ပရိသတ္ေတြရဲ႕ေ၀ဖန္မႈေၾကာင့္ နာက်င္ရတယ္လုိ႔ အာဆင္နယ္ပိုင္ရွင္ရဲ႕သားျဖစ္သူ၀န္ခံ

မၾကာေသးခင္ရက္ပိုင္းက ထင္ရွားတဲ့အာဆင္နယ္အားေပးသူမ်ားအဖြဲ႕ေတြနဲ႔ Blogger ေတြ စုစုေပါင္း ၁၆ ဖြဲ႕ဟာ စုေပါင္း လက္မွတ္ေရးထိုးၿပီးေတာ့ ေၾကညာခ်က္ထုတ္ျပန္ကာ  အသင္းကို လမ္းေၾကာင္းမွန္ေပၚျပန္ေရာက္ေအာက္ လုပ္ေဆာင္ဖုိ႔ အသင္းပိုင္ရွင္ခရိုအန္ကီကို တိုက္တြန္းခဲ့ၾကပါတယ္။ ဒါ့အျပင္ အဲဒီေၾကညာခ်က္ထဲမွာ ခရိုအန္ကီဟာ အသင္းကို ရင္းႏွီးျမွပ္ႏွံတဲ့ယာဥ္တစ္စီးလိုအသုံးျပဳေနေၾကာင္း စြပ္စြဲခဲ့ပါေသးတယ္။

အေမရိကန္ဘီလ်ံနာခရိုအန္ကီနဲ႔ပတ္သက္ၿပီး မ်ားစြာေသာအာဆင္နယ္ပရိသတ္ေတြ ေပါင္းစုၿပီး မေက်နပ္ေၾကာင္း ေျပာၾကတာဟာ  ဒါပထမဆုံးအႀကိမ္လည္း ျဖစ္ပါတယ္။

photo-gettyimages

ဒီအတြက္ ေဒါသထြက္ေနတဲ့ပရိသတ္ေတြရဲ႕ေ၀ဖန္စြပ္စြဲမႈေၾကာင့္ နာက်င္ရေၾကာင္း အာဆင္နယ္အသင္းဒါရိုက္တာျဖစ္သူ ဂ်ိဳ႕ရွ္ခရုိအန္ကီက ၀န္ခံလိုက္ပါတယ္။ ဂ်ိဳ႔ရွ္ခရိုအန္ကီဟာ ပိုင္ရွင္ခရုိအန္ကီရဲ႕သားျဖစ္ကာ အသင္းမွာ ဒါရိုက္တာရာထူးရယူထားတာပါ။

”အာဆင္နယ္ေဘာလုံးကလပ္နဲ႔ပတ္သက္လုိ႔ ကၽြန္ေတာ္ဘယ္ေလာက္ စိတ္ဆႏၵျပင္းျပတယ္ဆုိတာ ကၽြန္ေတာ့္ကိုသိတဲ့သူတိုင္း သိၾကပါတယ္။ အဲဒါဟာ ခံရခက္သလားဆုိေတာ့ သိပ္ဟုတ္တာေပါ့ဗ်ာ။ ဒါေပမဲ့ ကၽြန္ေတာ္ဟာ မိတ္ေဆြဖြဲ႕ဖို႔ ဒီစီးပြားေရးထဲကို ေရာက္လာတာ မဟုတ္ပါဘူး။ ေအာင္ျမင္ဖုိ႔အတြက္ ေရာက္လာတာပါ။ လူေတြနဲ႔ အႀကိတ္အနယ္ေဆြးေႏြးရဖို႔ ကၽြန္ေတာ္ေၾကာက္ေနမွာ မဟုတ္ပါဘူး။

ဘာေၾကာင့္လဲဆုိေတာ့ ကၽြန္ေတာ္တို႔ဘက္က ပြင့္လင္းျမင္သာမႈရွိပါတယ္။ ကၽြန္ေတာ္တုိ႔မွာ ဘာမွဖုံးကြယ္ထားစရာမရွိပါဘူး”လုိ႔ ဂ်ိဳ႕ရွ္ခရုိအန္ကီက အင္တာဗ်ဴးတစ္ခုမွာ ေျပာခဲ့တာပါ။

photo-gettyimages

အာဆင္နယ္ဟာ ပရီးမီးယားလိဂ္မွာ ေနာက္ဆုံးဗိုလ္စြဲခဲ့တာ ၂၀၀၄ ခုႏွစ္က ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ရာသီကလည္း ယူရိုပါလိဂ္ဗိုလ္လုပြဲမွာ ခ်ဲလ္ဆီးကိုအေရးနိမ့္ခဲ့လုိ႔ လာမယ့္ရာသီခ်န္ပီယံလိဂ္ၿပိဳင္ပြဲနဲ႔လြဲေခာ်္ခဲ့ရပါတယ္။ အာဆင္နယ္အေနနဲ႔ ခ်န္ပီယံလိဂ္မွာ မကစားရတာ ၃ ရာသီဆက္ရွိေနၿပီး အဲဒီအေပၚ အသင္းပရိသတ္ေတြရဲ႕မေက်နပ္ခ်က္ဟာ တစ္ေန႔တစ္ျခားႀကီးထြားလာပါတယ္။

[Unicode]

မကြာသေးခင်ရက်ပိုင်းက ထင်ရှားတဲ့အာဆင်နယ်အားပေးသူများအဖွဲ့တွေနဲ့ Blogger တွေ စုစုပေါင်း ၁၆ ဖွဲ့ဟာ စုပေါင်း လက်မှတ်ရေးထိုးပြီးတော့ ကြေညာချက်ထုတ်ပြန်ကာ  အသင်းကို လမ်းကြောင်းမှန်ပေါ်ပြန်ရောက်အောက် လုပ်ဆောင်ဖို့ အသင်းပိုင်ရှင်ခရိုအန်ကီကို တိုက်တွန်းခဲ့ကြပါတယ်။ ဒါ့အပြင် အဲဒီကြေညာချက်ထဲမှာ ခရိုအန်ကီဟာ အသင်းကို ရင်းနှီးမြှပ်နှံတဲ့ယာဉ်တစ်စီးလိုအသုံးပြုနေကြောင်း စွပ်စွဲခဲ့ပါသေးတယ်။ အမေရိကန်ဘီလျံနာခရိုအန်ကီနဲ့ပတ်သက်ပြီး များစွာသောအာဆင်နယ်ပရိသတ်တွေ ပေါင်းစုပြီး မကျေနပ်ကြောင်း ပြောကြတာဟာ  ဒါပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။

ဒီအတွက် ဒေါသထွက်နေတဲ့ပရိသတ်တွေရဲ့ဝေဖန်စွပ်စွဲမှုကြောင့် နာကျင်ရကြောင်း အာဆင်နယ်အသင်းဒါရိုက်တာဖြစ်သူ ဂျို့ရှ်ခရိုအန်ကီက ဝန်ခံလိုက်ပါတယ်။ ဂျို့ရှ်ခရိုအန်ကီဟာ ပိုင်ရှင်ခရိုအန်ကီရဲ့သားဖြစ်ကာ အသင်းမှာ ဒါရိုက်တာရာထူးရယူထားတာပါ။ ”အာဆင်နယ်ဘောလုံးကလပ်နဲ့ပတ်သက်လို့ ကျွန်တော်ဘယ်လောက် စိတ်ဆန္ဒပြင်းပြတယ်ဆိုတာ ကျွန်တော့်ကိုသိတဲ့သူတိုင်း သိကြပါတယ်။ အဲဒါဟာ ခံရခက်သလားဆိုတော့ သိပ်ဟုတ်တာပေါ့ဗျာ။ ဒါပေမဲ့ ကျွန်တော်ဟာ မိတ်ဆွေဖွဲ့ဖို့ ဒီစီးပွားရေးထဲကို ရောက်လာတာ မဟုတ်ပါဘူး။ အောင်မြင်ဖို့အတွက် ရောက်လာတာပါ။ လူတွေနဲ့ အကြိတ်အနယ်ဆွေးနွေးရဖို့ ကျွန်တော်ကြောက်နေမှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ဘက်က ပွင့်လင်းမြင်သာမှုရှိပါတယ်။ ကျွန်တော်တို့မှာ ဘာမှဖုံးကွယ်ထားစရာမရှိပါဘူး”လို့ ဂျို့ရှ်ခရိုအန်ကီက အင်တာဗျူးတစ်ခုမှာ ပြောခဲ့တာပါ။

အာဆင်နယ်ဟာ ပရီးမီးယားလိဂ်မှာ နောက်ဆုံးဗိုလ်စွဲခဲ့တာ ၂၀၀၄ ခုနှစ်က ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီကလည်း ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ချဲလ်ဆီးကိုအရေးနိမ့်ခဲ့လို့ လာမယ့်ရာသီချန်ပီယံလိဂ်ပြိုင်ပွဲနဲ့လွဲခောျ်ခဲ့ရပါတယ်။ အာဆင်နယ်အနေနဲ့ ချန်ပီယံလိဂ်မှာ မကစားရတာ ၃ ရာသီဆက်ရှိနေပြီး အဲဒီအပေါ် အသင်းပရိသတ်တွေရဲ့မကျေနပ်ချက်ဟာ တစ်နေ့တစ်ခြားကြီးထွားလာပါတယ်။