ပရီးမီးယားလိဂ္ကို ျပန္မလာဖို႔ ဆန္ခ်ိဳအား ၀ိန္းရြန္းနီတုိက္တြန္း

မန္ယူနဲ႔ အဂၤလန္ကစားသမားေဟာင္း ၀ိန္းရြန္းနီက အဂၤလန္လူငယ္ေျခတက္ေလးျဖစ္တဲ့ ဆန္ခ်ိဳအေနနဲ႔ ပရီးမီးယားလိဂ္ကို ျပန္မလာဘဲ ေဒါ့မြန္အသင္းမွာပဲ ဆက္ကစားဖုိ႔ တိုက္တြန္းေျပာဆုိလိုက္ပါတယ္။

အသက္ 19 ႏွစ္အရြယ္သာရိွေသးတဲ့ဆန္ခ်ိဳဟာ ၿပီးခဲ့တဲ့ ရာသီက ေဒါ့မြန္အသင္းမွာ အထူးေျခစြမ္းျပကစားႏုိင္ခဲ့သူျဖစ္ၿပီး ၿပိဳင္ပြဲစံုမွာ 13 ဂိုးသြင္းယူကာ 19 ဂိုးဖန္တီးေပးႏုိင္ခဲ့တာေၾကာင့္ သူ႔ကို မန္ယူအသင္းအပါအ၀င္ ပရီးမီးယားလိဂ္အသင္းေတြက ေခၚယူဖို႔ စိတ္၀င္စားေနၾကတာျဖစ္ပါတယ္။

ဒါေပမယ့္ မန္ယူအသင္းရဲ႕ ဂိုးသြင္းအမ်ားဆံုးကစားသမားအျဖစ္ စံခ်ိန္တင္ထားတဲ့ အသင္းေခါင္းေဆာင္ေဟာင္း ရြန္နီကေတာ့ ဆန္ခ်ိဳအေနနဲ႔ ေဒါ့မြန္အသင္းမွာပဲ ေျခစြမ္းတုိးတက္ေအာင္ ဆက္ကစားသင့္တယ္လုိ႔ တိုက္တြန္းခဲ့တာျဖစ္ပါတယ္။

“ ေဒါ့မြန္အသင္းက ပရိသတ္အခိုင္အမာရိွထားတဲ့ အသင္းေကာင္းတစ္သင္းျဖစ္ပါတယ္။ သူတုိ႔က လူငယ္ေတြအေပၚလည္း ယံုၾကည္မႈအျပည့္ရွိလို႔ ဆနခ်ိဳလို လူငယ္ေတြ ေျခစြမ္းျပခြင့္ရၾကပါတယ္။ အခုအခ်ိန္မွာ ဆန္ခ်ိဳအေနနဲ႔ ကိုယ့္ကိုကိုယ္ေမးခြန္းထုတ္ရမွာက ေဒါ့မြန္အသင္းမွာပဲ ပံုမွန္ကစားမလား၊ ဒါမွမဟုတ္ ပရီးမီးယားလိဂ္ကို ျပန္လာၿပီး အရန္ခံုမွာထုိင္မလားဆိုတာပါပဲ။ ဆန္ခ်ိဳလို လူငယ္ကစားသမားေတြ အတြက္က အခ်ိန္မ်ားမ်ားကစားခြင့္ရဖုိ႔က အရမ္းအေရးႀကီးပါတယ္” လို႔ ရြန္းနီက အႀကံျပဳေျပာသြားခဲ့တာျဖစ္ပါတယ္။

လက္ရွိမွာ မန္ယူနည္းျပဆုိးလ္ရွားဟာ သူ႔အသင္းကို လူငယ္ေတြနဲ႔ ေသြးသစ္ေလာင္းဖုိ႔ ျပင္ဆင္ေနၿပီး ဘစ္ဆာကာ၊ ဂ်ိမ္းစ္ဒန္နီရယ္စတဲ့ ကစာသမားေတြကိုလည္း ေခၚယူထားတာေၾကာင့္ ဆန္ခ်ိဳကိုလည္း ေခၚယူအားျဖည့္ႏုိင္ဖုိ႔ စီစဥ္ေနတာျဖစ္ပါတယ္။

၀က္ဖုိ႔ဒ္ အကယ္ဒမီထြက္ ဆန္ခ်ိဳဟာ ေဒါ့မြန္အသင္းကို မေျပာင္းေရႊ႕ခင္ မန္စီးတီးလူငယ္အသင္းမွာ ကစားခဲ့သူျဖစ္ပါတယ္။

[Unicode]

ပရီးမီးယားလိဂ်ကို ပြန်မလာဖို့ ဆန်ချိုအား ဝိန်းရွန်းနီတိုက်တွန်း
============================

မန်ယူနဲ့ အင်္ဂလန်ကစားသမားဟောင်း ဝိန်းရွန်းနီက အင်္ဂလန်လူငယ်ခြေတက်လေးဖြစ်တဲ့ ဆန်ချိုအနေနဲ့ ပရီးမီးယားလိဂ်ကို ပြန်မလာဘဲ ဒေါ့မွန်အသင်းမှာပဲ ဆက်ကစားဖို့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။

အသက် 19 နှစ်အရွယ်သာရှိသေးတဲ့ဆန်ချိုဟာ ပြီးခဲ့တဲ့ ရာသီက ဒေါ့မွန်အသင်းမှာ အထူးခြေစွမ်းပြကစားနိုင်ခဲ့သူဖြစ်ပြီး ပြိုင်ပွဲစုံမှာ 13 ဂိုးသွင်းယူကာ 19 ဂိုးဖန်တီးပေးနိုင်ခဲ့တာကြောင့် သူ့ကို မန်ယူအသင်းအပါအဝင် ပရီးမီးယားလိဂ်အသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားနေကြတာဖြစ်ပါတယ်။

ဒါပေမယ့် မန်ယူအသင်းရဲ့ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် စံချိန်တင်ထားတဲ့ အသင်းခေါင်းဆောင်ဟောင်း ရွန်နီကတော့ ဆန်ချိုအနေနဲ့ ဒေါ့မွန်အသင်းမှာပဲ ခြေစွမ်းတိုးတက်အောင် ဆက်ကစားသင့်တယ်လို့ တိုက်တွန်းခဲ့တာဖြစ်ပါတယ်။

“ ဒေါ့မွန်အသင်းက ပရိသတ်အခိုင်အမာရှိထားတဲ့ အသင်းကောင်းတစ်သင်းဖြစ်ပါတယ်။ သူတို့က လူငယ်တွေအပေါ်လည်း ယုံကြည်မှုအပြည့်ရှိလို့ ဆနချိုလို လူငယ်တွေ ခြေစွမ်းပြခွင့်ရကြပါတယ်။ အခုအချိန်မှာ ဆန်ချိုအနေနဲ့ ကိုယ့်ကိုကိုယ်မေးခွန်းထုတ်ရမှာက ဒေါ့မွန်အသင်းမှာပဲ ပုံမှန်ကစားမလား၊ ဒါမှမဟုတ် ပရီးမီးယားလိဂ်ကို ပြန်လာပြီး အရန်ခုံမှာထိုင်မလားဆိုတာပါပဲ။ ဆန်ချိုလို လူငယ်ကစားသမားတွေ အတွက်က အချိန်များများကစားခွင့်ရဖို့က အရမ်းအရေးကြီးပါတယ်” လို့ ရွန်းနီက အကြံပြုပြောသွားခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ မန်ယူနည်းပြဆိုးလ်ရှားဟာ သူ့အသင်းကို လူငယ်တွေနဲ့ သွေးသစ်လောင်းဖို့ ပြင်ဆင်နေပြီး ဘစ်ဆာကာ၊ ဂျိမ်းစ်ဒန်နီရယ်စတဲ့ ကစာသမားတွေကိုလည်း ခေါ်ယူထားတာကြောင့် ဆန်ချိုကိုလည်း ခေါ်ယူအားဖြည့်နိုင်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။

ဝက်ဖို့ဒ် အကယ်ဒမီထွက် ဆန်ချိုဟာ ဒေါ့မွန်အသင်းကို မပြောင်းရွှေ့ခင် မန်စီးတီးလူငယ်အသင်းမှာ ကစားခဲ့သူဖြစ်ပါတယ်။