ပရိသတ်တွေရဲ့ အလှောင်ခံရလို့ ကော်တွို က်စ်ကို လူစားလဲလိုက်တာလား

Photo- Internet
Photo- Internet

ရီးရဲလ်မက်ဒရစ်က ဘရုဂျက်ကို ၂-၂ သရေကျခဲ့တဲ့ အိမ်ကွင်းချန်ပီယံလိဂ်ပွဲစဉ်မှာ နည်းပြဇီဒန်းက ဂိုးသမား ကော်တွို က်စ်ကို ပထမပိုင်းပြီးချိန်လူစားလဲလိုက်တယ်လို့ သိရပါတယ်။ သူ့နေရာမှာ အရန်ဂိုးသမား အေရီအိုလာက အစားဝင်ခဲ့ပြီး လက်စွမ်းပြကာကွယ်မှု အချို့လည်း ပြုလုပ်သွားနိုင်ပါတယ်။

ပွဲအပြီးမှာ ရီးရဲလ်မက်ဒရစ်ဒါရိုက်တာတစ်ဦးဖြစ်တဲ့ ဘူထရာဂီနိုက ကော်တွိုက်စ်ဟာ ပထမပိုင်းပြီးချိန်မှာ ရုတ်တရက်နေမကောင်းဖြစ်ခဲ့လို့ လူစားလဲခံလိုက်ရတာလို့ ပြောသွားပေမယ့် မီဒီယာတွေကတော့ ဒီဘယ်လ်ဂျီယံသားဟာ လှောင်ပြောင်မှုတွေခံခဲ့ရလို့ လူစားလဲခံလိုက်ရတာလို့ သုံးသပ်နေကြပါတယ်။

Photo- Internet

ရီးရဲလ်ဟာ ပထမပိုင်းမှာတင် ၂ ဂိုးပေးလိုက်ရတာဖြစ်ပြီး ဒုတိယဂိုးပေးလိုက်ရချိန်မှာ ပရိသတ်တွေက ကော်တွိုက်စ်ကို စတင်လှောင်ပြောင်ခဲ့ကြတာဖြစ်ပါတယ်။ ဒါကြောင့်လည်း ပရိသတ်တွေအလိုမရှိတော့တဲ့  ကော်တွိုက်စ် ကိုထုတ်ပြီး အေရီအိုလာနဲ့ အစားထိုးဖို့ စီစဉ်လိုက်ရတာလို့ ဆိုနေကြတာပါ။ ဘရုဂျက်ဟာ ဒီပွဲမှာ ပထမပိုင်းဂိုးကန်ချက် ၃ ကြိမ်ကနေ ၂ ဂိုးရသွားတာလည်းဖြစ်ပြီး ကံကောင်းလို့အရှက်ရဖွယ်အရှုံးနဲ့ ရင်မဆိုင်လိုက်ရတာလို့ ဇီဒန်းကဝန်ခံခဲ့ပါတယ်။

Photo- Internet

အခုလိုပထမပိုင်းမှာ ၂ ဂိုးပေးလိုက်ရတဲ့အတွက် ရီးရဲလ်ဟာဥရောပအဆင့်မှာ အိမ်ကွင်း ၃ ပွဲဆက်ပထမဆုံးအကြိမ်အဖြစ် ပထမပိုင်းမှာ အနည်းဆုံး ၂ ဂိုးပေးလိုက်ရတယ်ဆိုတဲ့ မှတ်တမ်းဆိုးကိုလည်းရရှိသွားခဲ့ပါတယ်။ ရီးရဲလ်ဟာ ဒီဇင်ဘာလအတွင်းက CSKA့ကို ၃ ဂိုးပြတ်ရှုံ့းတဲ့ပွဲမှာ ပထမပိုင်းမှာတင် ၃ ဂိုးနဲ့ မတ်လက အေဂျက်ဇ်ကို ၄-၁ နဲ့ရှုံးခဲ့တဲ့ပွဲတွေမှာ ပထမပိုင်းမှာ ၂ ဂိုးပေးလိုက်ရတာဖြစ်ပါတယ်။

Photo- Internet

ကော်တွိုက်စ် ဟာရီးရဲလ်ကိုရောက်လာပြီးကတည်းက ပရိသတ်တွေရဲ့လှောင်ပြောင်မှုကို မကြာခဏခံခဲ့ရသူဖြစ်ပါတယ်။ သူတို့ဟာ ပီအက်စ်ဂျီကိုပြောင်းသွားတဲ့ နာဗက်စ်ကိုသာ ချစ်ခင်ကြသူတွေဖြစ်ပါတယ်။ အေရီအိုလာဟာ လူစားဝင်လာပြီးနောက် လက်စွမ်းပြကာကွယ်မှု ၂ ကြိမ်ပြုလုပ်ခဲ့တာကြောင့် ၂ ကြိမ်စလုံးမှာ ပရိသတ်တွေရဲ့အားပေးမှုကိုလက်ခံရရှိခဲ့ပါတယ်။ သူဟာရီးရဲလ်အတွက် ၁၃၅ မိနစ်ကစားခဲ့ရာမှာ တစ်ဂိုးမှမပေးရသေးပါဘူး။

Photo- Internet

Zawgyi





