ပယ်နယ်တီရအောင် ‘ဟန်ဆောင်ကာမူပို’ခဲ့တဲ့ ဟန်ဂေရီကစားသမားကို ဒီကလန်ရိုက်စ်ဝေဖန်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အင်္ဂလန်အသင်းကွင်းလယ်လူဒီကလန်ရိုက်စ်က ဟန်ဂေရီနဲ့(၁-၁)ဂိုးစီသရေကျခဲ့တဲ့ပွဲမှာ ပယ်နယ်တီရရှိအောင် အမူအယာပိုခဲ့တဲ့ ဟန်ဂေရီနောက်ခံလူလိုအစ်နီဂိုရဲ့အပြုအမူအပေါ် ဝေဖန်ခဲ့ပြီး ရူးကြောင်ကြောင်နိုင်တဲ့အပြုအမူလို့ ပြစ်တင်ပြောဆိုလိုက်ပါတယ်။

အင်္ဂလန်-ဟန်ဂေရီတို့ပွဲ၊ မိနစ်(၂၀)ကျော်မှာ ပယ်နယ်တီဧရိယာအတွင်း လုခ်ရှောက ဘောလုံးကို ခြေထောက်မြှောက်ပြီးတော့ရှင်းထုတ်ခဲ့ချိန်မှာ နီဂိုက ခေါင်းနဲ့ဝင်တိုက်ခဲ့တာကြောင့် ခြေထောက်နဲ့မတော်တဆထိခိုက်မိခဲ့ပြီး

မြေပေါ်မှာအလူးအလဲအော်ဟစ်ခဲ့သလို အဲဒီအဖြစ်အပျက်အတွက် ဒိုင်လူကြီးက ပယ်နယ်တီပေးခဲ့တာဖြစ်ပါတယ်။

လုခ်ရှောဟာ ဘောလုံးကို အရင်ထိပြီးမှ နီဂိုက ခေါင်းနဲ့ဝင်တိုက်ခဲ့တာဖြစ်ပေမယ့် ကွင်းလယ်ဒိုင်ဟိုဆေးဟာနန်ဒက်စ်ကတော့ ပယ်နယ်တီအဖြစ်သတ်မှတ်ပေးခဲ့ပါတယ်။

ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်အပေါ် အင်္ဂလန်ကစားသမားတွေ ဝိုင်းဝန်းစောဒက်တက်ခဲ့ပေမယ့် ဒိုင်လူကြီးသာမက VAR ကလည်း ပယ်နယ်တီအဖြစ်သတ်မှတ်ဖို့ ဆုံးဖြတ်ခဲ့တဲ့အပြင် လုခ်ရှောကိုလည်း အဝါကတ်ပြသတိပေးခဲ့ပါသေးတယ်။

ဒီပယ်နယ်တီကို ဟန်ဂေရီတိုက်စစ်မှူးဆလိုင်းက ကန်သွင်းယူခဲ့ပြီး အင်္ဂလန်အသင်းအတွက်ချေပဂိုးကိုတော့ (၁၃)မိနစ်အကြာမှာ နောက်ခံလူဂျွန်စတုန်းစ်က သွင်းယူခဲ့တာဖြစ်ပါတယ်။

ဟန်ဂေရီနဲ့ပွဲအပြီးမှာ ဒီကလန်ရိုက်စ်က “နီဂိုရဲ့လုပ်ရပ်က အမှန်အတိုင်းပြောရရင် နည်းနည်းတော့ရူးကြောင်ကြောင်နိုင်ပါတယ်။

သူက သူ့ခေါင်းကိုတောင် ကိုင်ပြီးအော်ဟစ်နေလိုက်ပါသေးတယ်။

ခြေထောက်မြှောက်ပြီး ဘောလုံးရှင်းထုတ်တာကို ပယ်နယ်တီပေးလိုက်တာဆိုတာက ကျွန်တော့်အမြင်အရဆိုရင်တော့ မဖြစ်သင့်ပါဘူး”လို့ ဝေဖန်ခဲ့ပါတယ်။

အင်္ဂလန်အသင်းဟာ ၂၀၁၂၊ စက်တင်ဘာ(၁၁)ရက်တုန်းက ၂၀၁၄ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် ယူကရိန်းအသင်းကို အိမ်ကွင်းမှာ(၁-၁)ဂိုးနဲ့သရေကျခဲ့တဲ့ပွဲနောက်ပိုင်း ခြေစစ်ပွဲတွေမှာအိမ်ကွင်းပွဲတိုင်းအနိုင်ရခဲ့ပြီး (၉)နှစ်ကျော်အကြာမှာ ပထမဆုံးအကြိမ်နိုင်ပွဲပျောက်ခဲ့တာပါ။

အင်္ဂလန်အသင်းနည်းပြဆောက်ဂိတ်က အသင်းရဲ့ခြေစွမ်းအပေါ် ဝေဖန်မှုတွေလုပ်ခဲ့ပေမယ့် ဒီကလန်ရိုက်စ်ကတော့ “ဒီပွဲမှာ သရေရလဒ်သာထွက်ပေါ်ခဲ့လို့ ကျွန်တော်တို့ကစားပုံ ညံ့တယ်လို့ပြောလို့မရဘဲ ကျွန်တော်တို့ဟာ တစ်ပွဲလုံးအသာစီးကနေ ကစားနိုင်ခဲ့ပါတယ်။

ကြောင်တောင်တောင်ပယ်နယ်တီကြောင့် ဂိုးပေးလိုက်ရပြီး လက်ကျန်မိနစ်တွေမှာ နိုင်ပွဲရယူနိုင်ဖို့ ကျွန်တော်တို့မစွမ်းဆောင်နိုင်ခဲ့ပါဘူး။

ဟန်ဂေရီအသင်းဟာ ပထမအကျော့အဝေးကွင်းပွဲတုန်းကထက် ခြေစွမ်းပိုမာကျောခဲ့ပြီး စုစည်းမှုအပြည့်၊ ကြိုးစားအားထုတ်မှုအပြည့်နဲ့ကစားနိုင်ခဲ့ပါတယ်”လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ပယ္နယ္တီရေအာင္ ‘ဟန္ေဆာင္ကာမူပို’ခဲ့တဲ့ ဟန္ေဂရီကစားသမားကို ဒီကလန္႐ိုက္စ္ေဝဖန္

အဂၤလန္အသင္းကြင္းလယ္လူဒီကလန္႐ိုက္စ္က ဟန္ေဂရီနဲ႔(၁-၁)ဂိုးစီသေရက်ခဲ့တဲ့ပြဲမွာ ပယ္နယ္တီရရွိေအာင္ အမူအယာပိုခဲ့တဲ့ ဟန္ေဂရီေနာက္ခံလူလိုအစ္နီဂိုရဲ႕အျပဳအမူအေပၚ ေဝဖန္ခဲ့ၿပီး ႐ူးေၾကာင္ေၾကာင္ႏိုင္တဲ့အျပဳအမူလို႔ ျပစ္တင္ေျပာဆိုလိုက္ပါတယ္။ အဂၤလန္-ဟန္ေဂရီတို႔ပြဲ၊ မိနစ္(၂၀)ေက်ာ္မွာ ပယ္နယ္တီဧရိယာအတြင္း လုခ္ေရွာက ေဘာလုံးကို ေျခေထာက္ေျမႇာက္ၿပီးေတာ့ရွင္းထုတ္ခဲ့ခ်ိန္မွာ နီဂိုက ေခါင္းနဲ႔ဝင္တိုက္ခဲ့တာေၾကာင့္ ေျခေထာက္နဲ႔မေတာ္တဆထိခိုက္မိခဲ့ၿပီး ေျမေပၚမွာအလူးအလဲေအာ္ဟစ္ခဲ့သလို အဲဒီအျဖစ္အပ်က္အတြက္ ဒိုင္လူႀကီးက ပယ္နယ္တီေပးခဲ့တာျဖစ္ပါတယ္။ လုခ္ေရွာဟာ ေဘာလုံးကို အရင္ထိၿပီးမွ နီဂိုက ေခါင္းနဲ႔ဝင္တိုက္ခဲ့တာျဖစ္ေပမယ့္ ကြင္းလယ္ဒိုင္ဟိုေဆးဟာနန္ဒက္စ္ကေတာ့ ပယ္နယ္တီအျဖစ္သတ္မွတ္ေပးခဲ့ပါတယ္။ ဒိုင္လူႀကီးရဲ႕ဆုံးျဖတ္ခ်က္အေပၚ အဂၤလန္ကစားသမားေတြ ဝိုင္းဝန္းေစာဒက္တက္ခဲ့ေပမယ့္ ဒိုင္လူႀကီးသာမက VAR ကလည္း ပယ္နယ္တီအျဖစ္သတ္မွတ္ဖို႔ ဆုံးျဖတ္ခဲ့တဲ့အျပင္ လုခ္ေရွာကိုလည္း အဝါကတ္ျပသတိေပးခဲ့ပါေသးတယ္။ ဒီပယ္နယ္တီကို ဟန္ေဂရီတိုက္စစ္မႉးဆလိုင္းက ကန္သြင္းယူခဲ့ၿပီး အဂၤလန္အသင္းအတြက္ေခ်ပဂိုးကိုေတာ့ (၁၃)မိနစ္အၾကာမွာ ေနာက္ခံလူဂြၽန္စတုန္းစ္က သြင္းယူခဲ့တာျဖစ္ပါတယ္။

ဟန္ေဂရီနဲ႔ပြဲအၿပီးမွာ ဒီကလန္႐ိုက္စ္က “နီဂိုရဲ႕လုပ္ရပ္က အမွန္အတိုင္းေျပာရရင္ နည္းနည္းေတာ့႐ူးေၾကာင္ေၾကာင္ႏိုင္ပါတယ္။ သူက သူ႔ေခါင္းကိုေတာင္ ကိုင္ၿပီးေအာ္ဟစ္ေနလိုက္ပါေသးတယ္။ ေျခေထာက္ေျမႇာက္ၿပီး ေဘာလုံးရွင္းထုတ္တာကို ပယ္နယ္တီေပးလိုက္တာဆိုတာက ကြၽန္ေတာ့္အျမင္အရဆိုရင္ေတာ့ မျဖစ္သင့္ပါဘူး”လို႔ ေဝဖန္ခဲ့ပါတယ္။ အဂၤလန္အသင္းဟာ ၂၀၁၂၊ စက္တင္ဘာ(၁၁)ရက္တုန္းက ၂၀၁၄ကမာၻ႔ဖလားေျခစစ္ပြဲအျဖစ္ ယူကရိန္းအသင္းကို အိမ္ကြင္းမွာ(၁-၁)ဂိုးနဲ႔သေရက်ခဲ့တဲ့ပြဲေနာက္ပိုင္း ေျခစစ္ပြဲေတြမွာအိမ္ကြင္းပြဲတိုင္းအႏိုင္ရခဲ့ၿပီး (၉)ႏွစ္ေက်ာ္အၾကာမွာ ပထမဆုံးအႀကိမ္ႏိုင္ပြဲေပ်ာက္ခဲ့တာပါ။ အဂၤလန္အသင္းနည္းျပေဆာက္ဂိတ္က အသင္းရဲ႕ေျခစြမ္းအေပၚ ေဝဖန္မႈေတြလုပ္ခဲ့ေပမယ့္ ဒီကလန္႐ိုက္စ္ကေတာ့ “ဒီပြဲမွာ သေရရလဒ္သာထြက္ေပၚခဲ့လို႔ ကြၽန္ေတာ္တို႔ကစားပုံ ညံ့တယ္လို႔ေျပာလို႔မရဘဲ ကြၽန္ေတာ္တို႔ဟာ တစ္ပြဲလုံးအသာစီးကေန ကစားႏိုင္ခဲ့ပါတယ္။ ေၾကာင္ေတာင္ေတာင္ပယ္နယ္တီေၾကာင့္ ဂိုးေပးလိုက္ရၿပီး လက္က်န္မိနစ္ေတြမွာ ႏိုင္ပြဲရယူႏိုင္ဖို႔ ကြၽန္ေတာ္တို႔မစြမ္းေဆာင္ႏိုင္ခဲ့ပါဘူး။ ဟန္ေဂရီအသင္းဟာ ပထမအေက်ာ့အေဝးကြင္းပြဲတုန္းကထက္ ေျခစြမ္းပိုမာေက်ာခဲ့ၿပီး စုစည္းမႈအျပည့္၊ ႀကိဳးစားအားထုတ္မႈအျပည့္နဲ႔ကစားႏိုင္ခဲ့ပါတယ္”လို႔ ဆက္လက္ေျပာၾကားခဲ့ပါတယ္။