
Photo Credit

Photo Credit ; Pinterest


 

Photo Credit ; Getty Images


 

Photo Credit ; PA


 

Photo Credit ; PA

၁ – လီဗာပူး (၂၆%)
၂ – ချဲလ်ဆီး (၂၀%)
၃ – ယူနိုက်တက် (၁၈%)
၎ – အာဆင်နယ် (၁၇%)
၅ – ဘန်လေ (၁၀%)
၆ – စပါး (၉%)
၇ – ဘရိုက်တန် (၈%)
၈ – စီးတီး (၈%)
၉ – ဗီလာ (၇%)
၁၀ – နယူးကာဆယ် (၇%)
၁၁ – ပဲလေ့စ် (၆%)
၁၂ – အဲဗာတန် (၆%)
၁၃ – ဘုန်းမောက် (၅%)
၁၄ – လက်စတာ (၄%)
၁၅ – နောဝစ်ခ်ျ (၃%)
၁၆ – ၀က်စ်ဟမ်း (၃%)
၁၇ – ၀ုဗ် (၃%)
၁၈ – ၀က်ဖို့ဒ် (၂%)
၂၀ – ဆောက်သမ်တန် (၁%)

 

Photo Credit ; PA

Unicode

ပရီးမီးယားလိဂ်ရဲ့ လိင်ဆွဲဆောင်မှုအပြင်းဆုံးပရိသတ်အဖြစ် လီဗာပူးပရိသတ်တွေ သတ်မှတ်ခံရ

လီဗာပူးပရိသတ်တွေဟာ ပရီးမီးယားလိဂ်ရဲ့လိင်ဆွဲဆောင်မှုအပြင်းဆုံးပရိသတ်တွေအဖြစ် သတ်မှတ်ခြင်းခံခဲ့ရကြောင်း သိရပါတယ်။ Free Super Tips ရဲ့စစ်တမ်းကောက်ယူမှုအရ ကြည့်အကောင်းဆုံးနဲ့ ဆန့်ကျင်ဘက်လိင်တွေအတူအအိပ်ချင်ဆုံးပရိသတ်တွေအဖြစ် လီဗာပူးပရိသတ်တွေက ထိပ်ဆုံးကနေ သတ်မှတ်ခံခဲ့ရတာဖြစ်ပါတယ်။
လီဗာပူးပရိသတ်တွေဟာ အဲဒီစစ်တမ်းအရ ၂၆%ရရှိခဲ့ပြီး ဒုတိယနေရာမှာတော့ ချဲလ်ဆီးပရိသတ်တွေက ၂၀%နဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ ယူနိုက်တက်ပရိသတ်တွေကတော့ ၁၈%နဲ့ တတိယနေရာမှာ ရပ်တည်နေပြီး အာဆင်နယ်ပရိသတ်တွေက ၁၇%နဲ့ စတုတ္ထနေရာမှာ ရပ်တည်နေပါတယ်။ ဆောက်သမ်တန်ပရိသတ်တွေကတော့ ဒီစစ်တမ်းကို မမြင်ချင်ဆုံးပရိသတ်တွေဖြစ်နေမှာသေချာပြီး ပရီးမီးယားလိဂ်အသင်း ၂၀အနက် အဆင့် ၂၀နေရာမှာပဲရပ်တည်နေရပါတယ်။
ဆောက်သမ်တန်ပရိသတ်တွေဟာ မဲဆန္ဒ ၁%ပဲရရှိခဲ့ပြီး ဝက်ဖို့ဒ်နဲ့တန်းတက် ရှက်ဖီးယူနိုက်တက်တို့က ၂%စီ အသီးသီးရရှိခဲ့ပါတယ်။ ဒါပေမယ့် ၅၅%သော ပရိသတ်တွေကတော့ သူတို့အနေနဲ့ ပြိုင်ဘက်ပရိသတ်တွေနဲ့အတူအိပ်ချင်တယ်လို့ မဲပေးခဲ့ကြပါတယ်။
၁ – လီဗာပူး (၂၆%)
၂ – ချဲလ်ဆီး (၂၀%)
၃ – ယူနိုက်တက် (၁၈%)
၄ – အာဆင်နယ် (၁၇%)
၅ – ဘန်လေ (၁၀%)
၆ – စပါး (၉%)
၇ – ဘရိုက်တန် (၈%)
၈ – စီးတီး (၈%)
၉ – ဗီလာ (၇%)
၁၀ – နယူးကာဆယ် (၇%)
၁၁ – ပဲလေ့စ် (၆%)
၁၂ – အဲဗာတန် (၆%)
၁၃ – ဘုန်းမောက် (၅%)
၁၄ – လက်စတာ (၄%)
၁၅ – နောဝစ်ချ် (၃%)
၁၆ – ဝက်စ်ဟမ်း (၃%)
၁၇ – ဝုဗ် (၃%)
၁၈ – ဝက်ဖို့ဒ် (၂%)
၁၉ – ရှက်ဖီးယူနိုက်တက် (၂%)
၂၀ – ဆောက်သမ်တန် (၁%)