ပရိသတ်တွေဆန့်ကျင်နေတဲ့ကြားက ဘင်နီတက်ဇ်ကို နည်းပြသစ်ခန့်ခဲ့တဲ့ အဲဗာတန်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အဲဗာတန်အသင်းဟာ သူတို့အသင်းပရိသတ်တွေအကြီးအကျယ် ဆန့်ကျင်ကန့်ကွက်မှုတွေလုပ်နေပေမယ့် နည်းပြသစ်ရာထူးအတွက် ဘင်နီတက်ဇ်နဲ့စာချုပ်ချုပ်ဆိုခဲ့ပြီး မကြာခင်အတည်ပြုထုတ်ပြန်ချက်ကြေညာသွားဖို့ရှိနေပါပြီ။

ဘင်နီတက်ဇ်ဟာ အဲဗာတန်အသင်းရဲ့ အခါးသီးဆုံးမြို့ခံပြိုင်ဘက် လီဗာပူးလ်အသင်းကို ကိုင်တွယ်ခဲ့ဖူးသလို လီဗာပူးလ်နည်းပြဘဝတုန်းက ‘အဲဗာတန်အသင်းဟာ အသင်းငယ်လေးသာ’ဖြစ်တယ်လို့ ဝေဖန်ပြောဆိုခဲ့တာကြောင့် အဲဗာတန်ပရိသတ်တွေ အခုအချိန်အထိ အခဲမကြေဖြစ်နေတာပါ။

အခုဇွန်လအစပိုင်းတုန်းက အဲဗာတန်နည်းပြအန်ဆယ်လော့တီဟာ အသင်းနဲ့လမ်းခွဲပြီးအသင်းဟောင်းရီးယဲလ်အသင်းကို ပြောင်းရွှေ့သွားတဲ့အတွက် အဲဗာတန်အသင်းဟာ နည်းပြသစ်တစ်ဦးရှာဖွေနေတာဖြစ်ပြီး ဘင်နီတက်ဇ်ကို ခန့်အပ်ခဲ့တာဖြစ်ပါတယ်။

ဘင်နီတက်ဇ်ဟာ ဗုဒ္ဓဟူးနေ့မနက်ပိုင်းက အဲဗာတန်အသင်းရဲ့လေ့ကျင့်ရေးကွင်းကို ရောက်လာပြီး အသင်းနဲ့(၃)နှစ်စာချုပ်ချုပ်ဆိုခဲ့တယ်လို့ ဗြိတိန်သတင်းစာ The Sun က ဖော်ပြခဲ့ပါတယ်။

အဲဗာတန်ပရိသတ်အများစုက ဘင်နီတက်ဇ်ကို နည်းပြသစ်ခန့်အပ်မယ်ဆိုရင် ဂွတ်ဒ်ဒီဆင်ကွင်းထဲ ဘယ်တော့မှခြေမချတော့ဘူးလို့ ခြိမ်းခြောက်ထားချိန်မှာ အဲဗာတန်အသင်းတာဝန်ရှိသူတွေကတော့ ပရိသတ်တွေရဲ့ဆန္ဒကို ဂရုမစိုက်ဘဲ အခုလိုဆုံးဖြတ်ခဲ့တာပါ။

အဲဗာတန်အသင်းအနေနဲ့ နည်းပြသစ်အဖြစ် ဘင်နီတက်ဇ်ကို ခန့်အပ်ခဲ့တာက ရုရှားသန်းကြွယ်သူဌေးအူစမာနော့ဗ်ရဲ့ နောက်ကွယ်က တွန်းအားပေးချက်ကြောင့်ဖြစ်တယ်လို့ The Sun သတင်းစာက သုံးသပ်ခဲ့ပါတယ်။

အူစမာနော့ဗ်ဟာ အဲဗာတန်အသင်းရဲ့အဓိကရှယ်ယာပိုင်ရှင် ဖာရက်ဒ်မိုရှီရီနဲ့ ရင်းနှီးတဲ့မိတ်ဆွေတွေဖြစ်ပြီး တစ်ချိန်တုန်းက သူတို့နှစ်ဦးဟာ အာဆင်နယ်အသင်းမှာ ရှယ်ယာ(၃၀%)ကို အတူပိုင်ဆိုင်ခဲ့ဖူးကြပါတယ်။

အူစမာနော့ဗ်ဟာ အဲဗာတန်အသင်းရဲ့လေ့ကျင့်ရေးခွင့် နာမည်မူပိုင်ခွင့်ကို ပေါင်သန်း(၃၀)နဲ့ဝယ်ယူထားသလို လာမယ့်(၁၀)နှစ်အတွင်း

အဲဗာတန်အသင်းရဲ့ကွင်းသစ်ဖြစ်တဲ့ Bramley Moore Dock ကွင်းသစ်ကြီးတည်ဆောက်ပြီးသွားရင် နောက်ထပ်ပေါင်သန်း(၂၀၀)နဲ့ နာမည်မူပိုင်ခွင့်ကို ဝယ်ယူသွားမှာဖြစ်ပါတယ်။

အူစမာနော့ဗ်က ဘင်နီတက်ဇ်ဟာ ဖိအားတွေကို အကောင်းဆုံးရင်ဆိုင်နိုင်တဲ့နည်းပြဖြစ်တာကြောင့် သူ့ကို အဲဗာတန်နည်းပြအဖြစ် ခန့်သင့်တယ်လို့ ဖာရက်ဒ်မိုရှီရီကို တိုက်တွန်းပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။

အဲဗာတန်အသင်းဟာ လက်ရှိအချိန်မှာ ဘဏ္ဍာရေးပြဿနာတွေနဲ့ရင်ဆိုင်နေရတဲ့အပြင် နည်းပြသစ်အဖြစ် ဘင်နီတက်ဇ်ကို ခန့်အပ်ခဲ့တာကြောင့်လည်း အဓိက,ကစားသမားတချို့ အသင်းနဲ့လမ်းခွဲဖို့ရှိနေပါပြီ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ပရိသတ္ေတြဆန႔္က်င္ေနတဲ့ၾကားက ဘင္နီတက္ဇ္ကို နည္းျပသစ္ခန႔္ခဲ့တဲ့ အဲဗာတန္

အဲဗာတန္အသင္းဟာ သူတို႔အသင္းပရိသတ္ေတြအႀကီးအက်ယ္ ဆန႔္က်င္ကန႔္ကြက္မႈေတြလုပ္ေနေပမယ့္ နည္းျပသစ္ရာထူးအတြက္ ဘင္နီတက္ဇ္နဲ႔စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ၿပီး မၾကာခင္အတည္ျပဳထုတ္ျပန္ခ်က္ေၾကညာသြားဖို႔ရွိေနပါၿပီ။ ဘင္နီတက္ဇ္ဟာ အဲဗာတန္အသင္းရဲ႕ အခါးသီးဆုံးၿမိဳ႕ခံၿပိဳင္ဘက္ လီဗာပူးလ္အသင္းကို ကိုင္တြယ္ခဲ့ဖူးသလို လီဗာပူးလ္နည္းျပဘဝတုန္းက ‘အဲဗာတန္အသင္းဟာ အသင္းငယ္ေလးသာ’ျဖစ္တယ္လို႔ ေဝဖန္ေျပာဆိုခဲ့တာေၾကာင့္ အဲဗာတန္ပရိသတ္ေတြ အခုအခ်ိန္အထိ အခဲမေၾကျဖစ္ေနတာပါ။

အခုဇြန္လအစပိုင္းတုန္းက အဲဗာတန္နည္းျပအန္ဆယ္ေလာ့တီဟာ အသင္းနဲ႔လမ္းခြဲၿပီးအသင္းေဟာင္းရီးယဲလ္အသင္းကို ေျပာင္းေ႐ႊ႕သြားတဲ့အတြက္ အဲဗာတန္အသင္းဟာ နည္းျပသစ္တစ္ဦးရွာေဖြေနတာျဖစ္ၿပီး ဘင္နီတက္ဇ္ကို ခန႔္အပ္ခဲ့တာျဖစ္ပါတယ္။ ဘင္နီတက္ဇ္ဟာ ဗုဒၶဟူးေန႔မနက္ပိုင္းက အဲဗာတန္အသင္းရဲ႕ေလ့က်င့္ေရးကြင္းကို ေရာက္လာၿပီး အသင္းနဲ႔(၃)ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့တယ္လို႔ ၿဗိတိန္သတင္းစာ The Sun က ေဖာ္ျပခဲ့ပါတယ္။

အဲဗာတန္ပရိသတ္အမ်ားစုက ဘင္နီတက္ဇ္ကို နည္းျပသစ္ခန႔္အပ္မယ္ဆိုရင္ ဂြတ္ဒ္ဒီဆင္ကြင္းထဲ ဘယ္ေတာ့မွေျခမခ်ေတာ့ဘူးလို႔ ၿခိမ္းေျခာက္ထားခ်ိန္မွာ အဲဗာတန္အသင္းတာဝန္ရွိသူေတြကေတာ့ ပရိသတ္ေတြရဲ႕ဆႏၵကို ဂ႐ုမစိုက္ဘဲ အခုလိုဆုံးျဖတ္ခဲ့တာပါ။ အဲဗာတန္အသင္းအေနနဲ႔ နည္းျပသစ္အျဖစ္ ဘင္နီတက္ဇ္ကို ခန႔္အပ္ခဲ့တာက ႐ုရွားသန္းႂကြယ္သူေဌးအူစမာေနာ့ဗ္ရဲ႕ ေနာက္ကြယ္က တြန္းအားေပးခ်က္ေၾကာင့္ျဖစ္တယ္လို႔ The Sun သတင္းစာက သုံးသပ္ခဲ့ပါတယ္။

အူစမာေနာ့ဗ္ဟာ အဲဗာတန္အသင္းရဲ႕အဓိကရွယ္ယာပိုင္ရွင္ ဖာရက္ဒ္မိုရွီရီနဲ႔ ရင္းႏွီးတဲ့မိတ္ေဆြေတြျဖစ္ၿပီး တစ္ခ်ိန္တုန္းက သူတို႔ႏွစ္ဦးဟာ အာဆင္နယ္အသင္းမွာ ရွယ္ယာ(၃၀%)ကို အတူပိုင္ဆိုင္ခဲ့ဖူးၾကပါတယ္။ အူစမာေနာ့ဗ္ဟာ အဲဗာတန္အသင္းရဲ႕ေလ့က်င့္ေရးခြင့္ နာမည္မူပိုင္ခြင့္ကို ေပါင္သန္း(၃၀)နဲ႔ဝယ္ယူထားသလို လာမယ့္(၁၀)ႏွစ္အတြင္း အဲဗာတန္အသင္းရဲ႕ကြင္းသစ္ျဖစ္တဲ့ Bramley Moore Dock ကြင္းသစ္ႀကီးတည္ေဆာက္ၿပီးသြားရင္ ေနာက္ထပ္ေပါင္သန္း(၂၀၀)နဲ႔ နာမည္မူပိုင္ခြင့္ကို ဝယ္ယူသြားမွာျဖစ္ပါတယ္။

အူစမာေနာ့ဗ္က ဘင္နီတက္ဇ္ဟာ ဖိအားေတြကို အေကာင္းဆုံးရင္ဆိုင္ႏိုင္တဲ့နည္းျပျဖစ္တာေၾကာင့္ သူ႔ကို အဲဗာတန္နည္းျပအျဖစ္ ခန႔္သင့္တယ္လို႔ ဖာရက္ဒ္မိုရွီရီကို တိုက္တြန္းေျပာဆိုခဲ့တာလည္းျဖစ္ပါတယ္။ အဲဗာတန္အသင္းဟာ လက္ရွိအခ်ိန္မွာ ဘ႑ာေရးျပႆနာေတြနဲ႔ရင္ဆိုင္ေနရတဲ့အျပင္ နည္းျပသစ္အျဖစ္ ဘင္နီတက္ဇ္ကို ခန႔္အပ္ခဲ့တာေၾကာင့္လည္း အဓိက,ကစားသမားတခ်ိဳ႕ အသင္းနဲ႔လမ္းခြဲဖို႔ရွိေနပါၿပီ။