ပရိသတ်တွေရဲ့လုပ်ရပ်ကြောင့် ပြောစရာတွေဖြစ်သွားတဲ့ ဘိုင်ယန်ရဲ့ဂိုးဒါဇင်ဝက်နိုင်ပွဲ (ဟော့ဖန်ဟိမ်း ဝ-၆ ဘိုင်ယန်ပွဲပြီးသုံးသပ်ချက်)

Photo Credit

Photo Credit

လက်ရှိချန်ပီယံဘိုင်ယန်မြူးနစ်ဟာ ကြားရက်အတွင်း လန်ဒန်မှာ ချဲလ်ဆီးနဲ့ ချန်ပီယံလိဂ်ပွဲကစားခဲ့ရသလို အဓိကတိုက်စစ်မှူး လီဝန်ဒေါစကီးပါ မပါဝင်နိုင်ခဲ့ပေမယ့် ဒီပွဲမှာ အိမ်ရှင်ဟော့ဖန်ဟိမ်းကို တစ်ပွဲလုံးအသာစီးကနေ ကစားသွားပြီး ဂိုးဒါဇင်ဝက်သွင်းယူကာ အမှတ်ပြည့်ရယူနိုင်ခဲ့ပါတယ်။ဒီပွဲမှာ ဘိုင်ယန်ရဲ့နိုင်ပွဲက သူတို့ပရိသတ်တွေရဲ့လုပ်ရပ်ကြောင့် သိပ်မထင်ပေါ်ခဲ့ဘဲ ဘိုင်ယန်ပရိသတ်တွေက ဂျာမနီဘောလုံးအဖွဲ့ချုပ်နဲ့ ဟော့ဖန်ဟိမ်းအသင်းဥက္ကဋ္ဌတို့ကို ဝေဖန်ထားတဲ့စာတမ်းတွေ ကိုင်ဆောင်ဆန္ဒပြခဲ့သလို ပွဲကို ၂ကြိမ်အထိ ခဏရပ်နားခဲ့ရပါတယ်။

Photo Credit

ဒီပွဲမှာအနိုင်ရခဲ့တာကြောင့် ဘိုင်ယန်မြူးနစ်လည်း ဒုတိယနေရာက လိုက်ပ်ဇစ်ကို တစ်ပွဲပို ၄ မှတ်ဖြတ်နိုင်ခဲ့ပြီး ဒေါ့မွန်ကို ပွဲတူ ၄ မှတ်ဖြတ်ကာ အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နိုင်ခဲ့ပါတယ်။ဥရောပဝင်ခွင့်မျှော်လင့်ချက်ရှိနေတဲ့ ဟော့ဖန်ဟိမ်းကတော့ အောက်တိုဘာလအတွင်း ကစားခဲ့တဲ့ ပ-အကျော့အဝေးကွင်းပွဲမှာ ၁-၂ ဂိုးနဲ့အံ့အားသင့်ဖွယ်အနိုင်ရခဲ့ပြီး အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ဘိုင်ယန်ကို တစ်ရာသီအတွင်း အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့စလုံးအနိုင်ယူဖို့ အခွင့်အရေးရခဲ့ပေမယ့် ပွဲစလို့မှသွေးမပူခင်မှာပဲ ဦးဆောင်ဂိုးစတင်ပေးလိုက်ရတာဖြစ်ပါတယ်။

Photo Credit

ဒီပွဲမှာ ထူးခြားတာကတော့ ဘိုင်ယန်မြူးနစ်အသင်းပရိသတ်တွေရဲ့ ဆန္ဒပြမှုတွေဖြစ်ပြီး ဟော့ဖန်ဟိမ်းအသင်းပိုင်ရှင်ကို နာမည်တပ်ကာ ရိုင်းပျဆဲဆိုခဲ့ပါတယ်။ ပွဲခဏပျက်သွားပြီးနောက် ပွဲပြီးဖို့ ၁၃ မိနစ်အလိုမှာ ပြန်ကစားချိန် နှစ်သင်းစလုံးက အားထည့်မကစားတော့ဘဲ လေ့ကျင့်ခန်းဆင်းရုံလောက်သာ အပေးအယူတွေပြုလုပ်သွားပါတယ်။

Video Credit

ဘိုင်ယန်အသင်းသားတွေနဲ့ တာဝန်ရှိသူတွေက ပွဲဆက်ကစားနိုင်အောင် သူတို့ပရိသတ်တွေကို သောင်းကျန်းနေတာ ရပ်ဖို့ တောင်းဆိုခဲ့ပါတယ်။

Photo Credit

Zawgyi

ပရိသတ္ေတြရဲ႕လုပ္ရပ္ေၾကာင့္ ေျပာစရာေတြျဖစ္သြားတဲ့ ဘုိင္ယန္ရဲ႕ဂိုးဒါဇင္၀က္ႏိုင္ပြဲ (ေဟာ့ဖန္ဟိမ္း ၀-၆ ဘုိင္ယန္ပြဲၿပီးသုံးသပ္ခ်က္)

လက္ရွိခ်န္ပီယံဘုိင္ယန္ျမဴးနစ္ဟာ ၾကားရက္အတြင္း လန္ဒန္မွာ ခ်ဲလ္ဆီးနဲ႔ ခ်န္ပီယံလိဂ္ပြဲကစားခဲ့ရသလုိ အဓိကတိုက္စစ္မွဴး လီ၀န္ေဒါစကီးပါ မပါ၀င္ႏိုင္ခဲ့ေပမယ့္ ဒီပြဲမွာ အိမ္ရွင္ေဟာ့ဖန္ဟိမ္းကို တစ္ပြဲလုံးအသာစီးကေန ကစားသြားၿပီး ဂိုးဒါဇင္၀က္သြင္းယူကာ အမွတ္ျပည့္ရယူႏိုင္ခဲ့ပါတယ္။
ဒီပြဲမွာ ဘိုင္ယန္ရဲ႕ႏုိင္ပဲြက သူတုိ႔ပရိသတ္ေတြရဲ႕လုပ္ရပ္ေၾကာင့္ သိပ္မထင္ေပၚခဲ့ဘဲ ဘုိင္ယန္ပရိသတ္ေတြက ဂ်ာမနီေဘာလုံးအဖြဲ႕ခ်ဳပ္နဲ႔ ေဟာ့ဖန္ဟိမ္းအသင္းဥကၠ႒တုိ႔ကို ေ၀ဖန္ထားတဲ့စာတမ္းေတြ ကုိင္ေဆာင္ဆႏၵျပခဲ့သလုိ ပြဲကို ၂ႀကိမ္အထိ ခဏရပ္နားခဲ့ရပါတယ္။
ဒီပြဲမွာအႏိုင္ရခဲ့တာေၾကာင့္ ဘုိင္ယန္ျမဴးနစ္လည္း ဒုတိယေနရာက လုိက္ပ္ဇစ္ကို တစ္ပဲြပုိ ၄ မွတ္ျဖတ္ႏိုင္ခဲ့ၿပီး ေဒါ့မြန္ကို ပဲြတူ ၄ မွတ္ျဖတ္ကာ အမွတ္ေပးဇယားကို ဆက္လက္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။
ဥေရာပ၀င္ခြင့္ေမွ်ာ္လင့္ခ်က္ရွိေနတဲ့ ေဟာ့ဖန္ဟိမ္းကေတာ့ ေအာက္တိုဘာလအတြင္း ကစားခဲ့တဲ့ ပ-အေက်ာ့အေ၀းကြင္းပြဲမွာ ၁-၂ ဂိုးနဲ႔အံ့အားသင့္ဖြယ္အႏိုင္ရခဲ့ၿပီး အသင္းသမုိင္းတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္အျဖစ္ ဘုိင္ယန္ကို တစ္ရာသီအတြင္း အိမ္ကြင္း၊ အေ၀းကြင္း ႏွစ္ေက်ာ့စလုံးအႏိုင္ယူဖုိ႔ အခြင့္အေရးရခဲ့ေပမယ့္ ပြဲစလုိ႔မွေသြးမပူခင္မွာပဲ ဦးေဆာင္ဂိုးစတင္ေပးလုိက္ရတာျဖစ္ပါတယ္။
ဒီပြဲမွာ ထူးျခားတာကေတာ့ ဘိုင္ယန္ျမဴးနစ္အသင္းပရိသတ္ေတြရဲ႕ ဆႏၵျပမႈေတြျဖစ္ၿပီး ေဟာ့ဖန္ဟိမ္းအသင္းပိုင္ရွင္ကို နာမည္တပ္ကာ ႐ိုင္းပ်ဆဲဆုိခဲ့ပါတယ္။ ပြဲခဏပ်က္သြားၿပီးေနာက္ ပြဲၿပီးဖို႔ ၁၃ မိနစ္အလုိမွာ ျပန္ကစားခ်ိန္ ႏွစ္သင္းစလုံးက အားထည့္မကစားေတာ့ဘဲ ေလ့က်င့္ခန္းဆင္း႐ုံေလာက္သာ အေပးအယူေတြျပဳလုပ္သြားပါတယ္။
ဘုိင္ယန္အသင္းသားေတြနဲ႔ တာ၀န္ရွိသူေတြက ပြဲဆက္ကစားႏိုင္ေအာင္ သူတုိ႔ပရိသတ္ေတြကို ေသာင္းက်န္းေနတာ ရပ္ဖို႔ ေတာင္းဆုိခဲ့ပါတယ္။