ပရီးမီးယားလိဂ္သမိုင္းရဲ႕အဆုိးဆုံးမန္ယူအသင္းလုိ႔ ဟယ္ရီရက္နပ္ေ၀ဖန္

photo-sportbible

photo-gettyimages

မန္ယူအတြက္ကေတာ့ ေနာက္ထပ္ရက္သတၱပတ္မွာ ေနာက္ထပ္ကသိကေအာက္ျဖစ္စရာရလဒ္ပါပဲ။ ၀က္စ္ဟမ္းကို ၂-၀ ဂိုးနဲ႔ရႈႈံးနိမ့္ခဲ့ၿပီးတဲ့ေနာက္ ဆိုးလ္ရွားရဲ႕အသင္းဟာ ေ၀ဖန္မႈလိႈင္းတံပိုးေအာက္ကို ေရာက္ခဲ့ရၿပီး အဲဒီအတြက္လည္း နားလည္လက္ခံေပးရေတာ့မွာပါ။ ၀က္စ္ဟမ္းနဲ႔ပြဲအၿပီး မန္ယူကို ေ၀ဖန္ထိုးႏွက္တဲ့ ေဘာလုံးကၽြမ္းက်င္သူေတြထဲမွာ စပါးနည္းျပေဟာငး္ဟယ္ရီရက္နပ္က ေနာက္ဆုံးတစ္ေယာက္ျဖစ္ၿပီး ထိပ္ဆုံး ၆ သင္းထဲကို မန္ယူကို ၀င္ႏိုင္ပါ့မလားလို႔ေတာင္ သံသယ၀င္ေနကာ ပရီးမီးယားလိဂ္ေခတ္ရဲ႕အဆုိးဆုံးမန္ယူအသင္းလို႔ တံဆိပ္ကပ္ခဲ့ပါတယ္။

photo-talksport

အဂၤလန္ရဲ႕နာမည္ႀကီးအားကစားေရဒီယိုျဖစ္တဲ့ Talksport နဲ႔ ေဘာလုံးေမးျမန္းေဆြးေႏြးခန္းအစီအစဥ္မွာ ရပ္နပ္က အဲဒီလိုေျပာခဲ့တာပါ။ ”မန္ယူရဲ႕ေနာက္ဆုံးပြဲကိုၾကည့္ၿပီးရင္ သာမန္အသင္းတစ္သင္းလုိ႔ပဲ ထင္ခ်င္စရာရွိပါတယ္။ ၀က္စ္ဟမ္းကေတာင္ ၾကည့္ရတာပိုေကာငး္ပါတယ္”လို႔ ရက္နပ္က ေျပာခဲ့တာျဖစ္ၿပီး ”ပရီးမီးယားလိဂ္သမုိင္းရဲ႕အဆုိးဆုံးမန္ယူအသင္းလား”လို႔ ေမးျမန္းေတာ့ ရက္နပ္က”အဲဒီလိုျဖစ္မွာပါ”လို႔ ျပန္လည္ေျဖၾကားခဲ့ပါတယ္။

photo-gettyimages

မန္ယူဟာ ရာသီအဖြင့္မွာ ခ်ဲလ္ဆီးကို ၄ ဂိုးျပတ္ႏိုင္ၿပီးကတည္းက ေနာက္ကစားတဲ့ပြဲေတြမွာ အေျခအေနမေကာင္းေတာ့ပါဘူး။ ၿပီးခဲ့တဲ့တစ္ပတ္ေက်ာ္တုန္းက လက္စတာကို ႏိုင္ခဲ့ေပမယ့္ ရာသီအေစာပိုင္းရဲ႕က်န္ ၄ ပြဲမွာ ၂ ပြဲသေရ၊ ၂ ပြဲရႈံးခဲ့ပါတယ္။ ယူရိုပါလိဂ္အုပ္စုအဖြင့္္မွာလည္း အက္စ္တာနာကို ႏိုင္ခဲ့ေပမယ့္ ေျခစြမး္အရ အားရစရာမရွိခဲ့ပါဘူး။ အခုခ်ိန္မွာ ေဘာလုံးေ၀ဖန္သုံးသပ္သူအျဖစ္ ေဆာင္ရြက္ေနတဲ့ ပရီးမီးယားလိဂ္နည္းျပေဟာင္းတစ္ဦးျဖစ္သူဂေရမီေဆာင္းနက္စ္ကလည္း ပရီးမီးယားလိဂ္စတင္ကတည္းက အဆုိးဆုံးမန္ယူအသင္းလို႔ Sky Sports ရုပ္သံမွာ ေျပာထားပါေသးတယ္။

[Unicode]

မန်ယူအတွက်ကတော့ နောက်ထပ်ရက်သတ္တပတ်မှာ နောက်ထပ်ကသိကအောက်ဖြစ်စရာရလဒ်ပါပဲ။ ဝက်စ်ဟမ်းကို ၂-၀ ဂိုးနဲ့ရှုှုံးနိမ့်ခဲ့ပြီးတဲ့နောက် ဆိုးလ်ရှားရဲ့အသင်းဟာ ဝေဖန်မှုလှိုင်းတံပိုးအောက်ကို ရောက်ခဲ့ရပြီး အဲဒီအတွက်လည်း နားလည်လက်ခံပေးရတော့မှာပါ။ ဝက်စ်ဟမ်းနဲ့ပွဲအပြီး မန်ယူကို ဝေဖန်ထိုးနှက်တဲ့ ဘောလုံးကျွမ်းကျင်သူတွေထဲမှာ စပါးနည်းပြဟောင်းဟယ်ရီရက်နပ်က နောက်ဆုံးတစ်ယောက်ဖြစ်ပြီး ထိပ်ဆုံး ၆ သင်းထဲကို မန်ယူကို ဝင်နိုင်ပါ့မလားလို့တောင် သံသယဝင်နေကာ ပရီးမီးယားလိဂ်ခေတ်ရဲ့အဆိုးဆုံးမန်ယူအသင်းလို့ တံဆိပ်ကပ်ခဲ့ပါတယ်။

အင်္ဂလန်ရဲ့နာမည်ကြီးအားကစားရေဒီယိုဖြစ်တဲ့ Talksport နဲ့ ဘောလုံးမေးမြန်းဆွေးနွေးခန်းအစီအစဉ်မှာ ရပ်နပ်က အဲဒီလိုပြောခဲ့တာပါ။ ”မန်ယူရဲ့နောက်ဆုံးပွဲကိုကြည့်ပြီးရင် သာမန်အသင်းတစ်သင်းလို့ပဲ ထင်ချင်စရာရှိပါတယ်။ ဝက်စ်ဟမ်းကတောင် ကြည့်ရတာပိုကောင်းပါတယ်”လို့ ရက်နပ်က ပြောခဲ့တာဖြစ်ပြီး ”ပရီးမီးယားလိဂ်သမိုင်းရဲ့အဆိုးဆုံးမန်ယူအသင်းလား”လို့ မေးမြန်းတော့ ရက်နပ်က”အဲဒီလိုဖြစ်မှာပါ”လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

မန်ယူဟာ ရာသီအဖွင့်မှာ ချဲလ်ဆီးကို ၄ ဂိုးပြတ်နိုင်ပြီးကတည်းက နောက်ကစားတဲ့ပွဲတွေမှာ အခြေအနေမကောင်းတော့ပါဘူး။ ပြီးခဲ့တဲ့တစ်ပတ်ကျော်တုန်းက လက်စတာကို နိုင်ခဲ့ပေမယ့် ရာသီအစောပိုင်းရဲ့ကျန် ၄ ပွဲမှာ ၂ ပွဲသရေ၊ ၂ ပွဲရှုံးခဲ့ပါတယ်။ ယူရိုပါလိဂ်အုပ်စုအဖွင့်မှာလည်း အက်စ်တာနာကို နိုင်ခဲ့ပေမယ့် ခြေစွမ်းအရ အားရစရာမရှိခဲ့ပါဘူး။ အခုချိန်မှာ ဘောလုံးဝေဖန်သုံးသပ်သူအဖြစ် ဆောင်ရွက်နေတဲ့ ပရီးမီးယားလိဂ်နည်းပြဟောင်းတစ်ဦးဖြစ်သူဂရေမီဆောင်းနက်စ်ကလည်း ပရီးမီးယားလိဂ်စတင်ကတည်းက အဆိုးဆုံးမန်ယူအသင်းလို့ Sky Sports ရုပ်သံမှာ ပြောထားပါသေးတယ်။