ပရီးမီးယားလိဂ္ရဲ႕အသက္အငယ္ဆုံးကစားသမားကို ေခၚယူလိုက္တဲ့လီဗာပူး

လီဗာပူးအသင္းဟာ ဖူလ္ဟမ္လူငယ္ကစားသမားဟာေဗးအိလိေယာ့ကို ေခၚယူလုိက္ပါတယ္။ ၁၆ ႏွစ္သာရွိေသးတဲ့အိလိေယာ့ဟာ ၿပီးခဲ့ေမလက ကစားခဲ့တဲ့ ဖူလ္ဟမ္ရဲ႕၀ုဗ္နဲ႔ပြဲစဥ္မွာ လူစား၀င္လာၿပီးတဲ့ေနာက္ ၁၆ ႏွစ္ ရက္ ၃၀ နဲ႔ ပရီးမီးယားလိဂ္သမိုင္းတစ္ေလွ်ာက္အသက္အငယ္ဆုံးကစားသမားျဖစ္လာခဲ့ပါတယ္။ အခုေတာ့ သူဟာ ရာသီသစ္မတိုင္ခင္မွာ အသင္းႀကီးတစ္သင္းျဖစ္တဲ့ လီဗာပူးကို ေရာက္လာခဲ့ပါၿပီ။

photo-elliot instagram

လီဗာပူးအတြက္ေတာ့ ဒီေႏြရာသီအေျပာင္းအေရႊ႕မွာ ဒုတိယေျမာက္ကစားသမားေခၚယူမႈျဖစ္လာခဲ့တာပါ။ လီဗာပူးရဲ႕ပထမေခၚယူမႈကေတာ့ ဗန္ဒစ္ဂ်္လက္သစ္ရယ္လို႔ နာမည္ႀကီးခဲ့တဲ့ ၁၇ ႏွစ္အရြယ္ နယ္သာလန္ဗဟိုေနာက္ခံကစားသမားေလးဗန္ဒန္ဘက္ျဖစ္ပါတယ္။ အခုေရာက္လာတဲ့ အိလိေယာ့ကေတာ့ ဒီေန႔ညကစားမယ့္ နာပိုလီနဲ႔ေျခစမ္းပြဲလူစာရင္းမွာ ပါ၀င္လာႏုိင္ပါတယ္။ ဒါ့အျပင္ အိလိေယာ့ဟာ လာမယ့္အပတ္ ျပင္သစ္မွာ သြားေရာက္စခန္းသြင္းေလ့က်င့္မယ့္ လီဗာပူးပထမအသင္းနဲ႔လည္း လိုက္ပါသြားမွာ ျဖစ္ပါတယ္။

photo-BPI/REX

အိလိေယာ့ဟာ ခ်န္ပီယရွစ္ကိုဆင္းသြားတဲ့ ဖူလ္ဟမ္မွာဆက္ေနဖို႔ကို ပယ္ခ်ခဲ့ၿပီး လီဗာပူးကိုေျပာင္းလာခဲ့တာပါ။ ဒါေၾကာင့္ လီဗာပူးဟာ အိလိေယာ့အတြက္ ေလ်ာ္ေၾကးႀကီးႀကီးမားမားေပးရဖို႔ရွိပါတယ္။ သူဟာ ရီးရဲလ္၊ပီအက္စ္ဂ်ီနဲ႔လစ္ဇစ္တို႔လိုအသင္းေတြရဲ႕စိတ္၀င္စားျခငး္ခံခဲ့ရေပမယ့္လည္း လီဗာပူးကိုသာ ေရြးခ်ယ္ခဲ့တာပါ။

[Unicode]

လီဗာပူးအသင်းဟာ ဖူလ်ဟမ်လူငယ်ကစားသမားဟာဗေးအိလိယော့ကို ခေါ်ယူလိုက်ပါတယ်။ ၁၆ နှစ်သာရှိသေးတဲ့အိလိယော့ဟာ ပြီးခဲ့မေလက ကစားခဲ့တဲ့ ဖူလ်ဟမ်ရဲ့ဝုဗ်နဲ့ပွဲစဉ်မှာ လူစားဝင်လာပြီးတဲ့နောက် ၁၆ နှစ် ရက် ၃၀ နဲ့ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက်အသက်အငယ်ဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။ အခုတော့ သူဟာ ရာသီသစ်မတိုင်ခင်မှာ အသင်းကြီးတစ်သင်းဖြစ်တဲ့ လီဗာပူးကို ရောက်လာခဲ့ပါပြီ။

လီဗာပူးအတွက်တော့ ဒီနွေရာသီအပြောင်းအရွှေ့မှာ ဒုတိယမြောက်ကစားသမားခေါ်ယူမှုဖြစ်လာခဲ့တာပါ။ လီဗာပူးရဲ့ပထမခေါ်ယူမှုကတော့ ဗန်ဒစ်ဂျ်လက်သစ်ရယ်လို့ နာမည်ကြီးခဲ့တဲ့ ၁၇ နှစ်အရွယ် နယ်သာလန်ဗဟိုနောက်ခံကစားသမားလေးဗန်ဒန်ဘက်ဖြစ်ပါတယ်။ အခုရောက်လာတဲ့ အိလိယော့ကတော့ ဒီနေ့ညကစားမယ့် နာပိုလီနဲ့ခြေစမ်းပွဲလူစာရင်းမှာ ပါဝင်လာနိုင်ပါတယ်။ ဒါ့အပြင် အိလိယော့ဟာ လာမယ့်အပတ် ပြင်သစ်မှာ သွားရောက်စခန်းသွင်းလေ့ကျင့်မယ့် လီဗာပူးပထမအသင်းနဲ့လည်း လိုက်ပါသွားမှာ ဖြစ်ပါတယ်။

အိလိယော့ဟာ ချန်ပီယရှစ်ကိုဆင်းသွားတဲ့ ဖူလ်ဟမ်မှာဆက်နေဖို့ကို ပယ်ချခဲ့ပြီး လီဗာပူးကိုပြောင်းလာခဲ့တာပါ။ ဒါကြောင့် လီဗာပူးဟာ အိလိယော့အတွက် လျော်ကြေးကြီးကြီးမားမားပေးရဖို့ရှိပါတယ်။ သူဟာ ရီးရဲလ်၊ပီအက်စ်ဂျီနဲ့လစ်ဇစ်တို့လိုအသင်းတွေရဲ့စိတ်ဝင်စားခြင်းခံခဲ့ရပေမယ့်လည်း လီဗာပူးကိုသာ ရွေးချယ်ခဲ့တာပါ။