ပရိသတ်မပါဘဲ ကစားရမယ့်ပွဲတွေထဲ မန်ယူရဲ့ယူရိုပါလိဂ်ပွဲလည်း ပါသွားပြီ

photo-EA Sport

photo-gettyimages

သြစတြီးယားအစိုးရက ကိုရိုနာဗိုင်းရပ်စ်ပြသနာကို ပြင်းပြင်းထန်ထန်ကိုင်တွယ်သွားတော့မှာဖြစ်လို့ လက်စ်လင့်ဇ်နဲ့ကစားရမယ့် မန်ယူရဲ့ယူရိုပါလိဂ် ၁၆ သင်းအဆင့်ပွဲစဉ်ဟာလည်း ပရိသတ်မပါဘဲ တံခါးပိတ်ကစားရတော့မှာပါ။ မန်ယူဟာ လာမယ့်ကြာသပတေးညမှာ ယူရိုပါလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်အဖြစ် သြစတြီးယားကလပ်လက်စ်လင့်ဇ်နဲ့ အဝေးကွင်းသွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

photo-gettyimages

သြစတြီးယားက အဲဒီပွဲအတွက် မန်ယူဟာ သွားရောက်ကြမယ့်ပရိသတ်တွေကို လက်မှတ်စောင်ရေ ၉၀၀ ခန့် ရောင်းချထားတာပါ။ အခုတော့ ကွင်းထဲကို ပရိသတ်ဝင်ရောက်ခွင့်မပြုတော့တာကြောင့် လက်မှတ်ရောင်းထားတဲ့ငွေတွေကို ပြန်အမ်းတော့မှာပါ။ သြစတြီးယားကျန်မာရေးဝန်ကြီးက လာမယ့်ဧပြီလတိုင်အောင် နိုင်ငံတွင်းမှာရှိတဲ့ အားကစားပွဲတွေအားလုံးကို ရပ်ဆိုင်းတော့မယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ကြေညာလိုက်ပြီးနောက် ဒီသတင်းထွက်လာခဲ့တာ ဖြစ်ပါတယ်။

photo-gettyimages

အီတလီမှာလိုပဲ သြစတြီးယားက ဘောလုံးပွဲတွေကိုလည်း ဖျက်သိမ်းဖို့ ရှိနေပေမယ့် လက်စ်လင့်ဇ်နဲ့မန်ယူတို့ရဲ့ယူရိုပါလိဂ်ပွဲကိုတော့ ရွှေ့ဆိုင်းဖို့မရှိဘဲ ပရိသတ်မပါဘဲ ကစားစေဖို့ ခွင့်ပြုထားပါတယ်။ အဲဒီသတင်းဟာ သြစတြီးယားကိုသွားရောက်အားပေမယ့် မန်ယူပရိသတ် ၁၀၀၀ နီးပါးအတွက် ထိုးနှက်ချက်တစ်ခုဖြစ်လာခဲ့ပြီး သူတို့ဟာ ပွဲလက်မှတ်ခအပြင် ခရီးစရိတ်နဲ့ ဟိုတယ်ခတွေအတွက် ငွေကြေးအကုန်အကျခံထားလို့ ဖြစ်ပါတယ်။

[Zawgyi]

ပရိသတ္မပါဘဲ ကစားရမယ့္ပြဲေတြထဲ မန္ယူရဲ႕ယူရိုပါလိဂ္ပြဲလည္း ပါသြားၿပီ

ၾသစႀတီးယားအစိုးရက ကိုရိုနာဗုိင္းရပ္စ္ျပသနာကို ျပင္းျပင္းထန္ထန္ကိုင္တြယ္သြားေတာ့မွာျဖစ္လုိ႔ လက္စ္လင့္ဇ္နဲ႔ကစားရမယ့္ မန္ယူရဲ႕ယူရိုပါလိဂ္ ၁၆ သင္းအဆင့္ပြဲစဥ္ဟာလည္း ပရိသတ္မပါဘဲ တံခါးပိတ္ကစားရေတာ့မွာပါ။ မန္ယူဟာ လာမယ့္ၾကာသပေတးညမွာ ယူရိုပါလိဂ္ ၁၆ သင္းအဆင့္ ပထမအေက်ာ့ပြဲစဥ္အျဖစ္ ၾသစႀတီးယားကလပ္လက္စ္လင့္ဇ္နဲ႔ အေ၀းကြင္းသြားေရာက္ ယွဥ္ၿပိဳင္ရမွာ ျဖစ္ပါတယ္။

ၾသစႀတီးယားက အဲဒီပြဲအတြက္ မန္ယူဟာ သြားေရာက္ၾကမယ့္ပရိသတ္ေတြကို လက္မွတ္ေစာင္ေရ ၉၀၀ ခန္႔ ေရာင္းခ်ထားတာပါ။ အခုေတာ့ ကြင္းထဲကို ပရိသတ္၀င္ေရာက္ခြင့္မျပဳေတာ့တာေၾကာင့္ လက္မွတ္ေရာင္းထားတဲ့ေငြေတြကို ျပန္အမ္းေတာ့မွာပါ။ ၾသစႀတီးယားက်န္မာေရး၀န္ႀကီးက လာမယ့္ဧၿပီလတိုင္ေအာင္ ႏိုင္ငံတြင္းမွာရွိတဲ့ အားကစားပြဲေတြအားလုံးကို ရပ္ဆုိင္းေတာ့မယ္လို႔ သတင္းစာရွင္းလင္းပြဲမွာ ေၾကညာလိုက္ၿပီးေနာက္ ဒီသတင္းထြက္လာခဲ့တာ ျဖစ္ပါတယ္။

အီတလီမွာလုိပဲ ၾသစႀတီးယားက ေဘာလုံးပြဲေတြကိုလည္း ဖ်က္သိမ္းဖို႔ ရွိေနေပမယ့္ လက္စ္လင့္ဇ္နဲ႔မန္ယူတို႔ရဲ႕ယူရိုပါလိဂ္ပြဲကိုေတာ့ ေရႊ႕ဆိုင္းဖုိ႔မရွိဘဲ ပရိသတ္မပါဘဲ ကစားေစဖို႔ ခြင့္ျပဳထားပါတယ္။ အဲဒီသတင္းဟာ ၾသစႀတီးယားကိုသြားေရာက္အားေပမယ့္ မန္ယူပရိသတ္ ၁၀၀၀ နီးပါးအတြက္ ထုိးႏွက္ခ်က္တစ္ခုျဖစ္လာခဲ့ၿပီး သူတုိ႔ဟာ ပြဲလက္မွတ္ခအျပင္ ခရီးစရိတ္နဲ႔ ဟိုတယ္ခေတြအတြက္ ေငြေၾကးအကုန္အက်ခံထားလို႔ ျဖစ္ပါတယ္။