ပရိသတ်တွေကိုသရဲနီစိတ်ဓါတ်အပြည့်နဲ့ လေးလေးစားစားဆက်ဆံတဲ့ ဖာနန်ဒက်စ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ရော်နယ်ဒိုမပါတဲ့ ပေါ်တူဂီရဲ့နိုင်ပွဲကတော့ သက်သောင့်သက်သာပဲ ရှိခဲ့ပြီး ဘရူနို ဖာနန်ဒက်စ်ရဲ့ ဖန်တီးမှုကနေတစ်ဆင့် မြို့ခံပြိုင်ဘက်ကစားသမား ဘာနက်ဒို ဆေးလ်ဗားက အထင်ကြီးစရာကောင်းလွန်းတဲ့ဂိုးတစ်ဂိုးကို သွင်းယူသွားခဲ့သလို

ဒုတိယဂိုးမှာလည်း ဘရူနိုကပဲ လီဗာပူးတိုက်စစ်မှူး ဒီယိုဂို ဂျိုတာအတွက် ထပ်မံဖန်တီးပေးခဲ့ပေမယ့် အန်ဒရေ ဆေးလ်ဗားက အဆုံးသတ်သွားခဲ့သလို ဒုတိယပိုင်းမှာတော့ ဂျိုတာက ပွဲသိမ်းဂိုးကို သွင်းယူပြီး မန်စီးတီးကစားသမား ကန်ဆယ်လိုက ဖန်တီးမှုပြုလုပ်ခဲ့ပါတယ်။

၁၄ ပွဲဆက် ရှူံးပွဲမရှိစံချိန်နဲ့ သာယာနေတဲ့ ပေါ်တူဂီဟာ အဲဒီနိုင်ပွဲကြောင့် ကမ္ဘာ့ဖလားခြေစစ်ပွဲအဆင့်မှာ ပေါ်တူဂီအသင်းအတွက် ၁၄ ပွဲဆက် ရှူံးပွဲမရှိစံချိန်ကို ရေးထိုးနိုင်ခဲ့သလို နောက်ဆုံးကစားခဲ့တဲ့ ခြေစစ်ပွဲ ၅ ပွဲမှာလည်း

ဆာဘီးယားအသင်းကို မတ်လတုန်းက ၂ ဂိုးစီသရေကျခဲ့တာကိုလွဲရင် ၄ ပွဲအထိ အနိုင်ကစားထားတာပါ။

ဒီအဆင့်မှာ အင်အားနည်းအသင်းတွေနဲ့ တွေ့ဆုံရတယ်ဆိုတာ မှန်ကန်ပေမယ့် ၁၃ ပွဲအနိုင်၊ ၁ ပွဲသရေမှာ ၄၃ ဂိုးအထိသွင်းယူပြီး ၆ ဂိုးသာခွင့်ပြုထားရလို့ ကောင်းမွန်လွန်းလှတဲ့မှတ်တမ်းလို့ ဆိုရမှာပါ။

ရော်နယ်ဒိုပြီးရင် ပေါ်တူဂီရဲ့အကောင်းဆုံးကစားသမားလို့ဆိုရမယ့် ဘရူနိုဟာ အဓိကချက်ကောင်းပေးပို့မှု ၅ ကြိမ်အထိ ပြုလုပ်ခဲ့သလို ဂိုးဖန်တီးမှု ၂ ကြိမ်ရခဲ့ပြီး ယူနိုက်တက်မှာလည်း သူက အခုထိ အဝေးကွင်းရှူံးပွဲမရှိသေးတဲ့ ကစားသမားဖြစ်ပါတယ်။

ဒါ့အပြင် ဘရူနိုက ပရိသတ်တွေနဲ့ တွေ့ရင် ဆက်ဆံရေးကောင်းမွန်သူပါ။

အဲဒီပွဲမှာ ဘောလုံးပရိသတ်သုံးဦးတို့ဟာကွင်းအတွင်းသို့အတင်းဝင်ရောက်ကာပေါ်တူဂီစတားနှင့် Selfie ရိုက်ကူးခဲ့တာဖြစ်ပြီးလုံခြုံရေးတွေကလည်းတားဆီးတာမျိုးမလုပ်ခဲ့ပါဘူး။

အဲဒီလူငယ်လေးများဟာပေါ်တူဂီကွင်းလယ်ကစားသမားရဲ့အသာတကြည်ခွင့်ပြုမှုရရှိပြီးနောက်စမတ်ဖုန်းများကိုယ်စီထုတ်ကာဓာတ်ပုံရိုက်ကူးခဲ့ကြပါတယ်။

ဖာနန်ဒက်စ်ဟာလုံခြုံရေးများကတစ်စုံတရာတားဆီးခြင်းမပြုမှုအပေါ်အနည်းငယ်စိုးရိမ်နေပုံလည်းရပါတယ်။

ပရိသတ်များဟာဘရူနိုဖာနန်ဒက်စ်နဲ့ Selfie ဓာတ်ပုံများရိုက်ကူးပြီးနောက်ကွင်းမှထွက်ခွာသွားခဲ့ကြပြီးပွဲကိုလည်းပြန်လည်ဆက်ကစားနိုင်ခဲ့ပါတယ်။

အဆိုပါ ဖြစ်ရပ်အပေါ်မှာ ပရိသတ်အချို့ကတော့ ကျေနပ်မှု မရှိခဲ့ဘဲ ကွင်းထဲကိုပရိသတ်တွေ ဝင်လာချိန်မှာ လုံခြုံရေး အားနည်းခြင်း ၊ ကွင်းထဲ ဝင်လာတဲ့
ပရိသတ်တွေအားလုံး MASK မတပ်ထားခြင်း ၊

ဖာနန်ဒက်စ် နဲ့ နီးကပ်စွာပွေ့ဖက် ဓာတ်ပုံရိုက်ခဲ့ခြင်းတို့ကြောင့် ကစားသမားအနေနဲ့ ကိုဗစ်ကူးစက်ခံရနိုင်ချေရှိတဲ့အပေါ်မှာ ဒေါသထွက်ပြီး ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ပရိသတ္​ေတြကိုသရဲနီစိတ္ဓါတ္အျပည့္နဲ႔ ​ေလး​ေလးစားစားဆက္ဆံတဲ့ ဖာနန္ဒက္စ္

ေရာ္နယ္ဒိုမပါတဲ့ ေပၚတူဂီရဲ႕ႏိုင္ပြဲကေတာ့ သက္ေသာင့္သက္သာပဲ ရွိခဲ့ၿပီး ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ ဖန္တီးမႈကေနတစ္ဆင့္ ၿမိဳ႕ခံၿပိဳင္ဘက္ကစားသမား ဘာနက္ဒို ေဆးလ္ဗားက အထင္ႀကီးစရာေကာင္းလြန္းတဲ့ဂိုးတစ္ဂိုးကို သြင္းယူသြားခဲ့သလို ဒုတိယဂိုးမွာလည္း ဘ႐ူႏိုကပဲ လီဗာပူးတိုက္စစ္မႉး ဒီယိုဂို ဂ်ိဳတာအတြက္ ထပ္မံဖန္တီးေပးခဲ့ေပမယ့္ အန္ဒေရ ေဆးလ္ဗားက အဆုံးသတ္သြားခဲ့သလို ဒုတိယပိုင္းမွာေတာ့ ဂ်ိဳတာက ပြဲသိမ္းဂိုးကို သြင္းယူၿပီး မန္စီးတီးကစားသမား ကန္ဆယ္လိုက ဖန္တီးမႈျပဳလုပ္ခဲ့ပါတယ္။

၁၄ ပြဲဆက္ ရႉံးပြဲမရွိစံခ်ိန္နဲ႔ သာယာေနတဲ့ ေပၚတူဂီဟာ အဲဒီႏိုင္ပြဲေၾကာင့္ ကမာၻ႔ဖလားေျခစစ္ပြဲအဆင့္မွာ ေပၚတူဂီအသင္းအတြက္ ၁၄ ပြဲဆက္ ရႉံးပြဲမရွိစံခ်ိန္ကို ေရးထိုးႏိုင္ခဲ့သလို ေနာက္ဆုံးကစားခဲ့တဲ့ ေျခစစ္ပြဲ ၅ ပြဲမွာလည္း ဆာဘီးယားအသင္းကို မတ္လတုန္းက ၂ ဂိုးစီသေရက်ခဲ့တာကိုလြဲရင္ ၄ ပြဲအထိ အႏိုင္ကစားထားတာပါ။ ဒီအဆင့္မွာ အင္အားနည္းအသင္းေတြနဲ႔ ေတြ႕ဆုံရတယ္ဆိုတာ မွန္ကန္ေပမယ့္ ၁၃ ပြဲအႏိုင္၊ ၁ ပြဲသေရမွာ ၄၃ ဂိုးအထိသြင္းယူၿပီး ၆ ဂိုးသာခြင့္ျပဳထားရလို႔ ေကာင္းမြန္လြန္းလွတဲ့မွတ္တမ္းလို႔ ဆိုရမွာပါ။

ေရာ္နယ္ဒိုၿပီးရင္ ေပၚတူဂီရဲ႕အေကာင္းဆုံးကစားသမားလို႔ဆိုရမယ့္ ဘ႐ူႏိုဟာ အဓိကခ်က္ေကာင္းေပးပို႔မႈ ၅ ႀကိမ္အထိ ျပဳလုပ္ခဲ့သလို ဂိုးဖန္တီးမႈ ၂ ႀကိမ္ရခဲ့ၿပီး ယူႏိုက္တက္မွာလည္း သူက အခုထိ အေဝးကြင္းရႉံးပြဲမရွိေသးတဲ့ ကစားသမားျဖစ္ပါတယ္။ဒါ့အျပင္ ဘ႐ူႏိုက ပရိသတ္​ေတြနဲ႔ ​ေတြ႕ရင္ ဆက္ဆံ​ေရး​ေကာင္းမြန္သူပါ။

အဲဒီပြဲမွာ ေဘာလုံးပရိသတ္​သုံးဦးတို႔ဟာကြင္းအတြင္းသို႔အတင္းဝင္ေရာက္ကာေပၚတူဂီစတားႏွင့္ Selfie ႐ိုက္ကူးခဲ့တာျဖစ္ၿပီးလုံၿခဳံေရးေတြကလည္းတားဆီးတာမ်ိဳးမလုပ္ခဲ့ပါဘူး။အဲဒီလူငယ္ေလးမ်ားဟာေပၚတူဂီကြင္းလယ္ကစားသမားရဲ႕အသာတၾကည္ခြင့္ျပဳမႈရရွိၿပီးေနာက္စမတ္ဖုန္းမ်ားကိုယ္စီထုတ္ကာဓာတ္ပုံ႐ိုက္ကူးခဲ့ၾကပါတယ္။ဖာနန္ဒက္စ္ဟာလုံၿခဳံေရးမ်ားကတစ္စုံတရာတားဆီးျခင္းမျပဳမႈအေပၚအနည္းငယ္စိုးရိမ္ေနပုံလည္းရပါတယ္။ပရိသတ္မ်ားဟာဘ႐ူႏိုဖာနန္ဒက္စ္နဲ႔ Selfie ဓာတ္ပုံမ်ား႐ိုက္ကူးၿပီးေနာက္ကြင္းမွထြက္ခြာသြားခဲ့ၾကၿပီးပြဲကိုလည္းျပန္လည္ဆက္ကစားႏိုင္ခဲ့ပါတယ္။

အဆိုပါ ျဖစ္ရပ္အေပၚမွာ ပရိသတ္အခ်ိဳ႕ကေတာ့ ေက်နပ္မႈ မရွိခဲ့ဘဲ ကြင္းထဲကိုပရိသတ္ေတြ ဝင္လာခ်ိန္မွာ လုံၿခဳံေရး အားနည္းျခင္း ၊ ကြင္းထဲ ဝင္လာတဲ့
ပရိသတ္ေတြအားလုံး MASK မတပ္ထားျခင္း ၊ ဖာနန္ဒက္စ္ နဲ႔ နီးကပ္စြာေပြ႕ဖက္ ဓာတ္ပုံ႐ိုက္ခဲ့ျခင္းတို႔ေၾကာင့္ ကစားသမားအေနနဲ႔ ကိုဗစ္ကူးစက္ခံရႏိုင္ေခ်ရွိတဲ့အေပၚမွာ ေဒါသထြက္ၿပီး ေဝဖန္မႈေတြလည္း ရွိခဲ့ပါတယ္။