ပရိသတ်တွေရဲ့ အသည်းနှလုံးကို သိမ်းပိုက်နိုင်ခဲ့တဲ့ အဝါရောင်ရေဘဝဲကြီးဆွန်မာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

စပိန်နဲ့ဆွစ်ဇာလန်တို့ကစားခဲ့တဲ့ ယူရို-၂၀၂၀ ပြိုင်ပွဲမှာ စပိန်အသင်းက ပယ်နယ်တီအဆုံးအဖြတ်နဲ့အနိုင်ယူပြီး ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်သွားပေမယ့်

အဲဒီပွဲမှာ ပရိသတ်အကြိုက်ဆုံးဖြစ်ခဲ့တာက စပိန်အသင်းရဲ့ဂိုးသွင်းခွင့်တွေကို လက်စွမ်းပြကာကွယ်နိုင်ခဲ့တဲ့ ဆွစ်ဇာလန်ဂိုးသမား ယန်းဆွန်မာပါပဲ။

အဓိက ကွင်းလယ်လူ ချာကာပွဲပယ်ပြစ်ဒဏ်ကြောင့် မပါနိုင်၊ ပွဲချိန်အတွင်းမှာ ကွင်းလယ်ဖူလာ အနီကတ်နဲ့အထုတ်ခံရလို့ သူတို့ထက် အစစသာလွန်တဲ့စပိန်အသင်းကို

(၁၀)ယောက်တည်းနဲ့ခံဆော့ပြီး ပယ်နယ်တီအထိဆွဲခေါ်သွားနိုင်တာက ဆွန်မာရဲ့စွမ်းဆောင်ရည်ကြောင့်ပဲဖြစ်ပါတယ်။

ကမ္ဘာ့ချန်ပီယံပြင်သစ်အသင်းကို ဖြုတ်ချခဲ့တုန်းက ပယ်နယ်တီအဆုံးအဖြတ်မှာ နာမည်ကျော်ကစားသမားဘာပေရဲ့ကန်ချက်ကို ပုတ်ထုတ်ကာကွယ်နိုင်ခဲ့တဲ့

ဆွန်မာဟာ အခုပွဲမှာလည်း သေချာပေါက်အခွင့်အရေးတွေကို အကောင်းဆုံးပုံစံနဲ့ ကာကွယ်နိုင်ခဲ့တယ်။

ယူရို-၂၀၂၀ ပြိုင်ပွဲမှာ ဆွစ်ဇာလန်အသင်းအတွက် (၅)ပွဲကစားပြီး ပြိုင်ပွဲတစ်လျှောက် ဂိုးပေါက်ကာကွယ်မှုအကြိမ်အများဆုံးအဖြစ် (၂၁)ကြိမ်အထိပြုလုပ်ခဲ့သလို

အဲဒီထဲက (၁၀)ကြိမ်ဟာ စပိန်နဲ့တစ်ပွဲတည်းမှာ ကာကွယ်နိုင်ခဲ့တာပါ။

စပိန်နဲ့ပွဲမှာ မိုရီနိုရဲ့အနီးကပ်ကန်ချက်၊ အိုရာဇာဘယ်လ်ရဲ့ ဘယ်ခြေနဲ့ဝေ့ဝိုက်ကန်ချက်တွေကို ပုတ်ထုတ်ကာကွယ်ခဲ့တဲ့ဆွန်မာဟာ ရေဘဝဲတစ်ကောင်လို လက်ရှစ်ဖက်တောင်ပါသလားလို့တောင် ထင်ရတဲ့အထိပါပဲ။

ပယ်နယ်တီအဆုံးအဖြတ်မှာလည်း ရိုဒရီရဲ့ကန်ချက်ကို ပုတ်ထုတ်ကာကွယ်နိုင်ခဲ့ပေမယ့် ဆွစ်ဇာလန်ကစားသမားတွေရဲ့ အားနည်းချက်ကြောင့်

စပိန်အသင်းကို အရှုံးပေးခဲ့ရပြီး အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်ဆီမီးဖိုင်နယ်တက်ခွင့် ဆုံးရှုံးခဲ့ရတာက ဆွန်မာအတွက် မထိုက်တန်ဘူးလို့ပြောရမှာပါ။

ပွဲအပြီး Man Of The Match ရခဲ့တဲ့ စပိန်ဂိုးသမားအူနိုင်းဆီမွန်က “အမှန်အတိုင်းပြောရရင် ဒီအကောင်းဆုံးကစားသမားဆုကို ဆွန်မာကိုပဲ ကျွန်တော်ပေးဖြစ်မှာပါ”လို့ ချီးကျူးစကားဆိုခဲ့ပါတယ်။

ဒါ့အပြင် Twitter မှာ ပရိသတ်တွေက ဆွန်မာရဲ့စွမ်းဆောင်ရည်ကို ချီးကျူးခဲ့ပြီး ပြိုင်ပွဲတစ်လျှောက်အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံရသင့်တယ်လို့ ရေးသားခဲ့ကြပါတယ်။

ကွာတားဖိုင်နယ်မှာ စပိန်အသင်း နိုင်ပွဲရခဲ့ပေမယ့် ဆွန်မာကတော့ ပရိသတ်တွေရဲ့အသည်းနှလုံးကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ပြောရမှာပါပဲ . . .

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ပရိသတ္ေတြရဲ႕ အသည္းႏွလုံးကို သိမ္းပိုက္ႏိုင္ခဲ့တဲ့ အဝါေရာင္ေရဘဝဲႀကီးဆြန္မာ

စပိန္နဲ႔ဆြစ္ဇာလန္တို႔ကစားခဲ့တဲ့ ယူ႐ို-၂၀၂၀ ၿပိဳင္ပြဲမွာ စပိန္အသင္းက ပယ္နယ္တီအဆုံးအျဖတ္နဲ႔အႏိုင္ယူၿပီး ဆီမီးဖိုင္နယ္အဆင့္ကို တက္ေရာက္သြားေပမယ့္

အဲဒီပြဲမွာ ပရိသတ္အႀကိဳက္ဆုံးျဖစ္ခဲ့တာက စပိန္အသင္းရဲ႕ဂိုးသြင္းခြင့္ေတြကို လက္စြမ္းျပကာကြယ္ႏိုင္ခဲ့တဲ့ ဆြစ္ဇာလန္ဂိုးသမား ယန္းဆြန္မာပါပဲ။

အဓိက ကြင္းလယ္လူ ခ်ာကာပြဲပယ္ျပစ္ဒဏ္ေၾကာင့္ မပါႏိုင္၊ ပြဲခ်ိန္အတြင္းမွာ ကြင္းလယ္ဖူလာ အနီကတ္နဲ႔အထုတ္ခံရလို႔ သူတို႔ထက္ အစစသာလြန္တဲ့စပိန္အသင္းကို (၁၀)ေယာက္တည္းနဲ႔ခံေဆာ့ၿပီး ပယ္နယ္တီအထိဆြဲေခၚသြားႏိုင္တာက ဆြန္မာရဲ႕စြမ္းေဆာင္ရည္ေၾကာင့္ပဲျဖစ္ပါတယ္။

ကမာၻ႔ခ်န္ပီယံျပင္သစ္အသင္းကို ျဖဳတ္ခ်ခဲ့တုန္းက ပယ္နယ္တီအဆုံးအျဖတ္မွာ နာမည္ေက်ာ္ကစားသမားဘာေပရဲ႕ကန္ခ်က္ကို ပုတ္ထုတ္ကာကြယ္ႏိုင္ခဲ့တဲ့ ဆြန္မာဟာ အခုပြဲမွာလည္း ေသခ်ာေပါက္အခြင့္အေရးေတြကို အေကာင္းဆုံးပုံစံနဲ႔ ကာကြယ္ႏိုင္ခဲ့တယ္။

ယူ႐ို-၂၀၂၀ ၿပိဳင္ပြဲမွာ ဆြစ္ဇာလန္အသင္းအတြက္ (၅)ပြဲကစားၿပီး ၿပိဳင္ပြဲတစ္ေလွ်ာက္ ဂိုးေပါက္ကာကြယ္မႈအႀကိမ္အမ်ားဆုံးအျဖစ္ (၂၁)ႀကိမ္အထိျပဳလုပ္ခဲ့သလို အဲဒီထဲက (၁၀)ႀကိမ္ဟာ စပိန္နဲ႔တစ္ပြဲတည္းမွာ ကာကြယ္ႏိုင္ခဲ့တာပါ။

စပိန္နဲ႔ပြဲမွာ မိုရီႏိုရဲ႕အနီးကပ္ကန္ခ်က္၊ အိုရာဇာဘယ္လ္ရဲ႕ ဘယ္ေျခနဲ႔ေဝ့ဝိုက္ကန္ခ်က္ေတြကို ပုတ္ထုတ္ကာကြယ္ခဲ့တဲ့ဆြန္မာဟာ ေရဘဝဲတစ္ေကာင္လို လက္ရွစ္ဖက္ေတာင္ပါသလားလို႔ေတာင္ ထင္ရတဲ့အထိပါပဲ။

ပယ္နယ္တီအဆုံးအျဖတ္မွာလည္း ႐ိုဒရီရဲ႕ကန္ခ်က္ကို ပုတ္ထုတ္ကာကြယ္ႏိုင္ခဲ့ေပမယ့္ ဆြစ္ဇာလန္ကစားသမားေတြရဲ႕ အားနည္းခ်က္ေၾကာင့္ စပိန္အသင္းကို အရႈံးေပးခဲ့ရၿပီး အသင္းသမိုင္းတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္ဆီမီးဖိုင္နယ္တက္ခြင့္ ဆုံးရႈံးခဲ့ရတာက ဆြန္မာအတြက္ မထိုက္တန္ဘူးလို႔ေျပာရမွာပါ။

ပြဲအၿပီး Man Of The Match ရခဲ့တဲ့ စပိန္ဂိုးသမားအူႏိုင္းဆီမြန္က “အမွန္အတိုင္းေျပာရရင္ ဒီအေကာင္းဆုံးကစားသမားဆုကို ဆြန္မာကိုပဲ ကြၽန္ေတာ္ေပးျဖစ္မွာပါ”လို႔ ခ်ီးက်ဴးစကားဆိုခဲ့ပါတယ္။

ဒါ့အျပင္ Twitter မွာ ပရိသတ္ေတြက ဆြန္မာရဲ႕စြမ္းေဆာင္ရည္ကို ခ်ီးက်ဴးခဲ့ၿပီး ၿပိဳင္ပြဲတစ္ေလွ်ာက္အေကာင္းဆုံးကစားသမားအျဖစ္ ေ႐ြးခ်ယ္ခံရသင့္တယ္လို႔ ေရးသားခဲ့ၾကပါတယ္။

ကြာတားဖိုင္နယ္မွာ စပိန္အသင္း ႏိုင္ပြဲရခဲ့ေပမယ့္ ဆြန္မာကေတာ့ ပရိသတ္ေတြရဲ႕အသည္းႏွလုံးကို သိမ္းပိုက္ႏိုင္ခဲ့တယ္လို႔ေျပာရမွာပါပဲ . . .