ပရိသတ်မရှိတဲ့အောင်ပွဲအပြီး ဘယ်သူတွေဘာပြောကြသလဲ?

M Cash 24 အကွောငျးသိလိုပါက M Cash 24 ကို နှိပျပါ။

ညက ကစားသွားခဲ့ကြတဲ့ LASK နဲ့ ယူနိုက်တက်တို့ရဲ့ ယူရိုပါလိဂ်(၁၆)သင်းအဆင့် ပထမအကျော့ပွဲစဉ်မှာ ယူနိုက်တက်က (၅)ဂိုးပြတ်နဲ့ အနိုင်ယူပြီးတော့နောက်တစ်ဆင့်ကိုတက်ရောက်ဖို့ အခြေအနေကောင်း တစ်ရပ်ကိုပိုင်ဆိုင်သွားခဲ့ပြီပဲဖြစ်ပါတယ်။ ဒီပွဲစဉ်မှာ ယူနိုက်တက်ရဲ့ သွင်းဂိုးတွေကိုတော့ အင်ဟာလို၊ ဂျိမ်းစ်၊ မာတာ၊ ဂရင်းဝုဒ်နဲ့ ပါရဲရားတို့က သွင်းယူပေးခဲ့တာပဲဖြစ်ပါတယ်။ အဲဒီပွဲနဲ့ပတ်သက်တဲ့ စကားသံအချို့ကိုတင်ဆက်ပေး လိုက်ပါတယ်။ မာတာ က တော့ သူ့ရဲ့ သွင်းဂိုး အတွက် ဖန်တီး ပေးခဲ့တဲ့ ယူနိုက်တက် အသင်းဖော် ဖရက်ဒ် ကို ကျေးဇူး တင် စကား ဆိုသွားခဲ့ ပါတယ် ။ မာတာ ဟာ ပထမပိုင်း မှာ ကတည်းက အခွင့် အရေး အချို့ ရခဲ့ ပေမယ့် ဂိုး အဖြစ် မပြောင်းလဲ နိုင်ခဲ့ ပါဘူး ။

photo internet

မိနစ် ၈၀ ကျော် လာချိန် မှာတော့ မာတာ ဟာ ဖရက်ဒ် ရဲ့ ဘောလုံး က တဆင့် ယူနိုက်တက် အတွက် တတိယ မြောက် ဂိုးကို သွင်းယူ နိုင်ခဲ့ ပါတယ် ။ဒီဂိုး ဟာ ယူနိုက်တက် ကို ၃ ဂိုးပြတ် ဦးဆောင် စေနိုင် ခဲ့ပြီး အိမ်ရှင် အသင်း အတွက် ပြန်လာ ဖို့ မဖြစ် နိုင်တော့ တဲ့ အခြေအနေ ကို ရောက်စေ ခဲ့ကာ ဒုတိယ အကျော့ အတွက် အခြေအနေ ကောင်းသွား စေခဲ့ ပါတယ် ။ မာတာ က တော့ ဒီဂိုး မှာ ဖရက်ဒ် ရဲ့ အရည် အသွေး က အဓိက ကျခဲ့တယ်လို့ ပြောဆိုရင်း ခြေစွမ်း တောက်လျောက် တိုးတက် နေတဲ့ အသင်းဖော် ကို ချီးကျုး စကားဆိုသွား ခဲ့ ပါတယ် ။ “ဒါက အရမ်း ကောင်းတဲ့ ပေးပို့မှု ပါပဲ ။ လူတွေ ရှုပ် နေလို့ ကျွန်တော် ပြေးထွက် သွားတာ ကို မြင်ရဖို့ မလွယ် ပါဘူး ။ ဒါပေမယ့် ဖရက်ဒ် မှာအရမ်း ထက်မြက်တဲ့ အမြင် ရှိသလို တိကျ တဲ့ ဘယ်ခြေ တစ်ချောင်းလည်း ရှိပါတယ် ။ ကျွန်တော် ဂိုးသွင်း လို့ ရနိုင်အောင် အရမ်း ပြီးပြည့်စုံ တဲ့ ဘောလုံး တစ်လုံး ကို သူ ပေးပို့ ခဲ့တာပါပဲ။ ကျွန်တော့် ဂိုး မတိုင်ခင် ကတည်းက ၂ ဂိုး အသာ ရထားတာ ပါ ။ ဒါကြောင့် ဒီ ဂိုး ဟာ ပွဲ ကို အဆုံးသတ် နိုင် ခဲ့ပြီလို့ ခံစား မိခဲ့ ပါတယ် ။ နောက် ထပ် ၂ ဂိုး ထပ် ရခဲ့ တာကတော့ အတိုင်း ထက် အလွန် ပါပဲ ။ ဒီ နိုင်ပွဲ အတွက် ကျွန်တော် တို့ ပျော်ရွှင် ရပါတယ်” လို့ ဟွမ်မာတာ က ပြောဆိုသွား ခဲ့ ပါတယ် ။ ဒန်နီယယ် ဂျိမ်းစ် ကတော့ ဂိုးပေါက် ပြန်လည် ရှာဖွေ တွေ့ရှိ နိုင်ခဲ့ပြီ ဖြစ်တဲ့ အတွက် စိတ် သက်သာရာ ရရှိ ခဲ့ကြောင်း ၊ ဒီလို ဂိုးသွင်း နိုင်ရေး အတွက် ပထမပိုင်း အပြီး မှာ နည်းပြ ဆိုးလ်ရှား က သူ့ကို အကြံဉာဏ် တွေ ပေးဆောင် ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

photo internet

” နည်းပြဆိုးလ်ရှား က ကျွန်တော့် ကို ယုံကြည် နေခဲ့တာ သိသာ ထင်ရှား လှ ပါတယ် ။ ကျွန်တော် ကိုယ်တိုင် ကလည်း လေ့ကျင့်ရေး အစီအစဉ် တိုင်းမှာ ဂိုးတွေ သွင်းယူ နိုင်ရေး အတွက် ခြေစွမ်း နဲ့ သက်သေ ပြဖို့ ကြိုးစား နေခဲ့တယ် လေ ။ ဒီလို လုပ်ဖို့ အတွက် တကယ် လိုအပ် နေတာ က ယုံကြည်မှု ရှိနေ ဖို့ ပဲလို့ ကျွန်တော် ထင် ပါတယ် ။တကယ်လို့ ခင်ဗျား ဟာ အခွင့်အရေး ရမယ် ဆိုရင် အမိအရ သာ ယူပစ် လိုက်ပါ ။ ကျွန်တော် ဟာ အရင်တုန်းက ယုံကြည်မှု တွေ နည်းပါး နေခဲ့ ရတာ မျိုးလည်း ဖြစ်ကောင်း ဖြစ်နိုင် ပါ လိမ့်မယ် ။ ကျွန်တော် ဟာ ဒီ ဘောလုံး ရာသီ မှာတော့ အစ ကောင်းခဲ့ရ ပါတယ် ။ ဒါပေမယ့် လိုချင် ခဲ့တဲ့ အဆင့်အတန်း တစ်ခု ဆီကို မရောက်ရှိ နိုင်ခဲ့ ပါဘူး ။ ဒီအတွက် ကျွန်တော့် အပေါ် အမြဲလို ယုံကြည် ပေးနေခဲ့ ကြတဲ့ ၊ လေ့ကျင့်ရေး ကွင်းမှာ နေ့စဉ် ကူညီ ပေးနေခဲ့ ကြတဲ့ နည်းပြ တွေကို အထူး ကျေးဇူးတင် ပါတယ် ။ ကျွန်တော် ဟာ ပွဲချိန် ပထမပိုင်း မှာ အခွင့်အရေး ရရှိ ခဲ့ပါ သေးတယ် ။ ဒါပေမယ့် စိတ်ပျက် ဖွယ်ရာ ဖြစ်ခဲ့ ပါတယ် ။ ဒီအတွက် နည်းပြ က ပထမပိုင်း ပြီးတဲ့ အခါမှာ အခွင့်အရေး ရမယ် ဆိုရင် အရ ယူဖို့ ၊ ယုံကြည်မှု အပြည့်နဲ့ ဂိုးပေါက် ကန်ဖို့ ကျွန်တော့် ကို မှာခဲ့ ပါတယ် ။ ဒုတိယပိုင်း မှာတော့ ကံကောင်းစွာပဲ ဂိုးဝင် သွားခဲ့ ပါတယ် ” လို့ ဂျိမ်းစ် ကပြောဆိုပါတယ်။

photo internet

ယူနိုက်တက်နည်းပြဆိုးလ်ရှားကတော့ အဖွင့်ဂိုးသွင်းယူပေးပြီး ခြေစွမ်းပြခဲ့တဲ့ အီဟာလိုအပေါ် အထူးချီးမွမ်းခဲ့တဲ့အပြင် နောက်ရာသီ အမြဲတမ်းစားသမားအဖြစ် ဆက်လက်ခေါ်ယူဖို့ အရိပ်အမြွက် ပြောသွားခဲ့ပါတယ်။ “အီဟာလိုက ဒီကိုရောက်လာပြီး တကယ့်ကောင်းမွန်စွာလုပ်ဆောင်နိုင်ခဲ့ပါတယ်။ သူ့ကိုယ်သူလည်း ကျေနပ်နေပါတယ်။ ပြီးတော့ ပိုပြီးတော့လည်းကောင်းမွန် တိုးတက်လာဦးမှာပါ။ ကျွန်တော်တို့လည်း သူ့မှာရှိတဲ့ အရည်အသွေးတွေကို မြင်တွေ့ခဲ့ရပြီးပြီလေ။ ဒီအရည်အသွေးတွေ နောက်ရာသီအထိ ဆက်ရှိနေဖို့ လိုအပ်ပါတယ်။ ဒီအသင်းမှာ သူက ဘယ်နေရာမှာ ဘယ်လိုအလုပ်မျိုးလုပ်ရမလဲဆိုတာကိုလည်း ကောင်းကောင်းသိပြီးသားပါ။ သူက ဂိုးကို ကျောပေးပြီး ကစားတဲ့နေရာမှာလည်း အလွန်ကောင်းပါတယ်။ တခြားကစားသမားတွေနဲ့လည်း ကောင်းမွန်စွာ ချိတ်ဆက်ပြီး ကစားနိုင်ပါတယ်။ သူ့မှာရှိတဲ့နောက်ထပ်အကောင်းဆုံးအရာက ပင်ကိုယ်အရည်အသွေး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

photo internet

သူ့ရဲ့ဂိုးက မသွင်းယူခင်မှာ ၃ ချက်ထိန်းသွားခဲ့ပြီး ထိချက်တိုင်းက အရည်အသွေးမြင့်ခဲ့ပါတယ်။ ပြီးတော့ သူကိုယ်တိုင် နေရာလွတ်ကိုလည်း ရှာဖွေနိုင်ပါတယ်။ သူ့ရဲ့ ကန်ချက် က တကယ့်ချိန်သားကိုက်ပါပဲ။ အဲဒီဂိုးကိုတော့ ဘယ်သူ့မှ ကာကွယ်နိုင်မှာမဟုတ်ပါဘူး။ သူ့ရဲ့ အဆုံးသတ်အတွက် ကျွန်တော်တို့ ဂုဏ်ယူရပါလိမ့်မယ်။”ဆိုပြီး နည်းပြဆိုးလ်ရှားကပြောဆိုပါတယ်။

M Cash 24 အကွောငျးသိလိုပါက M Cash 24 ကို နှိပျပါ။

(Zawgyi Version)

ပရိသတ္မရိွတဲ့ေအာင္ပြဲအၿပီး ဘယ္သူေတြဘာေျပာၾကသလဲ?

ညက ကစားသြားခ့ဲၾကတ့ဲ LASK နဲ႔ ယူနုိက္တက္တို႔ရဲ႕ ယူရိုပါလိဂ္(၁၆)သင္းအဆင့္ ပထမအေက်ာ့ပြဲစဥ္မွာ ယူနိုုက္တက္က (၅)ဂိုးျပတ္နဲ႔ အနိုင္ယူျပီးေတာ့ေနာက္တစ္ဆင့္ကိုတက္ေရာက္ဖို႔ အေျခအေနေကာင္းတစ္ရပ္ကိုပိုင္ဆိုင္သြားခ့ဲျပီပဲျဖစ္ပါတယ္။ ဒီပြဲစဥ္မွာ ယူႏုိက္တက္ရဲ႕ သြင္းဂိုးေတြကိုေတာ့ အင္ဟာလို၊ ဂ်ိမ္းစ္၊ မာတာ၊ ဂရင္း၀ုဒ္နဲ႔ ပါရဲရားတို႔က သြင္းယူေပးခ့ဲတာပဲျဖစ္ပါတယ္။ အဲဒီပြဲနဲ႔ပတ္သက္တဲ့ စကားသံအခ်ဳိ႕ကိုတင္ဆက္ေပးလိုက္ပါတယ္။ မာတာ က ေတာ့ သူ႔ရဲ႕ သြင္းဂိုး အတြက္ ဖန္တီး ေပးခဲ့တဲ့ ယူႏိုက္တက္ အသင္းေဖာ္ ဖရက္ဒ္ ကို ေက်းဇူး တင္ စကား ဆိုသြားခဲ့ ပါတယ္ ။ မာတာ ဟာ ပထမပိုင္း မွာ ကတည္းက အခြင့္ အေရး အခ်ိဳ႕ ရခဲ့ ေပမယ့္ ဂိုး အျဖစ္ မေျပာင္းလဲ ႏိုင္ခဲ့ ပါဘူး ။ မိနစ္ ၈၀ ေက်ာ္ လာခ်ိန္ မွာေတာ့ မာတာ ဟာ ဖရက္ဒ္ ရဲ႕ ေဘာလုံး က တဆင့္ ယူႏိုက္တက္ အတြက္ တတိယ ေျမာက္ ဂိုးကို သြင္းယူ ႏိုင္ခဲ့ ပါတယ္ ။ဒီဂိုး ဟာ ယူႏိုက္တက္ ကို ၃ ဂိုးျပတ္ ဦးေဆာင္ ေစႏိုင္ ခဲ့ၿပီး အိမ္ရွင္ အသင္း အတြက္ ျပန္လာ ဖို႔ မျဖစ္ ႏိုင္ေတာ့ တဲ့ အေျခအေန ကို ေရာက္ေစ ခဲ့ကာ ဒုတိယ အေက်ာ့ အတြက္ အေျခအေန ေကာင္းသြား ေစခဲ့ ပါတယ္ ။ မာတာ က ေတာ့ ဒီဂိုး မွာ ဖရက္ဒ္ ရဲ႕ အရည္ အေသြး က အဓိက က်ခဲ့တယ္လို႔ ေျပာဆိုရင္း ေျခစြမ္း ေတာက္ေလ်ာက္ တိုးတက္ ေနတဲ့ အသင္းေဖာ္ ကို ခ်ီးက်ဳး စကားဆိုသြား ခဲ့ ပါတယ္ ။ “ဒါက အရမ္း ေကာင္းတဲ့ ေပးပို႔မႈ ပါပဲ ။ လူေတြ ရႈပ္ ေနလို႔ ကြၽန္ေတာ္ ေျပးထြက္ သြားတာ ကို ျမင္ရဖို႔ မလြယ္ ပါဘူး ။ ဒါေပမယ့္ ဖရက္ဒ္ မွာအရမ္း ထက္ျမက္တဲ့ အျမင္ ရွိသလို တိက် တဲ့ ဘယ္ေျခ တစ္ေခ်ာင္းလည္း ရွိပါတယ္ ။ ကြၽန္ေတာ္ ဂိုးသြင္း လို႔ ရႏိုင္ေအာင္ အရမ္း ၿပီးျပည့္စုံ တဲ့ ေဘာလုံး တစ္လုံး ကို သူ ေပးပို႔ ခဲ့တာပါပဲ။ ကြၽန္ေတာ့္ ဂိုး မတိုင္ခင္ ကတည္းက ၂ ဂိုး အသာ ရထားတာ ပါ ။ ဒါေၾကာင့္ ဒီ ဂိုး ဟာ ပြဲ ကို အဆုံးသတ္ ႏိုင္ ခဲ့ၿပီလို႔ ခံစား မိခဲ့ ပါတယ္ ။ ေနာက္ ထပ္ ၂ ဂိုး ထပ္ ရခဲ့ တာကေတာ့ အတိုင္း ထက္ အလြန္ ပါပဲ ။ ဒီ ႏိုင္ပြဲ အတြက္ ကြၽန္ေတာ္ တို႔ ေပ်ာ္႐ႊင္ ရပါတယ္” လို႔ ဟြမ္မာတာ က ေျပာဆိုသြား ခဲ့ ပါတယ္ ။ ဒန္နီယယ္ ဂ်ိမ္းစ္ ကေတာ့ ဂိုးေပါက္ ျပန္လည္ ရွာေဖြ ေတြ႕ရွိ ႏိုင္ခဲ့ၿပီ ျဖစ္တဲ့ အတြက္ စိတ္ သက္သာရာ ရရွိ ခဲ့ေၾကာင္း ၊ ဒီလို ဂိုးသြင္း ႏိုင္ေရး အတြက္ ပထမပိုင္း အၿပီး မွာ နည္းျပ ဆိုးလ္ရွား က သူ႔ကို အႀကံဉာဏ္ ေတြ ေပးေဆာင္ ခဲ့ေၾကာင္း ေျပာၾကားခဲ့ပါတယ္။ ” နည္းျပဆိုးလ္ရွား က ကြၽန္ေတာ့္ ကို ယုံၾကည္ ေနခဲ့တာ သိသာ ထင္ရွား လွ ပါတယ္ ။ ကြၽန္ေတာ္ ကိုယ္တိုင္ ကလည္း ေလ့က်င့္ေရး အစီအစဥ္ တိုင္းမွာ ဂိုးေတြ သြင္းယူ ႏိုင္ေရး အတြက္ ေျခစြမ္း နဲ႔ သက္ေသ ျပဖို႔ ႀကိဳးစား ေနခဲ့တယ္ ေလ ။ ဒီလို လုပ္ဖို႔ အတြက္ တကယ္ လိုအပ္ ေနတာ က ယုံၾကည္မႈ ရွိေန ဖို႔ ပဲလို႔ ကြၽန္ေတာ္ ထင္ ပါတယ္ ။တကယ္လို႔ ခင္ဗ်ား ဟာ အခြင့္အေရး ရမယ္ ဆိုရင္ အမိအရ သာ ယူပစ္ လိုက္ပါ ။ ကြၽန္ေတာ္ ဟာ အရင္တုန္းက ယုံၾကည္မႈ ေတြ နည္းပါး ေနခဲ့ ရတာ မ်ိဳးလည္း ျဖစ္ေကာင္း ျဖစ္ႏိုင္ ပါ လိမ့္မယ္ ။ ကြၽန္ေတာ္ ဟာ ဒီ ေဘာလုံး ရာသီ မွာေတာ့ အစ ေကာင္းခဲ့ရ ပါတယ္ ။ ဒါေပမယ့္ လိုခ်င္ ခဲ့တဲ့ အဆင့္အတန္း တစ္ခု ဆီကို မေရာက္ရွိ ႏိုင္ခဲ့ ပါဘူး ။ ဒီအတြက္ ကြၽန္ေတာ့္ အေပၚ အၿမဲလို ယုံၾကည္ ေပးေနခဲ့ ၾကတဲ့ ၊ ေလ့က်င့္ေရး ကြင္းမွာ ေန႔စဥ္ ကူညီ ေပးေနခဲ့ ၾကတဲ့ နည္းျပ ေတြကို အထူး ေက်းဇူးတင္ ပါတယ္ ။ ကြၽန္ေတာ္ ဟာ ပြဲခ်ိန္ ပထမပိုင္း မွာ အခြင့္အေရး ရရွိ ခဲ့ပါ ေသးတယ္ ။ ဒါေပမယ့္ စိတ္ပ်က္ ဖြယ္ရာ ျဖစ္ခဲ့ ပါတယ္ ။ ဒီအတြက္ နည္းျပ က ပထမပိုင္း ၿပီးတဲ့ အခါမွာ အခြင့္အေရး ရမယ္ ဆိုရင္ အရ ယူဖို႔ ၊ ယုံၾကည္မႈ အျပည့္နဲ႔ ဂိုးေပါက္ ကန္ဖို႔ ကြၽန္ေတာ့္ ကို မွာခဲ့ ပါတယ္ ။ ဒုတိယပိုင္း မွာေတာ့ ကံေကာင္းစြာပဲ ဂိုးဝင္ သြားခဲ့ ပါတယ္ ” လို႔ ဂ်ိမ္းစ္ ကေျပာဆုိပါတယ္။
ယူႏိုက္တက္နည္းျပဆိုးလ္ရွားကေတာ့ အဖြင့္ဂိုးသြင္းယူေပးၿပီး ေျခစြမ္းျပခဲ့တဲ့ အီဟာလိုအေပၚ အထူးခ်ီးမြမ္းခဲ့တဲ့အျပင္ ေနာက္ရာသီ အၿမဲတမ္းစားသမားအျဖစ္ ဆက္လက္ေခၚယူဖို႔ အရိပ္အႁမြက္ ေျပာသြားခဲ့ပါတယ္။ “အီဟာလိုက ဒီကိုေရာက္လာၿပီး တကယ့္ေကာင္းမြန္စြာလုပ္ေဆာင္ႏိုင္ခဲ့ပါတယ္။ သူ႔ကိုယ္သူလည္း ေက်နပ္ေနပါတယ္။ ၿပီးေတာ့ ပိုုၿပီးေတာ့လည္းေကာင္းမြန္ တိုးတက္လာဦးမွာပါ။ ကၽြန္ေတာ္တို႔လည္း သူ႔မွာရွိတဲ့ အရည္အေသြးေတြကို ျမင္ေတြ႕ခဲ့ရၿပီးၿပီေလ။ ဒီအရည္အေသြးေတြ ေနာက္ရာသီအထိ ဆက္ရွိေနဖို႔ လိုအပ္ပါတယ္။ ဒီအသင္းမွာ သူက ဘယ္ေနရာမွာ ဘယ္လိုအလုပ္မ်ိဳးလုပ္ရမလဲဆိုတာကိုလည္း ေကာင္းေကာင္းသိၿပီးသားပါ။ သူက ဂိုးကို ေက်ာေပးၿပီး ကစားတဲ့ေနရာမွာလည္း အလြန္ေကာင္းပါတယ္။ တျခားကစားသမားေတြနဲ႔လည္း ေကာင္းမြန္စြာ ခ်ိတ္ဆက္ၿပီး ကစားႏိုင္ပါတယ္။ သူ႔မွာရွိတဲ့ေနာက္ထပ္အေကာင္းဆုံးအရာက ပင္ကိုယ္အရည္အေသြး ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။ သူ႔ရဲ႕ဂိုးက မသြင္းယူခင္မွာ ၃ ခ်က္ထိန္းသြားခဲ့ၿပီး ထိခ်က္တိုင္းက အရည္အေသြးျမင့္ခဲ့ပါတယ္။ ၿပီးေတာ့ သူကိုယ္တိုင္ ေနရာလြတ္ကိုလည္း ရွာေဖြႏိုင္ပါတယ္။ သူ႔ရဲ႕ ကန္ခ်က္ က တကယ့္ခ်ိန္သားကိုက္ပါပဲ။ အဲဒီဂိုးကိုေတာ့ ဘယ္သူ႔မွ ကာကြယ္ႏိုင္မွာမဟုတ္ပါဘူး။ သူ႔ရဲ႕ အဆုံးသတ္အတြက္ ကၽြန္ေတာ္တို႔ ဂုဏ္ယူရပါလိမ့္မယ္။”ဆိုၿပီးနည္းျပဆို္းလ္ရွားကေျပာဆိုပါတယ္။