

ပဲလေ့စ်နဲ့ ၂ဂိုးစီသရေကျတဲ့ပွဲမှာ ပရိသတ်ကိုကြမ်းကြမ်းတမ်းတမ်းတုံ့ပြန်ခဲ့တဲ့ အာဆင်နယ်ကွင်းလယ်လူရှာကာကို အသင်းရဲ့ဂန္ထဝင်တိုက်စစ်မှူးအီရန်ရိုက်က ဝေဖန်လိုက်ပြီး သူ့ရဲ့အပြုအမူအတွက် ဂန်းနားပရိသတ်တွေကို ချက်ချင်းပြန်တောင်းပန်သင့်တယ်လို့ တိုက်တွန်းလိုက်ပါတယ်။ပြိုင်ဘက်အပေါ် ၂ဂိုးပြတ်ဦးဆောင်ပြီးမှ ချေပဂိုးတွေပြန်ပေးလိုက်ရတဲ့အတွက် ပရိသတ်တွေက ဒေါသထွက်လှောင်ပြောင်ခဲ့ကြတာမှန်ပေမယ့် ရှာကာအနေနဲ့ဒီလိုမတုံ့ပြန်သင့်ဘူးလို့လည်း အီရန်ရိုက်က ပြောဆိုသွားပါတယ်။

ဆွစ်ဇာလန်ကွင်းလယ်လူဟာ လူစားလဲခံရချိန်မှာ သူ့ကိုလှောင်ပြောင်တဲ့ ပရိသတ်တွေကို ကြမ်းတမ်းတဲ့အသုံးအနှုန်းတွေနဲ့တုံ့ပြန်ခဲ့ပြီး ဂျာစီကိုဆွဲချွတ်ကာ ဥမင်လှိုဏ်ခေါင်းထဲကို ချက်ချင်းဝင်သွားခဲ့ပါတယ်။

“ဘယ်ကစားသမားပဲဖြစ်ဖြစ် ဒီလိုလုပ်တာကို ကျွန်တော်မကြိုက်ပါဘူး။ သူကအသင်းခေါင်းဆောင်တောင်ဖြစ်နေတဲ့အတွက် ရှောင်ပြေးလို့မရပါဘူး။ သူ့ကို ၄နှစ်နီးပါးလောက် အားပေးခဲ့တဲ့ပရိသတ်နဲ့ပတ်သတ်လို့ပြောတာပါ။ အသင်းခေါင်းဆောင်တစ်ယောက်အနေနဲ့ တောင်းပန်သင့်သလို တောင်းပန်ပြီးသားဖြစ်နေရပါမယ်။ ဒါဟာ အသင်းခေါင်းဆောင်တစ်ယောက်ရဲ့ အပြုအမူမဟုတ်ပါဘူး” လို့ အီရန်ရိုက်ကပြောဆိုလိုက်ကြောင်း Dailymail က ဖေါ်ပြသွားခဲ့ပါတယ်။

အာဆင်နယ်နည်းပြအူနိုင်းအမ်မရီကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး ရှာကာနဲ့သေချာပေါက် ဆွေးနွေးသွားမယ်လို့ဆိုပါတယ်။

“ အခုလိုအချိန်မှာ ဒီအကြောင်းမပြောချင်သေးပါဘူး။ ပထမဆုံးအနေနဲ့ သူနဲ့ရော၊ အသင်းနဲ့ပါစကားပြောချင်ပါတယ်။ အခုအချိန်မှာ ကျွန်တော်တို့တည်တည်ငြိမ်ငြိမ်ဖြစ်ဖို့က အရေးကြီးဆုံးဖြစ်ပေမယ့် သူ့ဘက်ကမှားခဲ့တယ်ဆိုတာကတော့ အသေအချာပါပဲ” လို့ အမ်မရီကဆိုပါတယ်။
(zawgyi)
ပဲေလ့စ္နဲ႔ ၂ဂိုးစီသေရက်တဲ့ပြဲမွာ ပရိသတ္ကိုၾကမ္းၾကမ္းတမ္းတမ္းတံု႔ျပန္ခဲ့တဲ့ အာဆင္နယ္ကြင္းလယ္္လူရွာကာကို အသင္းရဲ႕ဂႏၳ၀င္တိုက္စစ္မွဴးအီရန္ရိုက္က ေ၀ဖန္လိုက္ၿပီး သူ႔ရဲ႕အျပဳအမူအတြက္ ဂန္းနားပရိသတ္ေတြကို ခ်က္ခ်င္းျပန္္ေတာင္းပန္သင့္တယ္လို႔ တိုက္တြန္းလိုက္ပါတယ္။ၿပိဳင္ဘက္အေပၚ ၂ဂိုးျပတ္ဦးေဆာင္ၿပီးမွ ေခ်ပဂိုးေတြျပန္ေပးလိုက္ရတဲ့အတြက္ ပရိသတ္ေတြက ေဒါသထြက္ေလွာင္ေျပာင္ခဲ့ၾကတာမွန္ေပမယ့္ ရွာကာအေနနဲ႔ဒီလိုမတံု႔ျပန္သင့္ဘူးလို႔လည္း အီရန္ရိုက္က ေျပာဆိုသြားပါတယ္။ဆြစ္ဇာလန္ကြင္းလယ္လူဟာ လူစားလဲခံရခ်ိန္မွာ သူ႔ကိုေလွာင္ေျပာင္တဲ့ ပရိသတ္ေတြကို ၾကမ္းတမ္းတဲ့အသံုးအႏႈန္းေတြနဲ႔တံု႔ျပန္ခဲ့ၿပီး ဂ်ာစီကိုဆြဲခၽြတ္ကာ ဥမင္လိႈဏ္ေခါင္းထဲကို ခ်က္ခ်င္း၀င္သြားခဲ့ပါတယ္။“ဘယ္ကစားသမားပဲျဖစ္ျဖစ္ ဒီလိုလုပ္တာကို ကၽြန္ေတာ္မၾကိဳက္ပါဘူး။ သူကအသင္းေခါင္းေဆာင္ေတာင္ျဖစ္ေနတဲ့အတြက္ ေရွာင္ေျပးလို႔မရပါဘူး။ သူ႔ကို ၄ႏွစ္နီးပါးေလာက္ အားေပးခဲ့တဲ့ပရိသတ္နဲ႔ပတ္သတ္လို႔ေျပာတာပါ။ အသင္းေခါင္းေဆာင္တစ္ေယာက္အေနနဲ႔ ေတာင္းပန္သင့္သလို ေတာင္းပန္ၿပီးသားျဖစ္ေနရပါမယ္။ ဒါဟာ အသင္းေခါင္းေဆာင္တစ္ေယာက္ရဲ႕ အျပဳအမူမဟုတ္ပါဘူး” လို႔ အီရန္ရိုက္ကေျပာဆိုလိုက္ေၾကာင္း Dailymail က ေဖၚျပသြားခဲ့ပါတယ္။အာဆင္နယ္နည္းျပအူႏိုင္းအမ္မရီကလည္း ဒီကိစၥနဲ႔ပတ္သက္ၿပီး ရွာကာနဲ႔ေသခ်ာေပါက္ ေဆြးေႏြးသြားမယ္လို႔ဆိုပါတယ္။“ အခုလိုအခ်ိန္မွာ ဒီအေၾကာင္းမေျပာခ်င္ေသးပါဘူး။ ပထမဆံုးအေနနဲ႔ သူနဲ႔ေရာ၊ အသင္းနဲ႔ပါစကားေျပာခ်င္ပါတယ္။ အခုအခ်ိန္မွာ ကၽြန္ေတာ္တို႔တည္တည္ျငိမ္ျငိမ္ျဖစ္ဖို႔က အေရးၾကီးဆံုးျဖစ္ေပမယ့္ သူ႔ဘက္ကမွားခဲ့တယ္ဆိုတာကေတာ့ အေသအခ်ာပါပဲ” လို႔ အမ္မရီကဆိုပါတယ္။