ပရိသတ်တွေ ရူးသွပ်စေလောက်တဲ့ ဒယ်လီအယ်လီရဲ့ဘောလုံးပေးပို့မှု(ဗီဒီယိုဖိုင်ပါ)

စပါးအသင်း ကွင်းလယ်လူ ဒယ်လီအယ်လီဟာ ဝက်စ်ဟမ်းနဲ့ ပွဲစဉ်မှာ ကွင်းဘေးစည်းနားမှာ လဲကျနေတာတောင်မှ အသင်းအတွက် ဒုတိယဂိုးဖြစ်စေမယ့် ပေးပို့မှုကို ပြုလုပ်နိုင်ခဲ့လို့ ပရိသတ်တွေကို အရမ်းအံအားသင့်စေလောက်တဲ့ လုပ်ရပ်တစ်ခုဖြစ်ခဲ့ တယ်လို့ သိရပါတယ်။

ဒီပွဲမှာစပါးက အဝေးကွင်းမှာ ၃-၂ နဲ့အနိုင်ရခဲ့တာဖြစ်ပြီး ပွဲချိန်မိနစ် ၄၀ အကျော်မှာ အယ်လီဟာ ဝက်စ်ဟမ်းကွင်းဘက်အခြမ်းထိပ်နားမှာ လဲကျနေခဲ့တာပါ။ ဒါပေမယ့် ကွင်းဘေးစည်းနားမှာ လဲပြီးဘောလုံးပျက်မလိုဖြစ်ခဲ့ပေမယ့်လည်း အယ်လီဟာ ကြိုးစားပမ်းစားနဲ့ ကစားဖော် ဆွန်ဟောင်မင်ဆီ ဘောလုံးပေးပို့ခဲ့တာပါ။

ဒါကို အဲဒီတောင်ကိုရီးယားသားက လူးကပ်စ်မိုရာဂိုးသွင်းဖို့ ဖန်တီးပေးလိုက်နိုင်ပါတယ်။ ဒီဂိုးဟာ စပါးအတွက် ဒုတိယအနိုင်ဂိုးလည်း ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်လည်း နည်းပြသစ်မော်ရင်ဟိုကို သဘောကျစေခဲ့ပြီးအယ်လီရဲ့ လျင်မြန်စွာ ဆုံးဖြတ်ချက်ချနိုင်စွမ်းကို လက်ခုပ်တီးပြီး ဂုဏ်ပြုခဲ့တဲ့အထိ ဖြစ်ခဲ့ပါတယ်။

https://twitter.com/btsportfootball/status/1198228876259987456

ဒီပွဲကိုသုံးသပ်ပေးနေတဲ့ BT Sport စတူဒီယိုထဲက ပီတာခရော့ချ်နဲ့ ဂျိုးကိုးလ်တို့ကလည်း အယ်လီရဲ့အလျင်အမြန်စဉ်းစားနိုင်စွမ်းကို သဘောကျပြီးချီးကျူ းခဲ့ပါတယ်။ ခရော့ချ်က”မယုံနိုင်စရာပါဘဲ။ ဒီပေးပို့မှုဟာ အခုရာသီရဲ့အကောင်းဆုံးတောင်ဖြစ်နိုင်တာပါ။ ဒါကိုကြည့်ရင် အယ်လီဟာ သူဘောလုံးကစားရတာကို ပျော်နေတဲ့ပုံပါဘဲ ” လို့ ပြောသွားပါတယ်။

ဂျိုးကိုးလ်ကလည်း အယ်လီရဲ့ပေးပို့မှုဟာ ဘာကန့်သတ်ချက်မှမရှိတဲ့ လမ်းဘေးမှာဘောလုံးကို လွတ်လပ်စွာကစားနေတဲ့အတိုင်းဘဲလို့ ဆိုခဲ့ပါတယ်။သူ့ရဲ့ဘောလုံးပေးပို့မှုကို တွစ်တာပေါ်မှာ ဗီဒီယိုဖိုင်တင်ခဲ့ပြီးနောက် ပရိသတ်တွေက အကြီးအကျယ်သဘောကျနေကြတယ်လို့လည်း သိရပါတယ်။

Zawgyi

ပရိသတ္ေတြ ရူးသြပ္ေစေလာက္တဲ႔ ဒယ္လီအယ္လီရဲ႕ေဘာလုံးေပးပို႔မႈ(ဗီဒီယိုဖိုင္ပါ)

စပါးအသင္း ကြင္းလယ္လူ ဒယ္လီအယ္လီဟာ ၀က္စ္ဟမ္းနဲ႔ ပြဲစဥ္မွာ ကြင္းေဘးစည္းနားမွာ လဲက်ေနတာေတာင္မွ အသင္းအတြက္ ဒုတိယဂိုးျဖစ္ေစမယ္႔ ေပးပို႔မႈကို ျပဳလုပ္ႏိုင္ခဲ့လို႔ ပရိသတ္ေတြကို အရမး္အံအားသင့္ေစေလာက္တဲ႔ လုပ္ရပ္တစ္ခုျဖစ္ခဲ့ တယ္လို႔ သိရပါတယ္။

ဒီပြဲမွာစပါးက အေ၀းကြင္းမွာ ၃-၂ နဲ႔အႏိုင္ရခဲ့တာျဖစ္ၿပီး ပြဲခ်ိန္မိနစ္ ၄၀ အေက်ာ္မွာ အယ္လီဟာ ၀က္စ္ဟမ္းကြင္းဘက္အျခမ္းထိပ္နားမွာ လဲက်ေနခဲ့တာပါ။ ဒါေပမယ္႔ ကြင္းေဘးစည္းနားမွာ လဲၿပီးေဘာလုံးပ်က္မလိုျဖစ္ခဲ့ေပမယ္႔လည္း အယ္လီဟာ ႀကိဳးစားပမ္းစားနဲ႔ ကစားေဖာ္ ဆြန္ေဟာင္မင္ဆီ ေဘာလုံးေပးပို႔ခဲ့တာပါ။

ဒါကို အဲဒီေတာင္ကိုရီးယားသားက လူးကပ္စ္မိုရာဂိုးသြင္းဖို႔ ဖန္တီးေပးလိုက္ႏိုင္ပါတယ္။ ဒီဂိုးဟာ စပါးအတြက္ ဒုတိယအႏိုင္ဂိုးလည္း ျဖစ္ခဲ့ပါတယ္။ ဒါေၾကာင့္လည္း နည္းျပသစ္ေမာ္ရင္ဟိုကို သေဘာက်ေစခဲ့ၿပီးအယ္လီရဲ႕ လ်င္ျမန္စြာ ဆုံးျဖတ္ခ်က္ခ်ႏိုင္စြမ္းကို လက္ခုပ္တီးၿပီး ဂုဏ္ျပဳခဲ့တဲ႔အထိ ျဖစ္ခဲ့ပါတယ္။

ဒီပြဲကိုသုံးသပ္ေပးေနတဲ႔ BT Sport စတူဒီယိုထဲက ပီတာခေရာ႕ခ်္နဲ႔ ဂ်ဳိးကိုးလ္တို႔ကလည္း အယ္လီရဲ႕အလ်င္အျမန္စဥ္းစားႏိုင္စြမ္းကို သေဘာက်ၿပီးခ်ီးက်ဴ းခဲ့ပါတယ္။ ခေရာ႔ခ်္က”မယုံႏိုင္စရာပါဘဲ။ ဒီေပးပို႔မႈဟာ အခုရာသီရဲ႕အေကာင္းဆုံးေတာင္ျဖစ္ႏိုင္တာပါ။ ဒါကိုၾကည့္ရင္ အယ္လီဟာ သူေဘာလုံးကစားရတာကို ေပ်ာ္ေနတဲ႔ပုံပါဘဲ ” လို႔ ေျပာသြားပါတယ္။

ဂ်ဳိးကိုးလ္ကလည္း အယ္လီရဲ႕ေပးပို႔မႈဟာ ဘာကန္႔သတ္ခ်က္မွမရွိတဲ႔ လမ္းေဘးမွာေဘာလုံးကို လြတ္လပ္စြာကစားေနတဲ႔အတိုင္းဘဲလို႔ ဆိုခဲ့ပါတယ္။သူ႔ရဲ႕ေဘာလုံးေပးပို႔မႈကို တြစ္တာေပၚမွာ ဗီဒီယိုဖိုင္တင္ခဲ့ၿပီးေနာက္ ပရိသတ္ေတြက အႀကီးအက်ယ္သေဘာက်ေနၾကတယ္လို႔လည္း သိရပါတယ္။