
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
အဲဗာတန်အသင်းဂိုးသမားသစ်ဘီဂိုဗစ်ဟာ Florida Cup ပြိုင်ပွဲအဖြစ် Millonarios အသင်းနဲ့ကစားခဲ့တဲ့ပွဲပယ်နယ်တီအဆုံးအဖြတ်မှာ ပြိုင်ဘက်အသင်းရဲ့ပယ်နယ်တီကို ကာကွယ်နိုင်ခဲ့သလို ကိုယ်တိုင်လည်း ပယ်နယ်တီကန်သွင်းပြီးတော့ အသင်းသစ်အတွက် ရာသီကြိုဖလားတစ်လုံးရယူပေးနိုင်ခဲ့ပါတယ်။
Millonarios နဲ့ပွဲမှာ အဲဗာတန်အသင်းအဖွင့်ဂိုးပေးခဲ့ရပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းကမှ လေဗာကူဆင်အသင်းကနေ ခေါ်ယူထားတဲ့တောင်ပံတိုက်စစ်ကစားသမား ဒီမာရိုင်းဂရေးက ပယ်နယ်တီကနေချေပဂိုးပြန်သွင်းယူခဲ့ပြီး ပယ်နယ်တီအဆုံးအဖြတ်ခံယူတာမှာတော့ အဲဗာတန်အသင်းက (၁၀-၉)ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။
ဘီဂိုဗစ်ဟာ ပယ်နယ်တီအဆုံးအဖြတ်မှာ (၁၀)ကြိမ်မြောက်ပယ်နယ်တီကို ဂိုးဝင်အောင်သွင်းယူနိုင်ခဲ့သလို ပြိုင်ဘက်ကစားသမားဟွမ်အက်စတီဘန်မော်ရီနိုရဲ့ ကန်ချက်ကို ကာကွယ်နိုင်ခဲ့တာကြောင့် အဲဗာတန်နည်းပြသစ်ဘင်နီတက်ဇ်တစ်ယောက် ရာသီကြိုမှာပဲ ဆုဖလားတစ်လုံးကိုင်မြှောက်ခွင့်ရရှိခဲ့ပါတယ်။
ဘုန်းမောက်နဲ့ချယ်လ်ဆီးအသင်းတို့မှာကစားခဲ့တဲ့ ပရီးမီးယားလိဂ်ဝါရင့်ဂိုးသမားဘီဂိုဗစ်ဟာ ပြီးခဲ့တဲ့ရာသီကုန်က ဘုန်းမောက်အသင်းနဲ့လမ်းခွဲခဲ့ပြီး အဲဗာတန်အသင်းဆီပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။
ဒီပွဲမှာ ထူးထူးခြားခြားအဖြစ် ကစားသမားသစ်နှစ်ဦးဖြစ်တဲ့ ဒီမာရိုင်းဂရေးနဲ့ဘီဂိုဗစ်တို့က အဲဗာတန်အသင်းအတွက် အကောင်းဆုံးပုံစံပြသနိုင်ခဲ့ပြီး
ပရိသတ်တွေကန့်ကွက်နေတဲ့ကြားက နည်းပြသစ်အဖြစ်ခန့်အပ်ခံခဲ့ရသူ ဘင်နီတက်ဇ်ကလည်း အသင်းအတွက်ရာသီကြိုဆုဖလားတစ်လုံးရယူနိုင်ခဲ့လို့ ပရိသတ်တွေကို စိတ်ကျေနပ်စရာဖြစ်အောင်စွမ်းဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။
ဘင်နီတက်ဇ်ဟာ အခုနွေရာသီအပြောင်းအရွှေ့အတွင်း တောင်ဆန်၊ ဘီဂိုဗစ်၊ ဒီမာရိုင်းဂရေးတို့ကို ခေါ်ယူခဲ့ပြီးဖြစ်ပေမယ့် ကစားသမားသစ်တွေဆက်လက်ခေါ်ယူအားဖြည့်ဖို့ပြင်ဆင်နေပြီး
မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူလင်ဂတ်၊ အေစီမီလန်အသင်းလူငယ်တိုက်စစ်မှူးလီယိုတို့ကို ပစ်မှတ်ထားနေတယ်လို့လည်း မီဒီယာတွေကဖော်ပြခဲ့ကြပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
ပယ္နယ္တီကာကြယ္ခဲ့သလို ကိုယ္တိုင္လည္းပယ္နယ္တီကန္သြင္းၿပီးေတာ့ အဲဗာတန္အတြက္ဖလားရယူေပးခဲ့တဲ့ ၀ါရင့္ဂိုးသမားဘီဂိုဗစ္
အဲဗာတန္အသင္းဂိုးသမားသစ္ဘီဂိုဗစ္ဟာ Florida Cup ၿပိဳင္ပြဲအျဖစ္ Millonarios အသင္းနဲ႔ကစားခဲ့တဲ့ပြဲပယ္နယ္တီအဆုံးအျဖတ္မွာ ၿပိဳင္ဘက္အသင္းရဲ႕ပယ္နယ္တီကို ကာကြယ္ႏိုင္ခဲ့သလို ကိုယ္တိုင္လည္း ပယ္နယ္တီကန္သြင္းၿပီးေတာ့ အသင္းသစ္အတြက္ ရာသီႀကိဳဖလားတစ္လုံးရယူေပးႏိုင္ခဲ့ပါတယ္။ Millonarios နဲ႔ပြဲမွာ အဲဗာတန္အသင္းအဖြင့္ဂိုးေပးခဲ့ရေပမယ့္ ၿပီးခဲ့တဲ့ရက္ပိုင္းကမွ ေလဗာကူဆင္အသင္းကေန ေခၚယူထားတဲ့ေတာင္ပံတိုက္စစ္ကစားသမား ဒီမာ႐ိုင္းဂေရးက ပယ္နယ္တီကေနေခ်ပဂိုးျပန္သြင္းယူခဲ့ၿပီး ပယ္နယ္တီအဆုံးအျဖတ္ခံယူတာမွာေတာ့ အဲဗာတန္အသင္းက (၁၀-၉)ဂိုးနဲ႔အႏိုင္ရခဲ့ပါတယ္။
ဘီဂိုဗစ္ဟာ ပယ္နယ္တီအဆုံးအျဖတ္မွာ (၁၀)ႀကိမ္ေျမာက္ပယ္နယ္တီကို ဂိုးဝင္ေအာင္သြင္းယူႏိုင္ခဲ့သလို ၿပိဳင္ဘက္ကစားသမားဟြမ္အက္စတီဘန္ေမာ္ရီႏိုရဲ႕ ကန္ခ်က္ကို ကာကြယ္ႏိုင္ခဲ့တာေၾကာင့္ အဲဗာတန္နည္းျပသစ္ဘင္နီတက္ဇ္တစ္ေယာက္ ရာသီႀကိဳမွာပဲ ဆုဖလားတစ္လုံးကိုင္ေျမႇာက္ခြင့္ရရွိခဲ့ပါတယ္။
ဘုန္းေမာက္နဲ႔ခ်ယ္လ္ဆီးအသင္းတို႔မွာကစားခဲ့တဲ့ ပရီးမီးယားလိဂ္ဝါရင့္ဂိုးသမားဘီဂိုဗစ္ဟာ ၿပီးခဲ့တဲ့ရာသီကုန္က ဘုန္းေမာက္အသင္းနဲ႔လမ္းခြဲခဲ့ၿပီး အဲဗာတန္အသင္းဆီေျပာင္းေ႐ႊ႕ခဲ့သူျဖစ္ပါတယ္။ ဒီပြဲမွာ ထူးထူးျခားျခားအျဖစ္ ကစားသမားသစ္ႏွစ္ဦးျဖစ္တဲ့ ဒီမာ႐ိုင္းဂေရးနဲ႔ဘီဂိုဗစ္တို႔က အဲဗာတန္အသင္းအတြက္ အေကာင္းဆုံးပုံစံျပသႏိုင္ခဲ့ၿပီး ပရိသတ္ေတြကန႔္ကြက္ေနတဲ့ၾကားက နည္းျပသစ္အျဖစ္ခန႔္အပ္ခံခဲ့ရသူ ဘင္နီတက္ဇ္ကလည္း အသင္းအတြက္ရာသီႀကိဳဆုဖလားတစ္လုံးရယူႏိုင္ခဲ့လို႔ ပရိသတ္ေတြကို စိတ္ေက်နပ္စရာျဖစ္ေအာင္စြမ္းေဆာင္ႏိုင္ခဲ့တာျဖစ္ပါတယ္။
ဘင္နီတက္ဇ္ဟာ အခုေႏြရာသီအေျပာင္းအေ႐ႊ႕အတြင္း ေတာင္ဆန္၊ ဘီဂိုဗစ္၊ ဒီမာ႐ိုင္းဂေရးတို႔ကို ေခၚယူခဲ့ၿပီးျဖစ္ေပမယ့္ ကစားသမားသစ္ေတြဆက္လက္ေခၚယူအားျဖည့္ဖို႔ျပင္ဆင္ေနၿပီး မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္လူလင္ဂတ္၊ ေအစီမီလန္အသင္းလူငယ္တိုက္စစ္မႉးလီယိုတို႔ကို ပစ္မွတ္ထားေနတယ္လို႔လည္း မီဒီယာေတြကေဖာ္ျပခဲ့ၾကပါတယ္။