

မန်စီးတီးက အက်စ်တွန်ဗီလာကို ၆-၁ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ တိုက်စစ်မှူ း အဂူရိုဟာ ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းမှာ ဟက်ထရစ်အကြိမ်ရေအများဆုံးရသူအဖြစ် ၁၂ ကြိမ်နဲ့ စံချိန်သစ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။မန်စီးတီးက အဝေးကွင်းကစားခဲ့တဲ့ ဒီပွဲမှာ မာရက်ဇ်က ၂ ဂိုးနဲ့ ဂျီးဆပ်က ၁ ဂိုးသွင်းယူခဲ့ပါသေးတယ်။
အာဂျင်တီးနားတိုက်စစ်မှူ းဖြစ်တဲ့ အဂူရိုဟာ အင်္ဂလန်လက်ရွေးစင်ဟောင်းဖြစ်တဲ့ အလန်ရှီးယားရဲ့ ဟက်ထရစ် ၁၁ ကြိမ်ရရှိခဲ့မှုကို ကျော်ဖြတ်နိုင်ခဲ့ခြင်းလည်းဖြစ်ပါတယ်။ ၂၀၁၁ ကအက်သလက်တီကိုကနေပြောင်းလာတဲ့ အဂူရိုဟာ မန်စီးတီးမှာ မန်ချီနီ၊ ပယ်လီဂရီနီနဲ့ ဂွာဒီယိုလာ ဆိုတဲ့ ၃ ဦးနဲ့တွေ့ခဲ့ရပြီး အသင်းရဲ့သမိုင်းမှာဂိုးသွင်းအများဆုံးသူလည်းဖြစ်ခဲ့ပါတယ်။

သူဟာ ၂၀၁၇ ကတည်းကမန်စီးတီးရဲ့ဂိုးသွင်းအများဆုံးသူအဖြစ် ရပ်တည်ခဲ့တဖြစ်ပြီး လက်ရှိမှာပြိုင်ပွဲအရပ်ရပ် ၃၅၈ ပွဲကစားပြီး ၂၄၆ ဂိုးသွင်းယူထားသူဖြစ်ပါတယ်။ ဒါ့အပြင်သူဟာ အာဆင်နယ်တိုက်စစ်မှူ းဟောင်း ဟင်နရီကိုကျော်ဖြတ်ပြီး ပရီးမီးယားလိဂ်သမိုင်းမှာ ဂိုးသွင်းအများဆုံးပြည်ပကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

ဟင်နရီဟာ ၁၇၅ ဂိုးသွင်းယူခဲ့တာဖြစ်ပြီး အသက် ၃၁ နှစ်ရှိပြီဖြစ်တဲ့ အဂူရိုကတော့ ပရီးမီးယားလိဂ် ၂၅၅ ပွဲမှာ ၁၇၇ ဂိုးသွင်းခဲ့တာပါ။ ဟင်နရီကတော့ ၂၅၈ ပွဲကစားပြီး ၁၇၅ ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။ သူဟာ ပရီးမီးယားလိဂ် ဂိုးအများဆုံးသွင်းယူခဲ့သူတွေထဲမှာ လမ်းပတ်နဲ့အတူ အဆင့် ၄ နေရာကိုရောက်လာခဲ့တယ်လို့လည်းသိရပါတယ်။

ဝက်စ်ဟမ်း၊ ချဲလ်ဆီးနဲ့ မန်စီတီးအသင်းတို့ရဲ့ကစားသမားဟောင်းဖြစ်သူ လမ်းပတ်ဟာ ၆၀၉ ပွဲကစားပြီးမှ ၁၇၇ ဂိုးသွင်းယူခဲ့သူဖြစ်ပြီး အဂူရိုကတော့ ၂၅၅ ပွဲနဲ့ ၁၇၇ ဂိုးသွင်းယူခဲ့သူဖြစ်ပါတယ်။ သူတို့အထက်မှာ အလန်ရှီးယားက ၄၄၁ ပွဲမှာ ၂၆၀ ဂိုး၊ ဝိန်းရူနီက ၄၉၁ ပွဲမှာ ၂၀၈ ဂိုး၊ အန်ဒီကိုးလ်က ၄၁၄ ပွဲမှာ ၁၈၇ ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။

Zawgyi
ပရီးမီးယာလိဂ္ ဟက္ထရစ္ ၁၂ ႀကိမ္နဲ႔ စံခ်ိန္သစ္တင္လိုက္တဲ႔ အဂူရို
မန္စီးတီးက အက္စ္တြန္ဗီလာကို ၆-၁ နဲ႔အႏိုင္ရခဲ့တဲ႔ပြဲမွာ တိုက္စစ္မွဴ း အဂူရိုဟာ ဟက္ထရစ္သြင္းယူႏိုင္ခဲ့ၿပီးေနာက္ ပရီးမီးယားလိဂ္ၿပိဳင္ပြဲသမိုင္းမွာ ဟက္ထရစ္အႀကိမ္ေရအမ်ားဆုံးရသူအျဖစ္ ၁၂ ႀကိမ္နဲ႔ စံခ်ိန္သစ္တင္ႏိုင္ခဲ့တယ္လို႔ သိရပါတယ္။မန္စီးတီးက အေ၀းကြင္းကစားခဲ့တဲ႔ ဒီပြဲမွာ မာရက္ဇ္က ၂ ဂိုးနဲ႔ ဂ်ီးဆပ္က ၁ ဂိုးသြင္းယူခဲ့ပါေသးတယ္။
အာဂ်င္တီးနားတိုက္စစ္မွဴ းျဖစ္တဲ႔ အဂူရိုဟာ အဂၤလန္လက္ေရြးစင္ေဟာင္းျဖစ္တဲ႔ အလန္ရွီးယားရဲ႕ ဟက္ထရစ္ ၁၁ ႀကိမ္ရရွိခဲ့မႈကို ေက်ာ္ျဖတ္ႏိုင္ခဲ့ျခင္းလည္းျဖစ္ပါတယ္။ ၂၀၁၁ ကအက္သလက္တီကိုကေနေျပာင္းလာတဲ႔ အဂူရိုဟာ မန္စီးတီးမွာ မန္ခ်ီနီ၊ ပယ္လီဂရီနီနဲ႔ ဂြာဒီယိုလာ ဆိုတဲ႔ ၃ ဦးနဲ႔ေတြ႔ခဲ့ရၿပီး အသင္းရဲ႕သမိုင္းမွာဂိုးသြင္းအမ်ားဆုံးသူလည္းျဖစ္ခဲ့ပါတယ္။
သူဟာ ၂၀၁၇ ကတည္းကမန္စီးတီးရဲ႕ဂိုးသြင္းအမ်ားဆုံးသူအျဖစ္ ရပ္တည္ခဲ့တျဖစ္ၿပီး လက္ရွိမွာၿပိဳင္ပြဲအရပ္ရပ္ ၃၅၈ ပြဲကစားၿပီး ၂၄၆ ဂိုးသြင္းယူထားသူျဖစ္ပါတယ္။ ဒါ့အျပင္သူဟာ အာဆင္နယ္တိုက္စစ္မွဴ းေဟာင္း ဟင္နရီကိုေက်ာ္ျဖတ္ၿပီး ပရီးမီးယားလိဂ္သမိုင္းမွာ ဂိုးသြင္းအမ်ားဆုံးျပည္ပကစားသမားအျဖစ္လည္း မွတ္တမ္း၀င္ခဲ့ပါတယ္။
ဟင္နရီဟာ ၁၇၅ ဂိုးသြင္းယူခဲ့တာျဖစ္ၿပီး အသက္ ၃၁ ႏွစ္ရွိၿပီျဖစ္တဲ႔ အဂူရိုကေတာ႔ ပရီးမီးယားလိဂ္ ၂၅၅ ပြဲမွာ ၁၇၇ ဂိုးသြင္းခဲ့တာပါ။ ဟင္နရီကေတာ႔ ၂၅၈ ပြဲကစားၿပီး ၁၇၅ ဂိုးသြင္းယူခဲ့တာျဖစ္ပါတယ္။ သူဟာ ပရီးမီးယားလိဂ္ ဂိုးအမ်ားဆုံးသြင္းယူခဲ့သူေတြထဲမွာ လမ္းပတ္နဲ႔အတူ အဆင့္ ၄ ေနရာကိုေရာက္လာခဲ့တယ္လို႔လည္းသိရပါတယ္။
၀က္စ္ဟမ္း၊ ခ်ဲလ္ဆီးနဲ႔ မန္စီတီးအသင္းတို႔ရဲ႕ကစားသမားေဟာင္းျဖစ္သူ လမ္းပတ္ဟာ ၆၀၉ ပြဲကစားၿပီးမွ ၁၇၇ ဂိုးသြင္းယူခဲ့သူျဖစ္ၿပီး အဂူရိုကေတာ႔ ၂၅၅ ပြဲနဲ႔ ၁၇၇ ဂိုးသြင္းယူခဲ့သူျဖစ္ပါတယ္။ သူတို႔အထက္မွာ အလန္ရွီးယားက ၄၄၁ ပြဲမွာ ၂၆၀ ဂိုး၊ ၀ိန္းရူနီက ၄၉၁ ပြဲမွာ ၂၀၈ ဂိုး၊ အန္ဒီကိုးလ္က ၄၁၄ ပြဲမွာ ၁၈၇ ဂိုးသြင္းယူခဲ့တာျဖစ္ပါတယ္။