
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
အခု ယူရိုပြိုင်ပွဲမှာ ဆယ်စုနှစ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရတဲ့ သမိုင်းဝင်မှတ်တမ်းဆိုးတွေကို တစ်ခုပြီးတစ်ခုရပ်တန့်ပြီးတော့ ဗိုလ်လုပွဲအထိရောက်လာတဲ့
အင်္ဂလန်အသင်းဟာ ဗိုလ်လုပွဲကျမှပဲ ပယ်နယ်တီကြမ္မာဆိုးနဲ့ ထပ်ရင်ဆိုင်ခဲ့ရပြန်ပါတယ်။
နှစ်သင်းစလုံးရဲ့ခြေစွမ်းပိုင်းကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ အီတလီအသင်းအတွက် ယူရိုဆုဖလားနဲ့ထိုက်တန်တယ်လို့ပြောရမှာဖြစ်ပြီး
အင်္ဂလန်အသင်းကတော့ မိနစ်(၁၂၀)စလုံးမှာ ဂိုးပေါက်တည့်မှု(၁)ကြိမ်သာရှိခဲ့တာက ဆိုးရွားလွန်းတယ်။
နည်းပြနှစ်ယောက်ရဲ့ အရည်အသွေးက ဒီလိုပွဲမျိုးမှာ စကားပြောခဲ့ပြီး ဆောက်ဂိတ်ရဲ့ လူစားလဲပုံ၊ နည်းဗျူဟာအပြောင်းအလဲတွေနဲ့
မန်စီနီရဲ့လူစားအပြောင်းအလဲ၊ နည်းဗျူဟာအပြောင်းအလဲတွေက ဘယ်သူပိုသာလဲဆိုတာ တော်တော်လေးသိသာပါတယ်။
ဆောက်ဂိတ်ဟာ ဂျာမနီကို နိုင်ခဲ့တဲ့ပွဲတုန်းကနည်းဗျူဟာအတိုင်း (၃-၄-၃)ကစားကွက်ခင်းကျင်းခဲ့ပြီး အီတလီအသင်းရဲ့ တောင်ပံတိုက်စစ်တွေကို
အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်ခဲ့ပေမယ့် တိုက်စစ်က အရင်လောက်မထက်မြက်ခဲ့တာအမှန်ပဲ။
ခြေစွမ်းမပြနိုင်တဲ့ မေဆင်မောင့်ကို စောစောစီးစီးကတည်းက လူစားမလဲခဲ့တာ၊ ရိစ်ဂျိမ်းစ်လို Wing Back ကစားနိုင်တဲ့သူရှိတာတောင်
ဆာကာကို ညာခြမ်းမှာ Wing Back ပုံစံကစားခိုင်းတာနဲ့ လူစားလဲမှုအမှားတွေက ဆောက်ဂိတ်အတွက် ပေးဆပ်မှုကြီးမားခဲ့ရတယ်။
တကယ်ဆို ဒီလိုပွဲမျိုးမှာ ကိုယ့်အသင်းက ဂိုးလည်းစောစောရထားတယ်၊ အိမ်ရှင်အခွင့်အရေးလည်းရှိနေတဲ့အတွက် ရုပ်ပျက်ဆင်းပျက်ကြီး ခံစစ်ကစားဖို့ကို မလိုတာပါ။
ဒုတိယပိုင်းမှာ မလိုလားအပ်ဘဲ အင်္ဂလန်အသင်း ခံစစ် ဦးစားပေးခဲ့တာက အကြီးကြီးမှားခဲ့ပြီး အီတလီကို အခွင့်အရေးပေးလိုက်သလိုပါပဲ။
အင်္ဂလန်အသင်းအတွက် အဖွင့်ဂိုးကို ပွဲစလို့ (၁)မိနစ်၊ (၅၇)စက္ကန့်မှာပဲ ထရစ်ပီယာ ညာခြမ်းကနေ တင်ပေးလိုက်တာကို လုခ်ရှောက Volley ကန်ချက်နဲ့ပိတ်သွင်းခဲ့ပြီး
ဒါက ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် ဗိုလ်လုပွဲမှာ အမြန်ဆုံးဂိုးအဖြစ် စံချိန်တင်ခဲ့ပါတယ်။
ဒါပေမဲ့ အင်္ဂလန်အသင်း ဂိုးပေါက်တည့်တာက တစ်ပွဲလုံးမှာ အဲဒီတစ်ကြိမ်ပဲရှိတာပါ။
ပထမပိုင်းမှာ ဒီကလန်ရိုက်စ်၊ ကယ်လ်ဗင်ဖိလစ်တို့ရဲ့ ဖျက်အားကြောင့် အီတလီအသင်း ဂိုးရဖို့ခက်နေပြီး အဝေးကန်ချက်တွေနဲ့သာ ခြိမ်းခြောက်ခဲ့ရတယ်။
အီတလီအသင်းကွင်းလယ်က ဗာရက်တီ၊ ဂျော်ဂျင်ဟိုနဲ့ ဘာရယ်လာတို့အတွဲက တစ်ပွဲထက်တစ်ပွဲအားနည်းချက်တွေ ပိုမြင်လာရပြီး
သာမန်ပွဲတွေမှာ မသိသာပေမယ့် ဒီလိုပွဲမျိုးမှာ သူတို့(၃)ယောက်ရဲ့ Timing မမှန်တာက ဟာကွက်ကြီးလိုဖြစ်နေတယ်။
ဂျော်ဂျင်ဟိုဟာ Box To Box ထက် Holding Midfield ကစားရတာ ပိုအားသန်သလို ဗာရက်တီကလည်း တိုက်စစ်ကိုပဲ လိုက်ကစားလိုနေတဲ့အပြင်
ဘာရယ်လာက Attacking Midfielder ပုံစံထက် တောင်ပံတိုက်စစ်ပုံစံပေါက်နေလို့ အီတလီကွင်းလယ်က ချိန်သားမကိုက်ဖြစ်နေပြီး
ဒုတိယပိုင်းမှာ ဘာရယ်လာအစား ခရစ္စတန်တေ ဝင်လာတော့မှ ဂျော်ဂျင်ဟိုက Holding Midfielder ၊ ဗာရက်တီက Attacking Midfield ၊
ခရစ္စတန်တေက Box To Box ကစားခဲ့တာကြောင့် အီတလီကွင်းလယ်က အတွဲအဖက်မိပြီးတော့ တိုက်စစ်ကို ပံ့ပိုးမှုအားကောင်းလာခဲ့တာပါ။
ချီယေဆာကို အင်္ဂလန်ခံစစ်က ခက်ခက်ခဲခဲထိန်းချုပ်ခဲ့ရပြီး ချေပဂိုးရဖို့ အီတလီတိုက်စစ်တင်ကစားလာချိန်မှာ Counter Attacking လုပ်ဖို့ထက်
ခံစစ်ကိုပဲ ပိတ်ကစားခဲ့တဲ့ ဆောက်ဂိတ်ရဲ့ နည်းဗျူဟာက အံ့အားသင့်စရာပါပဲ။
ဖြစ်သင့်တာက ကစားအားကျလာတဲ့ စတာလင်ကို ဆန်ချိုနဲ့လူစားလဲသင့်ပြီး မေဆင်မောင့်နဲ့ ဂရီးလစ်ရှ်ကို အစောကတည်းက လူစားလဲသင့်တယ်လို့ မြင်တယ်။
အီတလီခံစစ်က အဘိုးကြီးနှစ်ယောက်ဖြစ်တဲ့ ဘိုနူချီနဲ့ချီလီနီတို့ဟာ သမ္ဘာအရထိန်းကစားနိုင်ပေမယ့် မြန်နှုန်းမြင့်ကစားသမားတွေကို မထိန်းချုပ်နိုင်တော့ပါဘူး။
ကစားသမားကောင်းတွေလည်းရှိတယ်၊ နည်းဗျူဟာအပြောင်းအလဲလုပ်ဖို့ Options တွေလည်းလုပ်လို့ရလျက်နဲ့ အမှားတွေလုပ်ခဲ့တဲ့ ဆောက်ဂိတ်ကိုပဲ ဝေဖန်ရမှာပါ။
(၆၇)မိနစ်မှာ အီတလီအသင်းချေပဂိုးရခဲ့ပြီး ဗာရက်တီရဲ့ခေါင်းတိုက်ချက် တိုင်ထိထွက်လာတာကို ဘိုနူချီက ပြေးဝင်ပိတ်သွင်းခဲ့တာဖြစ်ပြီးတော့
အသက်(၃၄)နှစ်၊ (၇၁)ရက်ရှိပြီဖြစ်တဲ့ ဘိုနူချီဟာ ယူရိုဗိုလ်လုပွဲမှာ အသက်အကြီးဆုံးဂိုးသွင်းသူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
မိနစ်(၉၀)အပြီးအထိ (၁)ဂိုးစီသရေကျနေလို့ အချိန်ပိုမိနစ်(၃၀)ဆက်ကစားတော့လည်း ဂိုးမသွင်းနိုင်ခဲ့တာကြောင့် ပယ်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရပြီး
ပယ်နယ်တီမှာ ယူနိုက်တက်ကစားသမား ရပ်ရှ်ဖို့ဒ်၊ ကစားသမားသစ် ဆန်ချိုတို့ရဲ့ကန်ချက်တွေ ဂိုးမဝင်ခဲ့ဘဲ
အဆုံးအဖြတ်ပယ်နယ်တီမှာလည်း ဆာကာရဲ့ ကန်ချက်ကို ဒွန်နာရမ်မာ ပုတ်ထုတ်ကာကွယ်နိုင်ခဲ့တယ်။
ဒွန်နာရမ်မာဟာ သူ့ရဲ့ဘယ်ခြမ်းကို ကာကွယ်တဲ့နေရာမှာ ကောင်းမွန်ပြီး စပိန်နဲ့ပွဲမှာလည်း မိုရာတာရဲ့ပယ်နယ်တီကို အဲဒီပုံစံအတိုင်း ပုတ်ထုတ်ခဲ့သလို
အခုပွဲမှာလည်း ဆန်ချိုနဲ့ ဆာကာတို့ကန်သွင်းတဲ့ပယ်နယ်တီကို ထပ်ပြီးကာကွယ်နိုင်ခဲ့ပြန်တယ်။
အင်္ဂလန်အသင်းဂိုးသမား ပစ်ဖို့ဒ်ကလည်း ဘယ်လော့တီ၊ ဂျော်ဂျင်ဟိုတို့ရဲ့ပယ်နယ်တီတွေကို ကာကွယ်နိုင်ခဲ့ပေမယ့် အဆုံးအဖြတ်မှာ
ဆာကာရဲ့ကန်ချက် ဂိုးမဝင်ခဲ့လို့ အီတလီအသင်းဟာ (၃-၂)ဂိုးနဲ့အနိုင်ယူပြီး ၁၉၆၈ ခုနှစ်နောက်ပိုင်းဝေးကွာနေတဲ့ ယူရိုချန်ပီယံဆုဖလားကို ပြန်လည်ကိုင်မြှောက်ခွင့်ရရှိခဲ့တာပဲဖြစ်ပါတယ်။
အင်္ဂလန်အသင်းဟာ ယူရိုနဲ့ကမ္ဘာ့ဖလားပြိုင်ပွဲနှစ်ခုပေါင်း ပယ်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရတဲ့(၉)ကြိမ်မှာ (၂)ကြိမ်သာအနိုင်ရခဲ့ပြီး
အခုဗိုလ်လုပွဲမှာ ပယ်နယ်တီကြမ္မာဆိုးနဲ့ ပြန်ရင်ဆိုင်ခဲ့ရလို့ ဒုတိယနေရာနဲ့သာကျေနပ်ခဲ့ရပါပြီ။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
ပယ္နယ္တီၾကမၼာဆိုးနဲ႔ အဂၤလန္ ျပန္ရင္ဆိုင္ခဲ့ရၿပီး ယူ႐ိုဖလားကို ဒုတိယအႀကိမ္ဆြတ္ခူးခဲ့တဲ့ အီတလီ
အခု ယူ႐ိုၿပိဳင္ပြဲမွာ ဆယ္စုႏွစ္ေပါင္းမ်ားစြာ ႀကဳံေတြ႕ခဲ့ရတဲ့ သမိုင္းဝင္မွတ္တမ္းဆိုးေတြကို တစ္ခုၿပီးတစ္ခုရပ္တန႔္ၿပီးေတာ့ ဗိုလ္လုပြဲအထိေရာက္လာတဲ့ အဂၤလန္အသင္းဟာ ဗိုလ္လုပြဲက်မွပဲ ပယ္နယ္တီၾကမၼာဆိုးနဲ႔ ထပ္ရင္ဆိုင္ခဲ့ရျပန္ပါတယ္။ ႏွစ္သင္းစလုံးရဲ႕ေျခစြမ္းပိုင္းကို ႏႈိင္းယွဥ္ၾကည့္မယ္ဆိုရင္ေတာ့ အီတလီအသင္းအတြက္ ယူ႐ိုဆုဖလားနဲ႔ထိုက္တန္တယ္လို႔ေျပာရမွာျဖစ္ၿပီး အဂၤလန္အသင္းကေတာ့ မိနစ္(၁၂၀)စလုံးမွာ ဂိုးေပါက္တည့္မႈ(၁)ႀကိမ္သာရွိခဲ့တာက ဆိုး႐ြားလြန္းတယ္။
နည္းျပႏွစ္ေယာက္ရဲ႕ အရည္အေသြးက ဒီလိုပြဲမ်ိဳးမွာ စကားေျပာခဲ့ၿပီး ေဆာက္ဂိတ္ရဲ႕ လူစားလဲပုံ၊ နည္းဗ်ဴဟာအေျပာင္းအလဲေတြနဲ႔ မန္စီနီရဲ႕လူစားအေျပာင္းအလဲ၊ နည္းဗ်ဴဟာအေျပာင္းအလဲေတြက ဘယ္သူပိုသာလဲဆိုတာ ေတာ္ေတာ္ေလးသိသာပါတယ္။ ေဆာက္ဂိတ္ဟာ ဂ်ာမနီကို ႏိုင္ခဲ့တဲ့ပြဲတုန္းကနည္းဗ်ဴဟာအတိုင္း (၃-၄-၃)ကစားကြက္ခင္းက်င္းခဲ့ၿပီး အီတလီအသင္းရဲ႕ ေတာင္ပံတိုက္စစ္ေတြကို အတိုင္းအတာတစ္ခုအထိ ထိန္းခ်ဳပ္ႏိုင္ခဲ့ေပမယ့္ တိုက္စစ္က အရင္ေလာက္မထက္ျမက္ခဲ့တာအမွန္ပဲ။
ေျခစြမ္းမျပႏိုင္တဲ့ ေမဆင္ေမာင့္ကို ေစာေစာစီးစီးကတည္းက လူစားမလဲခဲ့တာ၊ ရိစ္ဂ်ိမ္းစ္လို Wing Back ကစားႏိုင္တဲ့သူရွိတာေတာင္ ဆာကာကို ညာျခမ္းမွာ Wing Back ပုံစံကစားခိုင္းတာနဲ႔ လူစားလဲမႈအမွားေတြက ေဆာက္ဂိတ္အတြက္ ေပးဆပ္မႈႀကီးမားခဲ့ရတယ္။ တကယ္ဆို ဒီလိုပြဲမ်ိဳးမွာ ကိုယ့္အသင္းက ဂိုးလည္းေစာေစာရထားတယ္၊ အိမ္ရွင္အခြင့္အေရးလည္းရွိေနတဲ့အတြက္ ႐ုပ္ပ်က္ဆင္းပ်က္ႀကီး ခံစစ္ကစားဖို႔ကို မလိုတာပါ။
ဒုတိယပိုင္းမွာ မလိုလားအပ္ဘဲ အဂၤလန္အသင္း ခံစစ္ ဦးစားေပးခဲ့တာက အႀကီးႀကီးမွားခဲ့ၿပီး အီတလီကို အခြင့္အေရးေပးလိုက္သလိုပါပဲ။ အဂၤလန္အသင္းအတြက္ အဖြင့္ဂိုးကို ပြဲစလို႔ (၁)မိနစ္၊ (၅၇)စကၠန႔္မွာပဲ ထရစ္ပီယာ ညာျခမ္းကေန တင္ေပးလိုက္တာကို လုခ္ေရွာက Volley ကန္ခ်က္နဲ႔ပိတ္သြင္းခဲ့ၿပီး ဒါက ယူ႐ိုၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ ဗိုလ္လုပြဲမွာ အျမန္ဆုံးဂိုးအျဖစ္ စံခ်ိန္တင္ခဲ့ပါတယ္။ ဒါေပမဲ့ အဂၤလန္အသင္း ဂိုးေပါက္တည့္တာက တစ္ပြဲလုံးမွာ အဲဒီတစ္ႀကိမ္ပဲရွိတာပါ။
ပထမပိုင္းမွာ ဒီကလန္႐ိုက္စ္၊ ကယ္လ္ဗင္ဖိလစ္တို႔ရဲ႕ ဖ်က္အားေၾကာင့္ အီတလီအသင္း ဂိုးရဖို႔ခက္ေနၿပီး အေဝးကန္ခ်က္ေတြနဲ႔သာ ၿခိမ္းေျခာက္ခဲ့ရတယ္။ အီတလီအသင္းကြင္းလယ္က ဗာရက္တီ၊ ေဂ်ာ္ဂ်င္ဟိုနဲ႔ ဘာရယ္လာတို႔အတြဲက တစ္ပြဲထက္တစ္ပြဲအားနည္းခ်က္ေတြ ပိုျမင္လာရၿပီး သာမန္ပြဲေတြမွာ မသိသာေပမယ့္ ဒီလိုပြဲမ်ိဳးမွာ သူတို႔(၃)ေယာက္ရဲ႕ Timing မမွန္တာက ဟာကြက္ႀကီးလိုျဖစ္ေနတယ္။
ေဂ်ာ္ဂ်င္ဟိုဟာ Box To Box ထက္ Holding Midfield ကစားရတာ ပိုအားသန္သလို ဗာရက္တီကလည္း တိုက္စစ္ကိုပဲ လိုက္ကစားလိုေနတဲ့အျပင္ ဘာရယ္လာက Attacking Midfielder ပုံစံထက္ ေတာင္ပံတိုက္စစ္ပုံစံေပါက္ေနလို႔ အီတလီကြင္းလယ္က ခ်ိန္သားမကိုက္ျဖစ္ေနၿပီး
ဒုတိယပိုင္းမွာ ဘာရယ္လာအစား ခရစၥတန္ေတ ဝင္လာေတာ့မွ ေဂ်ာ္ဂ်င္ဟိုက Holding Midfielder ၊ ဗာရက္တီက Attacking Midfield ၊ ခရစၥတန္ေတက Box To Box ကစားခဲ့တာေၾကာင့္ အီတလီကြင္းလယ္က အတြဲအဖက္မိၿပီးေတာ့ တိုက္စစ္ကို ပံ့ပိုးမႈအားေကာင္းလာခဲ့တာပါ။
ခ်ီေယဆာကို အဂၤလန္ခံစစ္က ခက္ခက္ခဲခဲထိန္းခ်ဳပ္ခဲ့ရၿပီး ေခ်ပဂိုးရဖို႔ အီတလီတိုက္စစ္တင္ကစားလာခ်ိန္မွာ Counter Attacking လုပ္ဖို႔ထက္ ခံစစ္ကိုပဲ ပိတ္ကစားခဲ့တဲ့ ေဆာက္ဂိတ္ရဲ႕ နည္းဗ်ဴဟာက အံ့အားသင့္စရာပါပဲ။
ျဖစ္သင့္တာက ကစားအားက်လာတဲ့ စတာလင္ကို ဆန္ခ်ိဳနဲ႔လူစားလဲသင့္ၿပီး ေမဆင္ေမာင့္နဲ႔ ဂရီးလစ္ရွ္ကို အေစာကတည္းက လူစားလဲသင့္တယ္လို႔ ျမင္တယ္။ အီတလီခံစစ္က အဘိုးႀကီးႏွစ္ေယာက္ျဖစ္တဲ့ ဘိုႏူခ်ီနဲ႔ခ်ီလီနီတို႔ဟာ သမာၻအရထိန္းကစားႏိုင္ေပမယ့္ ျမန္ႏႈန္းျမင့္ကစားသမားေတြကို မထိန္းခ်ဳပ္ႏိုင္ေတာ့ပါဘူး။ ကစားသမားေကာင္းေတြလည္းရွိတယ္၊ နည္းဗ်ဴဟာအေျပာင္းအလဲလုပ္ဖို႔ Options ေတြလည္းလုပ္လို႔ရလ်က္နဲ႔ အမွားေတြလုပ္ခဲ့တဲ့ ေဆာက္ဂိတ္ကိုပဲ ေဝဖန္ရမွာပါ။
(၆၇)မိနစ္မွာ အီတလီအသင္းေခ်ပဂိုးရခဲ့ၿပီး ဗာရက္တီရဲ႕ေခါင္းတိုက္ခ်က္ တိုင္ထိထြက္လာတာကို ဘိုႏူခ်ီက ေျပးဝင္ပိတ္သြင္းခဲ့တာျဖစ္ၿပီးေတာ့ အသက္(၃၄)ႏွစ္၊ (၇၁)ရက္ရွိၿပီျဖစ္တဲ့ ဘိုႏူခ်ီဟာ ယူ႐ိုဗိုလ္လုပြဲမွာ အသက္အႀကီးဆုံးဂိုးသြင္းသူအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။
မိနစ္(၉၀)အၿပီးအထိ (၁)ဂိုးစီသေရက်ေနလို႔ အခ်ိန္ပိုမိနစ္(၃၀)ဆက္ကစားေတာ့လည္း ဂိုးမသြင္းႏိုင္ခဲ့တာေၾကာင့္ ပယ္နယ္တီအဆုံးအျဖတ္ခံယူခဲ့ရၿပီး ပယ္နယ္တီမွာ ယူႏိုက္တက္ကစားသမား ရပ္ရွ္ဖို႔ဒ္၊ ကစားသမားသစ္ ဆန္ခ်ိဳတို႔ရဲ႕ကန္ခ်က္ေတြ ဂိုးမဝင္ခဲ့ဘဲ အဆုံးအျဖတ္ပယ္နယ္တီမွာလည္း ဆာကာရဲ႕ ကန္ခ်က္ကို ဒြန္နာရမ္မာ ပုတ္ထုတ္ကာကြယ္ႏိုင္ခဲ့တယ္။
ဒြန္နာရမ္မာဟာ သူ႔ရဲ႕ဘယ္ျခမ္းကို ကာကြယ္တဲ့ေနရာမွာ ေကာင္းမြန္ၿပီး စပိန္နဲ႔ပြဲမွာလည္း မိုရာတာရဲ႕ပယ္နယ္တီကို အဲဒီပုံစံအတိုင္း ပုတ္ထုတ္ခဲ့သလို အခုပြဲမွာလည္း ဆန္ခ်ိဳနဲ႔ ဆာကာတို႔ကန္သြင္းတဲ့ပယ္နယ္တီကို ထပ္ၿပီးကာကြယ္ႏိုင္ခဲ့ျပန္တယ္။
အဂၤလန္အသင္းဂိုးသမား ပစ္ဖို႔ဒ္ကလည္း ဘယ္ေလာ့တီ၊ ေဂ်ာ္ဂ်င္ဟိုတို႔ရဲ႕ပယ္နယ္တီေတြကို ကာကြယ္ႏိုင္ခဲ့ေပမယ့္ အဆုံးအျဖတ္မွာ ဆာကာရဲ႕ကန္ခ်က္ ဂိုးမဝင္ခဲ့လို႔ အီတလီအသင္းဟာ (၃-၂)ဂိုးနဲ႔အႏိုင္ယူၿပီး ၁၉၆၈ ခုႏွစ္ေနာက္ပိုင္းေဝးကြာေနတဲ့ ယူ႐ိုခ်န္ပီယံဆုဖလားကို ျပန္လည္ကိုင္ေျမႇာက္ခြင့္ရရွိခဲ့တာပဲျဖစ္ပါတယ္။
အဂၤလန္အသင္းဟာ ယူ႐ိုနဲ႔ကမာၻ႔ဖလားၿပိဳင္ပြဲႏွစ္ခုေပါင္း ပယ္နယ္တီအဆုံးအျဖတ္ခံယူခဲ့ရတဲ့(၉)ႀကိမ္မွာ (၂)ႀကိမ္သာအႏိုင္ရခဲ့ၿပီး အခုဗိုလ္လုပြဲမွာ ပယ္နယ္တီၾကမၼာဆိုးနဲ႔ ျပန္ရင္ဆိုင္ခဲ့ရလို႔ ဒုတိယေနရာနဲ႔သာေက်နပ္ခဲ့ရပါၿပီ။