအတြက္ အဲဒါက စမ္းသပ္ခ်က္ျဖစ္ခဲ့ပါတယ္။ ကၽြန္ေတာ္တို႔အသင္း အမွတ္ ၁၀၀အထိရခဲ့ၿပီး ဒီလုိထပ္ျဖစ္ပါ့မလားဆုိတာလည္း မသိခဲ့ပါဘူး။ ရာသီအစမွာေတာ့ အသင္းသားေတြရဲ႕စိတ္ဓာတ္ပိုင္းအေၾကာင္း ေျပာျဖစ္ခဲ့ေပမယ့္ အခုလိုလုပ္ေဆာင္ႏိုင္ခဲ့ၿပီးေနာက္ ကၽြန္ေတာ္ဘာကိုမ်ား သံသယ၀င္သင့္ရေတာ့မွာလဲ”

Photo Credit ; Getty Images / AFP

”ရာသီႀကိဳေျခစမ္းပြဲေတြမွာ သူတို႔ေကာင္းေကာင္းလုပ္ႏိုင္ခဲ့သလို ေလ့က်င့္ေရးကြင္းမွာလည္း အာ႐ုံစူးစုိက္မႈအျပည့္ရွိခဲ့ပါတယ္။ ဒါေတြက အႏိုင္ရဖို႔ အာမခံခ်က္မေပးႏိုင္ေပမယ့္ အဲဒါေတြမရွိဘဲနဲ႔ေတာ့ အႏိုင္ရဖို႔က မျဖစ္ႏုိင္ပါဘူး။ ယုံၾကည္မႈအျပင္းထန္ဆုံးအေနအထားကို ေရာက္ေနပါတယ္။ ၿပီးခဲ့တဲ့ရာသီက ၂ႏွစ္ဆက္ခ်န္ပီယံျဖစ္ႏုိင္မလားဆိုၿပီး ေမးခဲ့ၾကပါတယ္။ ကၽြန္ေတာ္ကလည္း ခက္ခဲႏိုင္တယ္လုိ႔ ျပန္ေျဖခဲ့ပါတယ္”

Photo Credit ; Getty Images / AFP

”တကယ္လုိ႔ ကုိယ္က ၿပိဳင္ဘက္ေတြထက္ ပိုေကာင္းေအာင္ကစားႏိုင္ခဲ့ရင္ ျဖစ္လာႏိုင္တယ္ေပါ့။ အဲဒီေအာင္ျမင္မႈက အ့ံအားသင့္စရာေကာာင္းခဲ့တာမွန္ေပမယ့္ ဒီလုိအေနအထားမ်ိဳးမွာ ကုိယ့္အသင္း ကစားပုံေကာင္းမြန္ဖုိ႔ပဲ ႀကိဳးစားရမွာပါ”လုိ႔ ဂြါဒီယိုလာက ေျပာပါတယ္။

 

Photo Credit ; Reuters

Unicode

ပရီးမီးယားလိဂ်ဟက်ထရစ်ရှင်အဖြစ် ခံယူရင်း ခါးသီးပြိုင်ဘက်ကို ပခုံးချင်းယှဉ်နိုင်ဖို့ စီးတီးအသင်း အသင့်ရှိနေ

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက မိမိနဲ့အသင်းသားတွေဟာ ပရီးမီးယားလိဂ်ဟက်ထရစ်ရှင်အဖြစ် ခံယူဖို့ အသင့်ရှိနေပြီဖြစ်ကြောင်း ကြုံးဝါးလိုက်ပါတယ်။ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ယူနိုက်တက်က ပရီးမီးယားလိဂ်ချန်ပီယံဆု ၃ကြိမ်ဆက်ရရှိတဲ့တစ်သင်းတည်းသောအသင်းအဖြစ် ရပ်တည်နေပေမယ့် ဂွါဒီယိုလာက စီးတီးအနေနဲ့ ဒေသတွင်းအခါးသီးဆုံးမြို့ခံပြိုင်ဘက်ကို ပခုံးချင်းယှဉ်ဖို့ အသင့်ရှိနေပြီလို့ ဆိုခဲ့တာပါ။
စီးတီးဟာ စနေနေ့က ကစားခဲ့တဲ့ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ ဝက်စ်ဟမ်းကို အဝေးကွင်မှာ ၅ဂိုးပြတ်အနိုင်ယူပြီး သောကြာနေ့က လီဗာပူးရဲ့ဂိုးပြတ်နိုင်ပွဲကို ကျော်ဖြတ်ကာ ပွဲစဉ် ၁အပြီးမှာ အမှတ်ပေးဇယားကို ဦးဆောင်နိုင်ဖို့ သေချာသလောက်ရှိနေပါတယ်။
ဂွါဒီယိုလာလက်ထက် ပထမဆုံးပရီးမီးယားလိဂ်ချန်ပီယံအဖြစ် စံချိန်တင် ၁၀၀ မှတ်နဲ့ဗိုလ်စွဲနိုင်ခဲ့ပြီးနောက် အဆိုပါစပိန်နိုင်ငံသားက သူ့ကစားသမားတွေအနေနဲ့ နောက်ရာသီမှာ ချန်ပီယံဆုဖလားကာကွယ်နိုင်ဖို့အတွက် လုံလောက်တဲ့တွန်းအားရှိပါ့မလားဆိုတာ သူကိုယ်တိုင် သေချာမသိဘူလို့ ဝန်ခံခဲ့ဖူးပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့ရာသီက အကောင်းဆုံးပြိုင်ဘက် လီဗာပူးကို ၁မှတ်အသာနဲ့ကျော်ဖြတ်ကာ ၂နှစ်ဆက်ချန်ပီယံဖြစ်ခဲ့ပြီးနောက်မှာတော့ ဂွါဒီယိုလာက ”ကျွန်တော်နဲ့ကစားသမားတွေအတွက် အဲဒါက စမ်းသပ်ချက်ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့အသင်း အမှတ် ၁၀၀အထိရခဲ့ပြီး ဒီလိုထပ်ဖြစ်ပါ့မလားဆိုတာလည်း မသိခဲ့ပါဘူး။ ရာသီအစမှာတော့ အသင်းသားတွေရဲ့စိတ်ဓာတ်ပိုင်းအကြောင်း ပြောဖြစ်ခဲ့ပေမယ့် အခုလိုလုပ်ဆောင်နိုင်ခဲ့ပြီးနောက် ကျွန်တော်ဘာကိုများ သံသယဝင်သင့်ရတော့မှာလဲ”
”ရာသီကြိုခြေစမ်းပွဲတွေမှာ သူတို့ကောင်းကောင်းလုပ်နိုင်ခဲ့သလို လေ့ကျင့်ရေးကွင်းမှာလည်း အာရုံစူးစိုက်မှုအပြည့်ရှိခဲ့ပါတယ်။ ဒါတွေက အနိုင်ရဖို့ အာမခံချက်မပေးနိုင်ပေမယ့် အဲဒါတွေမရှိဘဲနဲ့တော့ အနိုင်ရဖို့က မဖြစ်နိုင်ပါဘူး။ ယုံကြည်မှုအပြင်းထန်ဆုံးအနေအထားကို ရောက်နေပါတယ်။ ပြီးခဲ့တဲ့ရာသီက ၂နှစ်ဆက်ချန်ပီယံဖြစ်နိုင်မလားဆိုပြီး မေးခဲ့ကြပါတယ်။ ကျွန်တော်ကလည်း ခက်ခဲနိုင်တယ်လို့ ပြန်ဖြေခဲ့ပါတယ်”
”တကယ်လို့ ကိုယ်က ပြိုင်ဘက်တွေထက် ပိုကောင်းအောင်ကစားနိုင်ခဲ့ရင် ဖြစ်လာနိုင်တယ်ပေါ့။ အဲဒီအောင်မြင်မှုက အံ့အားသင့်စရာကောာင်းခဲ့တာမှန်ပေမယ့် ဒီလိုအနေအထားမျိုးမှာ ကိုယ့်အသင်း ကစားပုံကောင်းမွန်ဖို့ပဲ ကြိုးစားရမှာပါ”လို့ ဂွါဒီယိုလာက ပြောပါတယ်။