
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ပြီးခဲ့တဲ့ လီဗာပူးနဲ့ ပွဲမတိုင်ခင် အိုးလ်ထရက်ဖို့ဒ်ကွင်းထဲအထိ ဝင်ရောက်ပြီး အသင်းပိုင်ရှင် ဂလေဇာမိသားစုကို ထွက်သွားဖို့ ကြွေးကြော်ဆန့်ကျင်ခဲ့ကြတဲ့ ယူနိုက်တက် ပရိသတ်တွေရဲ့
အမျက်ဒေါသတွေကို အချိုသတ်လျော့ချချင်တဲ့ သဘောနဲ့ စပါးတိုက်စစ်မှုး ဟယ်ရီကိန်းကို ခေါ်ယူအားဖြည့်ဖို့ ပေါင်သန်း၉၀ နဲ့ စတင်ကမ်းလှမ်းလိုက်ပါတယ်။
စူပါလိဂ်ပြိုင်ပွဲ ကိစ္စနဲ့ ပတ်သတ်ပြီး ယူနိုက်တက်ပရိသတ်တွေဟာ ဒေါသထွက်ပေါက်ကွဲနေခဲ့ကြတာဖြစ်ပြီး ပိုင်ရှင် ဂလေဇာမိသားစုရဲ့ အသင်းအပေါ် ဂုတ်သွေးစုပ်အမြတ်ထုတ်နေတာတွေကို ရပ်တန့်ဖယ်ရှားနိုင်ဖို့ ကြိုးစားနေကြတာလည်း ဖြစ်ပါတယ်။
ဟယ်ရီကိန်းဟာ ပြီးခဲ့တဲ့ လိဂ်ဖလားဗိုလ်လုပွဲမှာ မန်စီးတီးကို ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် ဆုဖလားအောင်မြင်မှုတွေရဖို့ အသင်းကထွက်ခွာချင်တဲ့အကြောင်း ပြောကြားထားခဲ့တဲ့သူပါ။
သူက ” ကွန်တော့်ရဲ့ ကစားသမားဘဝမှတ်တမ်းကို ပြန်ကြည့်လိုက်ရင် အသင်းလိုက် ဆုဖလားအောင်မြင်မှု ရယူဖို့ လိုအပ်နေပြီလို့ ယူဆပါတယ်။
အခုချိန်မှာ စပါးအသင်းအနေနဲ့ မလုပ်နိုင်သေးပါဘူး။
ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံးကစားသမားလိုဆုမျိုးရတာ ဂုဏ်ယူစရာကောင်းပေမယ့် အသင်းလိုက် အောင်မြင်မှု ကြီးကြီးမားမားကို ပိုပြီးရယူချင်ပါတယ်” လို့ ပြောကြားထားပါတယ်။
စပါးအသင်း ဥက္ကဌလီဗိုင်းအနေနဲ့ ဟယ်ရီကိန်းကို ပရီးမီးယားလိဂ် ပြိုင်ဘက်အသင်းတွေကို မရောင်းချချင်ပေမယ့် ကစားသမားဖက်က အသင်ဒကနေ ထွက်ခွာဖို့ ဆန္ဒရှိနေတဲ့အတွက် ကမ်းလှမ်းလာမယ့် ပြောင်းရွှေ့ကြေးအပေါ် မူတည်ပြီး လက်ခံစဉ်းစားဖို့ ရှိလာနိုင်ပါတယ်။
အသက် ၂၈နှစ်ပြည့်တော့မယ့် ဟယ်ရီကိန်းဟာ ဒီရာသီမှာ စပါးအသင်းအတွက် ပြိုင်ပွဲစုံမှာ ၃၁ဂိုး သွင်းယူထားပြီး ၁၆ဂိုး ဖန်တီးပေးထားပါတယ်။
ပရီးမီးယားလိဂ်ဂိုးအများဆုံးစာရင်းမှာလည်း ထိပ်ဆုံးမှာရှိနေပြီး ၂၁ဂိုး သွင်းယူထားတာပါ။ အမှတ်ပေးပြိုင်ပွဲမှာ အသင်းဖော်တွေအတွက် ၁၃ဂိုး လည်းဖန်တီးပေးထားတဲ့အတွက် ကိန်းအတွက် ကောင်းမွန်တဲ့ ဘောလုံးရာသီပါပဲ။
ဟယ်ရီကိန်းကို ပီအက်စ်၈ျီကလည်း စပါးနည်းပြဟောင်း ပိုချက်တီနိုက နေမာ စာချုပ်သက်တမ်းမတိုးဘဲ အမ်ဘက်ပီလည်း ထွက်ခဲ့ရင် ခေါ်ယူဖို့ ပစ်မှတ်ထားနေပြီး မန်ယူနဲ့အပြိုင် ကြိုက်ဈေးပေး ခေါ်ယူလာနိုင်ပါတယ်။
ဈေးကွက်တန်ကြေးအရ ပေါင်သန်း ၁၀၀ ဝန်းကျင်တန်ကြေးရှိတဲ့ ဟယ်ရိကိန်းကို မန်ယူဖက်က ပေါင်သန်း ၉၀နဲ့ စတောက်ကြည့်လိုက်တဲ့ သဘောလည်း ဖြစ်ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
ပရိသတ်တွေရဲ့ ဒေါသကို အချိုသတ်ဖို့ ဟယ်ရီကိန်းကို ပေါင်သန်း၉၀နဲ့ မန်ယူ စတင်ကမ်းလှမ်း