ပရိသတ်တွေကွင်းထဲ ပြန်ဝင်ရချိန် မက်ဆီမရှိလို့ လက်မှတ်မကုန် ဖြစ်နေတဲ့ ဘာစီလိုနာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘာစီလိုနာဟာလီယွန်နယ်မက်ဆီထွက်ခွာသွားမှုနဲ့အတူအဘက်ဘက်မှာအနုတ်လက္ခဏာပြသလျက်ရှိနေပါတယ်။

ဘာစီလိုနာအသင်းဟာ ရာသီအဖွင့်ပွဲအဖြစ် ကစားမယ့် ဆိုစီဒက်အသင်းနဲ့ အိမ်ကွင်းပွဲအတွက် လက်မှတ်စောင်ရေ (၁) သောင်းခွဲကျော်သာ ရောင်းချထားရတယ်လို့ သိရှိရပါတယ်။

မက်ဆီမရှိတော့တဲ့နောက်ပိုင်း ပထမဆုံးပြိုင်ပွဲအသွင်ဖြစ်လာမယ့် အဲဒီပွဲမှာ ဘာစီလိုနာတို့ ဖိအားတွေနဲ့ ကစားရမှာဖြစ်ပြီး ကိုဗစ်အလွန်မှာ ပရိသတ်တွေကို ကွင်းအတွင်းဝင်ရောက်ကြည့်ရှုခွင့်ပေးထားပေမယ့် အခုလိုအခြေအနေဆိုးတွေနဲ့ ရင်ဆိုင်နေရတာပါ။

ဘာစီလိုနာဟာကိုဗစ်ကပ်ရောဂါကြောင့်နူးကမ့်တွင်ကစားမယ့်ဆိုစီဒက်နှင့်လာလီဂါအဖွင့်ပွဲစဉ်အတွက်ပရိသတ်၃၀၀၀၀ပဲလက်ခံနိုင်ပါမယ်။

ဒါပေမယ့်ဘာစီလိုနာဟာလက်မှတ်၁၅၈၂၀တည်းသာရောင်းချထားရပါတယ်။

ဘာစီလိုနာပရိသတ်များဟာ ဘလွန်းဒီအောဆု ခြောက်ကြိမ်ရမက်ဆီမရှိတော့မှုနဲ့အတူအသင်းအပေါ်စိတ်ဝင်စားမှုလျှော့ကျသွားပါပြီ။

မက်ဆီအနေနဲ့ ပြင်သစ်အင်အားကြီးကလပ် PSG ကို ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပြီး နူးကမ့်ကွင်းပြင်ပမှာရှိတဲ့ မက်ဆီရဲ့ပုံရိပ်တွေကိုလည်း ဘာစီလိုနာအသင်းက ဖယ်ရှားခဲ့ပြီးဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ မက်ဆီကို လက်လွှတ်ခံခဲ့ရတာကြောင့် တစ်နှစ်ကို ယူရိုသန်း (၃၀၀) နီးပါးဆုံးရှုံးနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားပြီး အခုရာသီအဖွင့်ပွဲမှာတော့ အဲဒီအကျိုးဆက်ကို တဖြည်းဖြည်း စတင်ခံစားလာနေရပါပြီ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ပရိသတ္ေတြကြင္းထဲ ျပန္ဝင္ရခ်ိန္ မက္ဆီမရွိလို႔ လက္မွတ္မကုန္ ျဖစ္ေနတဲ့ ဘာစီလိုနာ

ဘာစီလိုနာဟာလီယြန္နယ္မက္ဆီထြက္ခြာသြားမႈနဲ႔အတူအဘက္ဘက္မွာအႏုတ္လကၡဏာျပသလ်က္ရွိေနပါတယ္။ဘာစီလိုနာအသင္းဟာ ရာသီအဖြင့္ပြဲအျဖစ္ ကစားမယ့္ ဆိုစီဒက္အသင္းနဲ႔ အိမ္ကြင္းပြဲအတြက္ လက္မွတ္ေစာင္ေရ (၁) ေသာင္းခြဲေက်ာ္သာ ေရာင္းခ်ထားရတယ္လို႔ သိရွိရပါတယ္။

မက္ဆီမရွိေတာ့တဲ့ေနာက္ပိုင္း ပထမဆုံးၿပိဳင္ပြဲအသြင္ျဖစ္လာမယ့္ အဲဒီပြဲမွာ ဘာစီလိုနာတို႔ ဖိအားေတြနဲ႔ ကစားရမွာျဖစ္ၿပီး ကိုဗစ္အလြန္မွာ ပရိသတ္ေတြကို ကြင္းအတြင္းဝင္ေရာက္ၾကည့္ရႈခြင့္ေပးထားေပမယ့္ အခုလိုအေျခအေနဆိုးေတြနဲ႔ ရင္ဆိုင္ေနရတာပါ။

ဘာစီလိုနာဟာကိုဗစ္ကပ္ေရာဂါေၾကာင့္ႏူးကမ့္တြင္ကစားမယ့္ဆိုစီဒက္ႏွင့္လာလီဂါအဖြင့္ပြဲစဥ္အတြက္ပရိသတ္၃၀၀၀၀ပဲလက္ခံႏိုင္ပါမယ္။
ဒါေပမယ့္ဘာစီလိုနာဟာလက္မွတ္၁၅၈၂၀တည္းသာေရာင္းခ်ထားရပါတယ္။

ဘာစီလိုနာပရိသတ္မ်ားဟာ ဘလြန္းဒီေအာဆု ေျခာက္ႀကိမ္ရမက္ဆီမရွိေတာ့မႈနဲ႔အတူအသင္းအေပၚစိတ္ဝင္စားမႈေလွ်ာ့က်သြားပါၿပီ။

မက္ဆီအေနနဲ႔ ျပင္သစ္အင္အားႀကီးကလပ္ PSG ကို ေျပာင္းေ႐ႊ႕သြားခဲ့ၿပီျဖစ္ၿပီး ႏူးကမ့္ကြင္းျပင္ပမွာရွိတဲ့ မက္ဆီရဲ႕ပုံရိပ္ေတြကိုလည္း ဘာစီလိုနာအသင္းက ဖယ္ရွားခဲ့ၿပီးျဖစ္ပါတယ္။

ဘာစီလိုနာအသင္းဟာ မက္ဆီကို လက္လႊတ္ခံခဲ့ရတာေၾကာင့္ တစ္ႏွစ္ကို ယူ႐ိုသန္း (၃၀၀) နီးပါးဆုံးရႈံးႏိုင္တယ္လို႔ ကြၽမ္းက်င္သူေတြက ခန႔္မွန္းထားၿပီး အခုရာသီအဖြင့္ပြဲမွာေတာ့ အဲဒီအက်ိဳးဆက္ကို တျဖည္းျဖည္း စတင္ခံစားလာ​ေနရပါၿပီ။