ပရီမီးယားလိဂ်မှာ နိုင်ပွဲရလို ပျော်ရမယ့်အချိန်မှာ ဒဏ်ရာပြဿနာကြောင့် ပီအက်စ်ဂျီနဲ့ပွဲကို မန်ယူကစားသမား ၆ ဦးအထိ လွဲချော်နိုင်ဖွယ်ရှိနေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ယူအသင်းဟာ ဗုဒ္ဓဟူးနေ့ ပီအက်စ်ဂျီနဲ့ ကစားမယ့်ချန်ပီယံလိဂ်ပွဲစဉ်မှာ ကစားသမား ၆ ဦးအထိပါဝင်နိုင်ဖွယ်မရှိကြောင်း သိရပါတယ်။

မန်ယူဟာ ဆောက်သမ်တန်နဲ့အဝေးကွင်းပွဲစဉ်မှာ ၂ ဂိုးရှုံးနေပြီးမှ ၃-၂ နဲ့ပြန်အနိုင်ရခဲ့တာပါ။

ဒါပေမယ့် ဒီပွဲမှာ ဂိုးသမား ဒီဂီယာအပြင် တဲလက်စ်လည်း ဒဏ်ရာရသွားလို့ အရင်နားနေရတဲ့သူတွေနဲ့ပါပေါင်းရင် ၆ ဦးအထိလက်လွှတ်ရဖို့ရှိနေတာဖြစ်ပါတယ်။

မန်ယူမှာ လုခ်ရှော၊တွန်မီနေးနဲ့ ပေါ့ဂ်ဘာတို့ ဒဏ်ရာရနေကြတဲ့အပြင် မာရှယ်ဟာလည်း ဖျားနေလို့ ဆောက်သမ်တန်နဲ့ပွဲလူစာရင်းမှာ မပါနိုင်ခဲ့ပါဘူး။ ဒါကြောင့်လည်း စုစုပေါင်း ၆ ဦးအထိလောလောဆယ် ကစားနိုင်မှာမဟုတ်သေးလို့ မန်ယူရဲ့အောင်ပွဲဟာ ကုန်ကျမှုများပြားခဲ့ပုံရတယ်လို့ဆိုကြတာပါ။

ဒီဂီယာဟာ အဲဒီပွဲမှာ ပရိုဝက်စ်ရဲ့ ဖရီးကစ်ကို ကာကွယ်ရင်းဂိုးတိုင်နဲ့ပြင်းထန်စွာတိုက်မိခဲ့တဲ့အပြင် ဒူးဒဏ်ရာလည်းရသွားလို့ ပထမပိုင်းပြီးချိန်မှာ ဟန်ဒါဆန်နဲ့လူစားလဲခံခဲ့ရပါတယ်။

နည်းပြဆိုးလ်ရှားကတော့ ဒီဂီယာရဲ့ဒဏ်ရာဟာ အရမ်းပြင်းထန်ပုံမရပေမယ့် ဒူးခေါင်းဖြစ်နေလို့ သေချာစွာဆေးစစ်ကြည့်ရဦးမယ်လို့ ဆိုခဲ့ပါတယ်။

တဲလက်စ်ကတော့ ကြွက်သားထိခိုက်မိခဲ့လို့ ပွဲပြီးကာနီးမှာ ဘရန်ဒန်ဝီလျံနဲ့ လူစားလဲခံခဲ့ရပါတယ်။ သူ့ဒဏ်ရာကမပြင်းပေမယ့်လည်း နာနေလို့ စောင့်ကြည့်ရမယ်လို့ ဆိုးလ်ရှားကထပ်ပြောပါတယ်။

ဒါပေမယ့်လည်း ပီအက်စ်ဂျီနဲ့ပွဲမှာ ပေါ့ဂ်ဘာနဲ့ တွန်မီနေး တို့ပါဝင်ဖို့ရှိနေပြီး သူတို့နှစ်ဦးရဲ့အခြေအနေကို ဗုဒ္ဓဟူးနေ့ မနက်ပိုင်းအထိစောင့်ကြည့်ဖို့ ဆိုးလ်ရှားကအတည်ပြုပါတယ်။

ဒီဂီယာသာမပါနိုင်ရင် ဒီရာသီမှာ မန်ယူအတွက် ၃ ပွဲကစားပြီးဖြစ်တဲ့ ဟန်ဒါဆန် ကိုဘဲဆိုးလ်ရှားကအသုံးပြုမှာဖြစ်ပါတယ်။ လက်ရှိကစားသမားတွေရဲ့ဒဏ်ရာပြဿနာကို ဒီကနေ့နှောင်းပိုင်းမှာ သေချာစွာသိရမှာဖြစ်ပါတယ်။

မန်ယူဟာချန်ပီယံလိဂ်မှာ‌နောက်တစ်ဆင့်တက်ရဖို့အတွက် ၁ မှတ်သာလိုတော့ပေမယ့် ပီအက်စ်ဂျီ၊ လိုက်ပ်ဇစ် တို့နဲ့ ကစားဖို့ကျန်ရှိနေသေးတာပါ။

မန်ယူဟာ ပထအအကျော့တုန်းက အဝေးကွင်းမှာ ပီအက်စ်ဂျီကို ၂-၁ နဲ့အနိုင်ရထားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ပရီမီးယားလိဂ္မွာ ႏိုင္ပြဲရလို ေပ်ာ္ရမယ့္အခ်ိန္မွာ ဒဏ္ရာျပႆနာေၾကာင့္ ပီအက္စ္ဂ်ီနဲ႔ပြဲကို မန္ယူကစားသမား ၆ ဦးအထိ လြဲေခ်ာ္ႏိုင္ဖြယ္ရွိေန

မန္ယူအသင္းဟာ ဗုဒၶဟူးေန႔ ပီအက္စ္ဂ်ီနဲ႔ ကစားမယ့္ခ်န္ပီယံလိဂ္ပြဲစဥ္မွာ ကစားသမား ၆ ဦးအထိပါဝင္ႏိုင္ဖြယ္မရွိေၾကာင္း သိရပါတယ္။ မန္ယူဟာ ေဆာက္သမ္တန္နဲ႔အေဝးကြင္းပြဲစဥ္မွာ ၂ ဂိုးရႈံးေနၿပီးမွ ၃-၂ နဲ႔ျပန္အႏိုင္ရခဲ့တာပါ။ ဒါေပမယ့္ ဒီပြဲမွာ ဂိုးသမား ဒီဂီယာအျပင္ တဲလက္စ္လည္း ဒဏ္ရာရသြားလို႔ အရင္နားေနရတဲ့သူေတြနဲ႔ပါေပါင္းရင္ ၆ ဦးအထိလက္လႊတ္ရဖို႔ရွိေနတာျဖစ္ပါတယ္။

မန္ယူမွာ လုခ္ေရွာ၊တြန္မီေနးနဲ႔ ေပါ့ဂ္ဘာတို႔ ဒဏ္ရာရေနၾကတဲ့အျပင္ မာရွယ္ဟာလည္း ဖ်ားေနလို႔ ေဆာက္သမ္တန္နဲ႔ပြဲလူစာရင္းမွာ မပါႏိုင္ခဲ့ပါဘူး။ ဒါေၾကာင့္လည္း စုစုေပါင္း ၆ ဦးအထိေလာေလာဆယ္ ကစားႏိုင္မွာမဟုတ္ေသးလို႔ မန္ယူရဲ႕ေအာင္ပြဲဟာ ကုန္က်မႈမ်ားျပားခဲ့ပုံရတယ္လို႔ဆိုၾကတာပါ။ ဒီဂီယာဟာ အဲဒီပြဲမွာ ပ႐ိုဝက္စ္ရဲ႕ ဖရီးကစ္ကို ကာကြယ္ရင္းဂိုးတိုင္နဲ႔ျပင္းထန္စြာတိုက္မိခဲ့တဲ့အျပင္ ဒူးဒဏ္ရာလည္းရသြားလို႔ ပထမပိုင္းၿပီးခ်ိန္မွာ ဟန္ဒါဆန္နဲ႔လူစားလဲခံခဲ့ရပါတယ္။ နည္းျပဆိုးလ္ရွားကေတာ့ ဒီဂီယာရဲ႕ဒဏ္ရာဟာ အရမ္းျပင္းထန္ပုံမရေပမယ့္ ဒူးေခါင္းျဖစ္ေနလို႔ ေသခ်ာစြာေဆးစစ္ၾကည့္ရဦးမယ္လို႔ ဆိုခဲ့ပါတယ္။

တဲလက္စ္ကေတာ့ ႂကြက္သားထိခိုက္မိခဲ့လို႔ ပြဲၿပီးကာနီးမွာ ဘရန္ဒန္ဝီလ်ံနဲ႔ လူစားလဲခံခဲ့ရပါတယ္။ သူ႔ဒဏ္ရာကမျပင္းေပမယ့္လည္း နာေနလို႔ ေစာင့္ၾကည့္ရမယ္လို႔ ဆိုးလ္ရွားကထပ္ေျပာပါတယ္။ ဒါေပမယ့္လည္း ပီအက္စ္ဂ်ီနဲ႔ပြဲမွာ ေပါ့ဂ္ဘာနဲ႔ တြန္မီေနး တို႔ပါဝင္ဖို႔ရွိေနၿပီး သူတို႔ႏွစ္ဦးရဲ႕အေျခအေနကို ဗုဒၶဟူးေန႔ မနက္ပိုင္းအထိေစာင့္ၾကည့္ဖို႔ ဆိုးလ္ရွားကအတည္ျပဳပါတယ္။

ဒီဂီယာသာမပါႏိုင္ရင္ ဒီရာသီမွာ မန္ယူအတြက္ ၃ ပြဲကစားၿပီးျဖစ္တဲ့ ဟန္ဒါဆန္ ကိုဘဲဆိုးလ္ရွားကအသုံးျပဳမွာျဖစ္ပါတယ္။ လက္ရွိကစားသမားေတြရဲ႕ဒဏ္ရာျပႆနာကို ဒီကေန႔ေႏွာင္းပိုင္းမွာ ေသခ်ာစြာသိရမွာျဖစ္ပါတယ္။ မန္ယူဟာခ်န္ပီယံလိဂ္မွာ‌ေနာက္တစ္ဆင့္တက္ရဖို႔အတြက္ ၁ မွတ္သာလိုေတာ့ေပမယ့္ ပီအက္စ္ဂ်ီ၊ လိုက္ပ္ဇစ္ တို႔နဲ႔ ကစားဖို႔က်န္ရွိေနေသးတာပါ။ မန္ယူဟာ ပထအအေက်ာ့တုန္းက အေဝးကြင္းမွာ ပီအက္စ္ဂ်ီကို ၂-၁ နဲ႔အႏိုင္ရထားပါတယ္။