Covid-19 ကာလအလွန် ပရီးမီးယားလိဂ်မှာ မြင်တွေ့ရမယ့် အထူးအဆန်းများ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

Covid 19 ကပ်ရောဂါဆိုးကြောင့် ရပ်နားထားခဲ့ရတဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ယနေ့ညမှာ ပြန်လည် စတင်တော့မှာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ပြိုင်ပွဲဟာ ကမ္ဘာပေါ်မှာ ပရိသတ်စိတ်ဝင်စားမှု အမြင့်မား ဆုံးလိဂ်၊ အအောင်မြင်ဆုံးလိဂ်တစ်ခုဖြစ်ပေမယ့် ကပ်ရောဂါဆိုးကြောင့် ပြောင်းလဲသွားတဲ့ ပုံစံသစ်မှာ ပရီးမီးယားလိဂ်ပြိုင်ပွဲဟာ ဘယ်လိုပုံစံ ပြောင်းလဲသွားမလဲဆိုတာ စိတ်ဝင်စားစရာကောင်းတဲ့ အချက် ဖြစ်ပါတယ်။


ယနေ့ကမ္ဘာမှာ လူပြောများနေတဲ့ New Normal ဟာ ပရီးမီးယားလိဂ်ကို ဘယ်လောက်အထိ သက်ရောက်မှုရှိလာမလဲဆိုတာကို အောက်ပါ အချက်တွေကြည့်ပြီး ကြိုတင်တွေး ဆထားလို့ ရမှာဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ကြီးကြီးမားမားပြောင်းလဲသွားမယ့်အချက်က လက်ကျန်ပွဲစဉ် ၉၂ ပွဲစလုံးကို ပရိသတ်မပါဘဲ တံခါးပိတ်ကစားစေမှာဖြစ်ပါတယ်။

ပရိသတ်မပါဘူးဆိုပေမယ့် တချို့အသင်းတွေက ကွင်းထဲမှာ ဖန်သားပြင်ကြီးတွေဖန်တီးပြီး ပရိသတ်တွေ တိုက်ရိုက် Live ကြည့်ပြီး အားပေးနိုင်အောင် စီစဉ်ပေးထားမှာပါ။ ကွင်းထဲကို အသင်းဝန်ထမ်း၊ ရုပ်သံရိုက်ကူးသူတွေအပါအဝင် စုစုပေါင်း လူ ၃၀၀ ထက်ပိုပြီး ဝင်ခွင့်ပြုမှာမဟုတ်ပါဘူး။

ကွင်းထဲမှာ အရောင် ၃ မျိုးနဲ့ နေရာ ၃ ပိုင်းခွဲခြားထားပါတယ်။ အနီရောင်၊ ပယင်းရောင်နဲ့ အစိမ်းရောင်ဆိုပြီး ပိုင်းခြားထားတာပါ။ အနီရောင်မှာ ကွင်းတစ်ကွင်းလုံးနဲ့ နည်းပြတွေ နည်းစနစ် ညွှန်ကြားတဲ့ နေရာတွေပါဝင်မှာပါ။ ပယင်းရောင် ဧရိယာမှာတော့ ရပ်ကြည့်ရမယ့်နေရာဖြစ်ပြီး အစိမ်းရောင်နေရာတွေကတော့ ဝင်ပေါက်ထွက်ပေါက်တွေဖြစ်ပါတယ်။

အသင်းတွေဟာ ဖီဖာရဲ့ခွင့်ပြုချက်အရ ကပ်ရောဂါကာလအတွင်း ကစားသမား ၅ ဦးအထိ လူစားလဲခွင့်ရကြမှာပါ။ အရန်ကစားသမားစာရင်းကလည်း ယခင်က ၇ ဦးသာထားခွင့်ရှိပေမယ့် အခုတော့ ၉ ဦးအထိ ခွင့်ပြုထားပါတယ်။

ကစားသမားတွေဟာ ကွင်းထဲမှာ ကွင်းလယ်ဒိုင်ကို စုပြုံစောဒကတက်ခွင့်မရှိတော့ဘဲ ခပ်လှမ်းလှမ်းကနေသာ စကားပြောလို့ရမှာပါ။ ကွင်းထဲမှာ တံတွေးထွေးတာ၊ နှပ်ညှစ်တာတွေကို အရေးယူမှာ မဟုတ်ပေမယ့် မပြုလုပ်ဖို့ သတိပေးထားပါတယ်။

ကွင်းထဲဝင်တဲ့အခါ နည်းပြနဲ့ ကစားသမားတွေဟာ လက်ဆွဲနှုတ်ဆက်ခြင်းမပြုရပါဘူး။ အလံတိုင်၊ ဂိုးတိုင်တွေနဲ့ လူစားလဲတဲ့ LED ဘုတ်ပြားတွေကို ပိုးသတ်ဆေးနဲ့ အသေအချာ ပိုးသတ်ထားရမှာဖြစ်ပါတယ်။

ကစားသမားတွေ ကိုယ့်ရေဗူးကိုယ်သာ အသုံးပြုရမှာပါ။

ပရိသတ်တွေ ကွင်းပြင်ပမှာ လာရောက်စုရုံးလို့မရပါ။ ရဲတပ်ဖွဲ့ကို လူစုလူဝေးဖြိုခွင်းဖို့ ပါဝါအပြည့်ပေးထားပြီး လူစုခွဲဖို့ ခက်ခဲလာရင် လက်ကျန်ပွဲတွေအားလုံးကို ကြားကွင်းမှာပဲ ကစားစေမယ်လို့ ဗြိတိန်အားကစားဝန်ကြီး ဟက်ဒယ်ဆန်က သတိပေးထားပါတယ်။

ကွင်းထဲမှာ ဘောကောက်မထားတော့ပါ။ ဘောလုံးတွေကို ကွင်းဘေးပတ်ပတ်လည်မှာ အသင့်ယူရုံ စီတန်းချထားပေးထားမှာဖြစ်ပါတယ်။

ပွဲအပြီး မီဒီယာ အင်တာဗျူးကို ကွင်းဘေးမှာသာ ပြုလုပ်ရမှာပါ။ သတင်းစာရှင်းလင်းပွဲကိုတော့ သီးသန့်ခန်းထဲကနေ ရုပ်သံနဲ့သာ ပြုလုပ်ရမှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

zawgyi

Covid-19 ကာလအလြန္ ပရီးမီးယားလိဂ္မွာ ျမင္ေတြ႕ရမယ့္ အထူးအဆန္းမ်ား
—————————
Covid 19 ကပ္ေရာဂါဆိုးေၾကာင့္ ရပ္နားထားခဲ့ရတဲ့ ပရီးမီးယားလိဂ္ၿပိဳင္ပြဲကို ယေန႔ညမွာ ျပန္လည္ စတင္ေတာ့မွာျဖစ္ပါတယ္။ ပရီးမီးယားလိဂ္ၿပိဳင္ပြဲဟာ ကမာၻေပၚမွာ ပရိသတ္စိတ္ဝင္စားမႈ အျမင့္မား ဆုံးလိဂ္၊ အေအာင္ျမင္ဆုံးလိဂ္တစ္ခုျဖစ္ေပမယ့္ ကပ္ေရာဂါဆိုးေၾကာင့္ ေျပာင္းလဲသြားတဲ့ ပုံစံသစ္မွာ ပရီးမီးယားလိဂ္ၿပိဳင္ပြဲဟာ ဘယ္လိုပုံစံ ေျပာင္းလဲသြားမလဲဆိုတာ စိတ္ဝင္စားစရာေကာင္းတဲ့ အခ်က္ ျဖစ္ပါတယ္။
ယေန႔ကမာၻမွာ လူေျပာမ်ားေနတဲ့ New Normal ဟာ ပရီးမီးယားလိဂ္ကို ဘယ္ေလာက္အထိ သက္ေရာက္မႈရွိလာမလဲဆိုတာကို ေအာက္ပါ အခ်က္ေတြၾကည့္ၿပီး ႀကိဳတင္ေတြး ဆထားလို႔ ရမွာျဖစ္ပါတယ္။
ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ ႀကီးႀကီးမားမားေျပာင္းလဲသြားမယ့္အခ်က္က လက္က်န္ပြဲစဥ္ ၉၂ ပြဲစလုံးကို ပရိသတ္မပါဘဲ တံခါးပိတ္ကစားေစမွာျဖစ္ပါတယ္။ ပရိသတ္မပါဘူးဆိုေပမယ့္ တခ်ိဳ႕အသင္းေတြက ကြင္းထဲမွာ ဖန္သားျပင္ႀကီးေတြဖန္တီးၿပီး ပရိသတ္ေတြ တိုက္႐ိုက္ Live ၾကည့္ၿပီး အားေပးႏိုင္ေအာင္ စီစဥ္ေပးထားမွာပါ။ ကြင္းထဲကို အသင္းဝန္ထမ္း၊ ႐ုပ္သံ႐ိုက္ကူးသူေတြအပါအဝင္ စုစုေပါင္း လူ ၃၀၀ ထက္ပိုၿပီး ဝင္ခြင့္ျပဳမွာမဟုတ္ပါဘူး။

ကြင္းထဲမွာ အေရာင္ ၃ မ်ိဳးနဲ႔ ေနရာ ၃ ပိုင္းခြဲျခားထားပါတယ္။ အနီေရာင္၊ ပယင္းေရာင္နဲ႔ အစိမ္းေရာင္ဆိုၿပီး ပိုင္းျခားထားတာပါ။ အနီေရာင္မွာ ကြင္းတစ္ကြင္းလုံးနဲ႔ နည္းျပေတြ နည္းစနစ္ ၫႊန္ၾကားတဲ့ ေနရာေတြပါဝင္မွာပါ။ ပယင္းေရာင္ ဧရိယာမွာေတာ့ ရပ္ၾကည့္ရမယ့္ေနရာျဖစ္ၿပီး အစိမ္းေရာင္ေနရာေတြကေတာ့ ဝင္ေပါက္ထြက္ေပါက္ေတြျဖစ္ပါတယ္။

အသင္းေတြဟာ ဖီဖာရဲ႕ခြင့္ျပဳခ်က္အရ ကပ္ေရာဂါကာလအတြင္း ကစားသမား ၅ ဦးအထိ လူစားလဲခြင့္ရၾကမွာပါ။ အရန္ကစားသမားစာရင္းကလည္း ယခင္က ၇ ဦးသာထားခြင့္ရွိေပမယ့္ အခုေတာ့ ၉ ဦးအထိ ခြင့္ျပဳထားပါတယ္။

ကစားသမားေတြဟာ ကြင္းထဲမွာ ကြင္းလယ္ဒိုင္ကို စုၿပဳံေစာဒကတက္ခြင့္မရွိေတာ့ဘဲ ခပ္လွမ္းလွမ္းကေနသာ စကားေျပာလို႔ရမွာပါ။ ကြင္းထဲမွာ တံေတြးေထြးတာ၊ ႏွပ္ညႇစ္တာေတြကို အေရးယူမွာ မဟုတ္ေပမယ့္ မျပဳလုပ္ဖို႔ သတိေပးထားပါတယ္။

ကြင္းထဲဝင္တဲ့အခါ နည္းျပနဲ႔ ကစားသမားေတြဟာ လက္ဆြဲႏႈတ္ဆက္ျခင္းမျပဳရပါဘူး။ အလံတိုင္၊ ဂိုးတိုင္ေတြနဲ႔ လူစားလဲတဲ့ LED ဘုတ္ျပားေတြကို ပိုးသတ္ေဆးနဲ႔ အေသအခ်ာ ပိုးသတ္ထားရမွာျဖစ္ပါတယ္။

ကစားသမားေတြ ကိုယ့္ေရဗူးကိုယ္သာ အသုံးျပဳရမွာပါ။

ပရိသတ္ေတြ ကြင္းျပင္ပမွာ လာေရာက္စု႐ုံးလို႔မရပါ။ ရဲတပ္ဖြဲ႕ကို လူစုလူေဝးၿဖိဳခြင္းဖို႔ ပါဝါအျပည့္ေပးထားၿပီး လူစုခြဲဖို႔ ခက္ခဲလာရင္ လက္က်န္ပြဲေတြအားလုံးကို ၾကားကြင္းမွာပဲ ကစားေစမယ္လို႔ ၿဗိတိန္အားကစားဝန္ႀကီး ဟက္ဒယ္ဆန္က သတိေပးထားပါတယ္။

ကြင္းထဲမွာ ေဘာေကာက္မထားေတာ့ပါ။ ေဘာလုံးေတြကို ကြင္းေဘးပတ္ပတ္လည္မွာ အသင့္ယူ႐ုံ စီတန္းခ်ထားေပးထားမွာျဖစ္ပါတယ္။

ပြဲအၿပီး မီဒီယာ အင္တာဗ်ဴးကို ကြင္းေဘးမွာသာ ျပဳလုပ္ရမွာပါ။ သတင္းစာရွင္းလင္းပြဲကိုေတာ့ သီးသန႔္ခန္းထဲကေန ႐ုပ္သံနဲ႔သာ ျပဳလုပ္ရမွာျဖစ္ပါတယ္။