ပရိသတ်တွေ မထင်ထားတဲ့ ကစားပေါက်မှာ ရော်နယ်ဒိုကို ဆိုးလ်ရှား ထားကစားဖွယ်ရှိ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အသက် ၃၆နှစ်အရွယ်မှာ မန်ချက်စတာယူနိုက်တက်ကို တစ်ကျော့ပြန်ရောက်လာတဲ့ ခရစ္စတီယာနိုရော်နယ်ဒိုကို အထောင်တိုက်စစ်(No-9 Role)မှာပဲ ကစားမယ်လို့ သူ့ပရိသတ်အားလုံး ယုံကြည်ထားကြသလို နည်းပြ ဆိုးလ်ရှားကိုယ်တိုင်ကလည်း ဒီလိုပဲ အတည်ပြု ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ရော်နယ်ဒို ကိုယ်တိုင်ကလည်း တောင်ပံတိုက်စစ်အစား အထောင်တိုက်စစ်မှာပဲ ပိုနေရာယူကစားခဲ့ပါတယ်။

မနှစ်က စီးရီးအေမှာ ပြိုင်ဘက်ဂိုးဧရိယာ ၆ ကိုက်စည်းထဲကနေ ဂိုးအများဆုံးသွင်းနိုင်သူအဖြစ် ရော်နယ်ဒို မှတ်တမ်းဝင်ခဲ့ပါတယ်။

ဒါ့အပြင် ခေါင်းတိုက်ဘော တွေအပါအဝင် ပြိုင်ဘက်ဂိုးဧရိယာအတွင်း သူ့ရဲ့ဂိုးကန်သွင်းချက်နှုန်းကိုကြည့်ရင်လည်း အရင်ကနဲ့ တော်တော်လေး ကွာသွားပါတယ်။

အရင်က ရော်နယ်ဒိုရဲ့ ဂိုးကန်ချက်တွေထဲမှာ ပြိုင်ဘက်ဂိုးဧရိယာထဲက ကန်တာဆိုလို့ ၈ ရာခိုင်နှုန်းလောက်ပဲရှိခဲ့ပေမယ့် မနှစ်ကတော့ ၁၁ ရာခိုင်နှုန်းအထိရှိခဲ့ပါတယ်။

ဒီလိုအချက်အလက်တွေကြောင့် မန်ချက်စတာယူနိုက်တက်မှာ အထောင်တိုက်စစ်မှူးအဖြစ်ပဲ ရော်နယ်ဒို ကစားမယ်လို့ သုံးသပ်နေကြတာဖြစ်ပါတယ်။

ဒါပေမယ့် အင်တာဗျူးတစ်ခုမှာတော့ ရော်နယ်ဒိုကိုယ်တိုင်က No-9 Roleမှာ ကစားရတာကို သိပ်ဘဝင်မကျတာမျိုး ပြောခဲ့ဖူးပါတယ်။

အထောင်တိုက်စစ်မှူးအဖြစ် ဂိုးပိုသွင်းနိုင်ပေမယ့် တောင်ပံနှစ်ဖက်ကို ထွက်ကစားရတာ ပိုနှစ်သက်တယ်လို့ ပြောခဲ့ဖူးတာကြောင့် ဆိုးလ်ရှားအနေနဲ့ ရော်နယ်ဒိုကို ဘယ်တောင်ပံမှာထားပြီး ကာဗာနီကိုပဲ အထောင်တိုက်စစ်မှူးအဖြစ် တင်ကစားရနိုင်ခြေရှိနေပါတယ်။

ရော်နယ်ဒိုဟာ ကစားသမားဘ၀ တလျှောက် အကောင်းဆုံးအချိန်တုန်းက ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဘယ်တောင်ပံတိုက်စစ်မှူးအဖြစ် ကစားခဲ့ပါတယ်။

အဲဒီတုန်းက BBCတိုက်စစ်အဖြစ် ဘေးလ်၊ ဘန်ဇီမာတို့နဲ့အတူ ကျော်ကြားခဲ့တာကြောင့် အခု မန်ယူမှာ မထင်မှတ်ဘဲ ရော်နယ်ဒိုကို ဘယ်တောင်ပံတိုက်စစ်မှူးအဖြစ် မြင်တွေ့ရရင် မဆန်းလောက်ပါဘူး။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ပရိသတ္ေတြ မထင္ထားတဲ့ ကစားေပါက္မွာ ေရာ္နယ္ဒိုကို ဆိုးလ္ရွား ထားကစားဖြယ္ရွိ

အသက္ ၃၆ႏွစ္အ႐ြယ္မွာ မန္ခ်က္စတာယူႏိုက္တက္ကို တစ္ေက်ာ့ျပန္ေရာက္လာတဲ့ ခရစၥတီယာႏိုေရာ္နယ္ဒိုကို အေထာင္တိုက္စစ္(No-9 Role)မွာပဲ ကစားမယ္လို႔ သူ႔ပရိသတ္အားလုံး ယုံၾကည္ထားၾကသလို နည္းျပ ဆိုးလ္ရွားကိုယ္တိုင္ကလည္း ဒီလိုပဲ အတည္ျပဳ ေျပာခဲ့ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္အနည္းငယ္အတြင္း ေရာ္နယ္ဒို ကိုယ္တိုင္ကလည္း ေတာင္ပံတိုက္စစ္အစား အေထာင္တိုက္စစ္မွာပဲ ပိုေနရာယူကစားခဲ့ပါတယ္။ မႏွစ္က စီးရီးေအမွာ ၿပိဳင္ဘက္ဂိုးဧရိယာ ၆ ကိုက္စည္းထဲကေန ဂိုးအမ်ားဆုံးသြင္းႏိုင္သူအျဖစ္ ေရာ္နယ္ဒို မွတ္တမ္းဝင္ခဲ့ပါတယ္။

ဒါ့အျပင္ ေခါင္းတိုက္ေဘာ ေတြအပါအဝင္ ၿပိဳင္ဘက္ဂိုးဧရိယာအတြင္း သူ႔ရဲ႕ဂိုးကန္သြင္းခ်က္ႏႈန္းကိုၾကည့္ရင္လည္း အရင္ကနဲ႔ ေတာ္ေတာ္ေလး ကြာသြားပါတယ္။ အရင္က ေရာ္နယ္ဒိုရဲ႕ ဂိုးကန္ခ်က္ေတြထဲမွာ ၿပိဳင္ဘက္ဂိုးဧရိယာထဲက ကန္တာဆိုလို႔ ၈ ရာခိုင္ႏႈန္းေလာက္ပဲရွိခဲ့ေပမယ့္ မႏွစ္ကေတာ့ ၁၁ ရာခိုင္ႏႈန္းအထိရွိခဲ့ပါတယ္။

ဒီလိုအခ်က္အလက္ေတြေၾကာင့္ မန္ခ်က္စတာယူႏိုက္တက္မွာ အေထာင္တိုက္စစ္မႉးအျဖစ္ပဲ ေရာ္နယ္ဒို ကစားမယ္လို႔ သုံးသပ္ေနၾကတာျဖစ္ပါတယ္။

ဒါေပမယ့္ အင္တာဗ်ဴးတစ္ခုမွာေတာ့ ေရာ္နယ္ဒိုကိုယ္တိုင္က No-9 Roleမွာ ကစားရတာကို သိပ္ဘဝင္မက်တာမ်ိဳး ေျပာခဲ့ဖူးပါတယ္။ အေထာင္တိုက္စစ္မႉးအျဖစ္ ဂိုးပိုသြင္းႏိုင္ေပမယ့္ ေတာင္ပံႏွစ္ဖက္ကို ထြက္ကစားရတာ ပိုႏွစ္သက္တယ္လို႔ ေျပာခဲ့ဖူးတာေၾကာင့္ ဆိုးလ္ရွားအေနနဲ႔ ေရာ္နယ္ဒိုကို ဘယ္ေတာင္ပံမွာထားၿပီး ကာဗာနီကိုပဲ အေထာင္တိုက္စစ္မႉးအျဖစ္ တင္ကစားရႏိုင္ေျခရွိေနပါတယ္။

ေရာ္နယ္ဒိုဟာ ကစားသမားဘ၀ တေလွ်ာက္ အေကာင္းဆုံးအခ်ိန္တုန္းက ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ ဘယ္ေတာင္ပံတိုက္စစ္မႉးအျဖစ္ ကစားခဲ့ပါတယ္။ အဲဒီတုန္းက BBCတိုက္စစ္အျဖစ္ ေဘးလ္၊ ဘန္ဇီမာတို႔နဲ႔အတူ ေက်ာ္ၾကားခဲ့တာေၾကာင့္ အခု မန္ယူမွာ မထင္မွတ္ဘဲ ေရာ္နယ္ဒိုကို ဘယ္ေတာင္ပံတိုက္စစ္မႉးအျဖစ္ ျမင္ေတြ႕ရရင္ မဆန္းေလာက္ပါဘူး။