ပရိသတ်ဆိုးတွေနဲ့ အပြိုင် ဖိုက်တင်ချတဲ့ ပါယက်စ် နဲ့ ဂွမ်ဒူဇီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယမန်နေ့က ကစားခဲ့တဲ့ နိုက်စ် နဲ့ မာဆေးလ်တို့ရဲ့ ပြင်သစ်လီဂူး ပွဲစဉ် ၃ မှာတော့ ဆိုးသွမ်းပရိသတ်တွေကြောင့် ပွဲချိန် ၇၅ မိနစ်အရောက်မှာ ပြိုင်ပွဲကို ရပ်နားခဲ့ရပါတယ်။

အဲဒီဖြစ်ရပ်ကြောင့် နိုက်စ် ဟာ ပွဲကို ၃ – ၀ ရလဒ် နဲ့ အနိုင် ရဖို့ ရှိနေပြီး ဘောလုံး အဖွဲ့ချုပ် ရဲ့ ဆုံးဖြတ်ချက် ကို စောင့်ဆိုင်းလို့ နေခဲ့ ပါတယ်။

မာဆေး လ်ကတော့ သူတို့ကို အရှုံးပေး ပါက အယူခံ တင်သွင်း သွားမယ်လို့ သိရှိရပါတယ်။

နိုက်စ်အသင်းဟာ ဒေါလ်ဘာဂ့်ရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နေခဲ့ပြီး မာဆေးလ်အသင်းခေါင်းဆောင် ပါယက်စ် ထောင့်ကန်ဘော ကန်ချိန်တိုင်းမှာ နိုက်စ် ပရိသတ်တွေဟာ ရေသန့်ဗူးအပါအဝင် တခြားအရာဝတ္ထုတွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။

နောက်ဆုံးတစ်ကြိမ်မှာတော့ ပါယက်စ်က ဒေါသတကြီးနဲ့ ရေသန့်ဗူးကို ပရိသတ်တွေဆီ ပြန်လည် ပစ်ပေါက်ခဲ့ရာမှာတော့ ဆိုးသွမ်းပရိသတ်တွေဟာ ကွင်းထဲထိပြေးဝင်လာကြပြီး ပါယက်စ်ကို ရန်ပြုဖို့ ကြိုးစားခဲ့ကြပါတယ်။

မာဆေးလ်ကစားသမားတွေဖြစ်တဲ့ ဂွန်ဇာလက်စ်နဲ့ ဂွမ်ဒူဇီတို့ကလည်း အဲဒီရန်ပွဲမှာ ဝင်ပါခဲ့ကြတာကြောင့် ထိခိုက်ဒဏ်ရာ အနည်းငယ်စီ ရရှိခဲ့ကြပါတယ်။

ပွဲရပ်နား အပြီး ပြန်လည် စတင်ဖို့ ပြင်ဆင် ရာမှာတော့ မာဆေးလ် အသင်း နည်းပြ ဆမ်ပါအိုလီနဲ့ နိုက်စ် နောက်ခံလူ တိုဒီဘို တို့ ဥမင်ထဲမှာ ထပ်မံ ပြဿနာ ဖြစ်ပွားခဲ့ကြ ပြန်ပါတယ်။

ဆမ်ပါအိုလီ ဟာ တိုဒီဘို ပြောဆို လိုက်တဲ့ စကားနဲ့ ပတ်သက်ပြီး ဒေါသထွက် ခဲ့ကာ ကစားသမား နဲ့ ခိုက်ရန် ဖြစ်လုအထိ အငြင်းပွားခဲ့တယ်လို့ သိရပါတယ်။

ဆမ်ပါအိုလီ ကို သူ့ရဲ့ နည်းပြအဖွဲ့ဝင်တွေ နဲ့ ပါယက် စ်တို့က ဖြန်ဖြေ ခဲ့ကြပါတယ်။

အခြေအနေပြန်လည်တည်ငြိမ်သွားချိန်မှာတော့ ကွင်းလယ်ဒိုင်က ပွဲပြန်စဖို့ ဆုံးဖြတ်ခဲ့ပေမယ့် မာဆေးလ်အသင်းဘက်က ဆက်ကစားဖို့ ငြင်းဆိုခဲ့တာကြောင့် ပွဲကို ရပ်နားခဲ့ရပါတယ်။

မာဆေး လ်ဥက္ကဌ လွန်ဂေါ်ရီယာကတော့ ကွင်းလယ်ဒိုင် ဟာ ပွဲကို ဆက်မကစား လိုခဲ့ပေမယ့် ဘောလုံး အဖွဲ့ချုပ် က ပွဲကစားဖို့ ညွှန်ကြား ခဲ့ကြောင်း ၊ ကွင်းထဲမှာ မာဆေး အတွက် လုံခြုံမှု အာမခံ ချက် မရှိ နိုင်တာကြောင့် အခုလို ဆက်မကစားဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ကြောင်း ရှင်းလင်း ပြောဆို သွားခဲ့ ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ပရိသတ္ဆိုး​ေတြနဲ႔ အၿပိဳင္ ဖိုက္တင္ခ်တဲ့ ပါယက္စ္ နဲ႔ ဂြမ္ဒူဇီ

ယမန္ေန႔က ကစားခဲ့တဲ့ ႏိုက္စ္ နဲ႔ မာေဆးလ္တို႔ရဲ႕ ျပင္သစ္လီဂူး ပြဲစဥ္ ၃ မွာေတာ့ ဆိုးသြမ္းပရိသတ္ေတြေၾကာင့္ ပြဲခ်ိန္ ၇၅ မိနစ္အေရာက္မွာ ၿပိဳင္ပြဲကို ရပ္နားခဲ့ရပါတယ္။

အဲဒီျဖစ္ရပ္ေၾကာင့္ ႏိုက္စ္ ဟာ ပြဲကို ၃ – ၀ ရလဒ္ နဲ႔ အႏိုင္ ရဖို႔ ရွိေနၿပီး ေဘာလုံး အဖြဲ႕ခ်ဳပ္ ရဲ႕ ဆုံးျဖတ္ခ်က္ ကို ေစာင့္ဆိုင္းလို႔ ေနခဲ့ ပါတယ္ ။ မာေဆး လ္ကေတာ့ သူတို႔ကို အရႈံးေပး ပါက အယူခံ တင္သြင္း သြားမယ္လို႔ သိရွိရ ပါတယ္။

ႏိုက္စ္အသင္းဟာ ေဒါလ္ဘာဂ့္ရဲ႕ သြင္းဂိုးနဲ႔ ဦးေဆာင္ေနခဲ့ၿပီး မာေဆးလ္အသင္းေခါင္းေဆာင္ ပါယက္စ္ ေထာင့္ကန္ေဘာ ကန္ခ်ိန္တိုင္းမွာ ႏိုက္စ္ ပရိသတ္ေတြဟာ ေရသန႔္ဗူးအပါအဝင္ တျခားအရာဝတၳဳေတြနဲ႔ ပစ္ေပါက္ခဲ့ၾကပါတယ္။

ေနာက္ဆုံးတစ္ႀကိမ္မွာေတာ့ ပါယက္စ္က ေဒါသတႀကီးနဲ႔ ေရသန႔္ဗူးကို ပရိသတ္ေတြဆီ ျပန္လည္ ပစ္ေပါက္ခဲ့ရာမွာေတာ့ ဆိုးသြမ္းပရိသတ္ေတြဟာ ကြင္းထဲထိေျပးဝင္လာၾကၿပီး ပါယက္စ္ကို ရန္ျပဳဖို႔ ႀကိဳးစားခဲ့ၾကပါတယ္။

မာေဆးလ္ကစားသမားေတြျဖစ္တဲ့ ဂြန္ဇာလက္စ္နဲ႔ ဂြမ္ဒူဇီတို႔ကလည္း အဲဒီရန္ပြဲမွာ ဝင္ပါခဲ့ၾကတာေၾကာင့္ ထိခိုက္ဒဏ္ရာ အနည္းငယ္စီ ရရွိခဲ့ၾကပါတယ္။ ပြဲရပ္နား အၿပီး ျပန္လည္ စတင္ဖို႔ ျပင္ဆင္ ရာမွာေတာ့ မာေဆးလ္ အသင္း နည္းျပ ဆမ္ပါအိုလီနဲ႔ ႏိုက္စ္ ေနာက္ခံလူ တိုဒီဘို တို႔ ဥမင္ထဲမွာ ထပ္မံ ျပႆနာ ျဖစ္ပြားခဲ့ၾက ျပန္ပါတယ္။

ဆမ္ပါအိုလီ ဟာ တိုဒီဘို ေျပာဆို လိုက္တဲ့ စကားနဲ႔ ပတ္သက္ၿပီး ေဒါသထြက္ ခဲ့ကာ ကစားသမား နဲ႔ ခိုက္ရန္ ျဖစ္လုအထိ အျငင္းပြားခဲ့တယ္လို႔ သိရ ပါတယ္။ ဆမ္ပါအိုလီ ကို သူ႔ရဲ႕ နည္းျပအဖြဲ႕ဝင္ေတြ နဲ႔ ပါယက္ စ္တို႔က ျဖန္ေျဖ ခဲ့ၾကပါတယ္။

အေျခအေနျပန္လည္တည္ၿငိမ္သြားခ်ိန္မွာေတာ့ ကြင္းလယ္ဒိုင္က ပြဲျပန္စဖို႔ ဆုံးျဖတ္ခဲ့ေပမယ့္ မာေဆးလ္အသင္းဘက္က ဆက္ကစားဖို႔ ျငင္းဆိုခဲ့တာေၾကာင့္ ပြဲကို ရပ္နားခဲ့ရပါတယ္။

မာေဆး လ္ဥကၠဌ လြန္ေဂၚရီယာကေတာ့ ကြင္းလယ္ဒိုင္ ဟာ ပြဲကို ဆက္မကစား လိုခဲ့ေပမယ့္ ေဘာလုံး အဖြဲ႕ခ်ဳပ္ က ပြဲကစားဖို႔ ၫႊန္ၾကား ခဲ့ေၾကာင္း ၊ ကြင္းထဲမွာ မာေဆး အတြက္ လုံၿခဳံမႈ အာမခံ ခ်က္ မရွိ ႏိုင္တာေၾကာင့္ အခုလို ဆက္မကစားဖို႔ ဆုံးျဖတ္ခဲ့တာ ျဖစ္ေၾကာင္း ရွင္းလင္း ေျပာဆို သြားခဲ့ ပါတယ္။