ပရိသတ်တွေ အံ့အားသင့်သွားအောင် ဂွါဒီယိုလာနဲ့တန်းတူ ကတုံးတုံးလိုက်တဲ့ မော်ရင်ဟို

ဟိုဆေး မော်ရင်ဟိုဟာ ယခုအချိန်မှာ ဆံပင်ပုံစံ မပြောင်းတော့ပဲ ကတုံးတုံးလိုက်ပြီဖြစ်ကာ တော့တင်ဟမ် ပရိသတ်တွေကတော့ စိတ်လှုပ်ရှားနေကြမှာ အသေအချာပါပဲ။ အင်တာဂရန်မှာ တင်ထားတဲ့ပုံအရ မော်ရင်ဟိုတစ်ယောက် ကတုံးရိတ်လိုက်ပြီဆိုတာကို မြင်တွေ့ခဲ့ရပါတယ်။

စပယ်ရှယ်ဝမ်းကြီးဟာ နာမည်ကြီး ဆံသဆရာဖြစ်တဲ့ ဟက်စ် အော်စကာထံကို သွားရောက်ကာ ကတုံးတုံးလိုက်တာ ဖြစ်ပြီး ak_tev အင်စတာဂရန်မှာ တင်ထားခဲ့တဲ့ ခေါင်းစဉ်မှာ “မော်ရင်ဟိုက ဆံပင်အကုန်လုံး ရိတ်လိုက်ဖို့တောင် အကြောက်အလန့် မရှိသူ”လို့ ရေးသားထားခဲ့ပါတယ်။ တော့တင်ဟမ်အသင်းဟာ လာမယ့်အပတ် တနင်္ဂနွေနေ့မှာ အက်စတွန်ဗီလာနဲ့ ကစားရမှာဖြစ်ပြီး စပယ်ရှယ်ဝမ်းကို ပုံစံအသစ်နဲ့ မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

မော်ရင်ဟိုဟာ ၂၀၀၆-၀၇ ရာသီအစက ဆံပင်ပုံစံ ပြောင်းလဲခဲ့ပြီး အဆိုပါ အပြုအမူက ချဲလ်ဆီးအသင်းအနေနဲ့ တိုက်ပွဲဝင်ဖို့ အသင့်ဖြစ်နေပြီ ဆိုတာကို ပြသရာရောက်တယ်လို့ သိရပါတယ်။ အဲ့ဒီနောက ချဲလ်ဆီးအသင်းဟာ ရာသီအစ ၁၁ပွဲမှာ ၉ပွဲအထိ အနိုင်ရရှိခဲ့ပါတယ်။

၂၀၁၂-၁၃ရာသီမှာတော့ မော်ရင်ဟိုက တိုက်စစ်မှူး တောရက်စ်ရဲ့ ဆံပင်ညှပ် ကိရိယာကို သုံးပြီး ကိုယ်တိုင် ဆံပင်ညှပ်ခဲ့တယ်ဆိုတာ ဝန်ခံခဲ့ပါတယ်။ မော်ရင်ဟိုက “ကျွန်တော် ကိုယ်တိုင် ဆံပင်ညှပ်ခဲ့တာပါ။ ဖာနန်ဒိုကို သူ့ရဲ့စက် ကျွန်တော့်ကို ပေးဖို့ တောင်းခဲ့ပြီး မှန်ရှေ့မှာ ကိုယ်တိုင်ညှပ်ခဲ့တာပါ။ အဲ့ဒါက ဈေးလဲသက်သာသလို အဆင်လည်း ပြေပါတယ်။ လအနည်းငယ်အတွင်း ကျွန်တော် ဆံပင် ပြန်ရှည်လာဦးမှာပါ”လို့ ပြောခဲ့ပါတယ်။

တော့တင်ဟမ် ပရိသတ်တွေကတော့ ချဲလ်ဆီးလိုပဲ မော်ရင်ဟို ဆံပင်ညှပ်ပြီးနောက် ကံကောင်းမှုတွေ ရရှိလာတော့မယ်လို့ ယုံကြည်နေကြပါတယ်။