ပယ်နယ်တီကန်ခွင့်ရဖို့ ဂရီးလစ်ရှ် တောင်းဆိုခဲ့ပေမယ့် ဆောက်ဂိတ်က ချန်လှပ်ခဲ့

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အင်္ဂလန်အသင်းကွင်းလယ်လူဂရီးလစ်ရှ်ဟာ အီတလီနဲ့ကစားခဲ့တဲ့ဗိုလ်လုပွဲမှာ ပယ်နယ်တီအဆုံးအဖြတ်မခံယူခင် ပယ်နယ်တီကန်သွင်းမယ့်လူစားထဲမှာ သူလည်း ပါချင်တယ်လို့ နည်းပြဆောက်ဂိတ်ကို အသိပေးခဲ့ပေမယ့် ဆောက်ဂိတ်က ဂရီးလစ်ရှ်ကို ချန်လှပ်ခဲ့တာဖြစ်ပါတယ်။

အီတလီနဲ့ပွဲအပြီးမှာ မန်ချက်စတာယူနိုက်တက်ဂန္ထဝင်ကစားသမား ရွိုင်ကိန်းက ဂရီးလစ်ရှ်၊ စတာလင်တို့အပါအဝင် စီနီယာကစားသမားတွေဟာ

ဘာဖြစ်လို့ ပယ်နယ်တီကန်မယ့်စာရင်းထဲမပါရတာလဲဆိုပြီး မေးခွန်းထုတ်ဝေဖန်ခဲ့တဲ့အတွက် ဂရီးလစ်ရှ်က သူ့ရဲ့Twitter မှာ ဖြေရှင်းချက်ရေးသားခဲ့တာဖြစ်ပါတယ်။

ဂရီးလစ်ရှ်က “ကျွန်တော်လည်း ပယ်နယ်တီတစ်လုံးလောက် ကန်ချင်တယ်လို့ ဆောက်ဂိတ်ကို ပြောခဲ့ပါတယ်။

ယူရိုပြိုင်ပွဲတစ်လျှောက် ဆောက်ဂိတ်ဟာ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့ပြီး အခုလည်း သူလုပ်တာ မှန်ပါတယ်။

ဒါပေမဲ့ လူတွေက ကျွန်တော် ပယ်နယ်တီမကန်ချင်လို့ဆိုပြီး ဝေဖန်နေကြတဲ့အတွက် ပယ်နယ်တီကန်ခွင့်ရဖို့ တောင်းဆိုခဲ့တာကို ပရိသတ်တွေ သိရှိနိုင်အောင် အခုလိုဖြေရှင်းခဲ့တာပါ”လို့ ရေးသားခဲ့ပါတယ်။

ပယ်နယ်တီအဆုံးအဖြတ်မတိုင်ခင် ရုပ်သံပြကွက်တွေအရလည်း ဆောက်ဂိတ်က ပယ်နယ်တီဘယ်သူကန်မလဲဆိုတာ ကစားသမားတွေကို မေးမြန်းခဲ့ပုံရပြီး

ဂရီးလစ်ရှ်က သူ့ကိုထည့်သွင်းဖို့ ခေါင်းညိတ်ပြီးတော့ အသိပေးခဲ့သလို ကွင်းလယ်လူကယ်လ်ဗင်ဖီးလစ်ကလည်း လက်ထောင်ပြခဲ့ပေမယ့် ဆောက်ဂိတ်ဟာ နှစ်ယောက်စလုံးကို ပယ်နယ်တီကန်မယ့်လူစားထဲမှာ မထည့်သွင်းခဲ့ပါဘူး။

ပယ်နယ်တီကန်ဖို့ ဆောက်ဂိတ်ရွေးချယ်ခဲ့တဲ့ ကစားသမား(၅)ဦးထဲမှာ ဟယ်ရီကိန်းနဲ့ မက်ဂွိုင်းယားတို့သာ ပယ်နယ်တီဝင်ခဲ့ပြီး ရပ်ရှ်ဖို့ဒ်၊ ဆန်ချိုနဲ့ ဆာကာတို့ လွဲချော်ခဲ့တာဖြစ်ပါတယ်။

ဂရီးလစ်ရှ်ဟာ အင်္ဂလန်ပရိသတ်အကြိုက်ကစားသမားတစ်ဦးဖြစ်ပေမယ့် ဆောက်ဂိတ်ဟာ သူ့ကို ယူရိုပြိုင်ပွဲတစ်လျှောက် ပွဲထွက်ကစားသမားအဖြစ် အသုံးမပြုခဲ့ဘဲ ချက်အသင်းနဲ့ကစားခဲ့တဲ့ အုပ်စုပွဲမှာသာ ပွဲထွက်ကစားခွင့်ရခဲ့ပြီး ဗိုလ်လုပွဲအပါအဝင် ကျန်တဲ့ပွဲတွေမှာတော့ လူစားဝင်အဖြစ်သာကစားခဲ့ရတာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ပယ္နယ္တီကန္ခြင့္ရဖို႔ ဂရီးလစ္ရွ္ ေတာင္းဆိုခဲ့ေပမယ့္ ေဆာက္ဂိတ္က ခ်န္လွပ္ခဲ့

အဂၤလန္အသင္းကြင္းလယ္လူဂရီးလစ္ရွ္ဟာ အီတလီနဲ႔ကစားခဲ့တဲ့ဗိုလ္လုပြဲမွာ ပယ္နယ္တီအဆုံးအျဖတ္မခံယူခင္ ပယ္နယ္တီကန္သြင္းမယ့္လူစားထဲမွာ သူလည္း ပါခ်င္တယ္လို႔ နည္းျပေဆာက္ဂိတ္ကို အသိေပးခဲ့ေပမယ့္ ေဆာက္ဂိတ္က ဂရီးလစ္ရွ္ကို ခ်န္လွပ္ခဲ့တာျဖစ္ပါတယ္။ အီတလီနဲ႔ပြဲအၿပီးမွာ မန္ခ်က္စတာယူႏိုက္တက္ဂႏၴဝင္ကစားသမား ႐ြိဳင္ကိန္းက ဂရီးလစ္ရွ္၊ စတာလင္တို႔အပါအဝင္ စီနီယာကစားသမားေတြဟာ ဘာျဖစ္လို႔ ပယ္နယ္တီကန္မယ့္စာရင္းထဲမပါရတာလဲဆိုၿပီး ေမးခြန္းထုတ္ေဝဖန္ခဲ့တဲ့အတြက္ ဂရီးလစ္ရွ္က သူ႔ရဲ႕Twitter မွာ ေျဖရွင္းခ်က္ေရးသားခဲ့တာျဖစ္ပါတယ္။

ဂရီးလစ္ရွ္က “ကြၽန္ေတာ္လည္း ပယ္နယ္တီတစ္လုံးေလာက္ ကန္ခ်င္တယ္လို႔ ေဆာက္ဂိတ္ကို ေျပာခဲ့ပါတယ္။ ယူ႐ိုၿပိဳင္ပြဲတစ္ေလွ်ာက္ ေဆာက္ဂိတ္ဟာ မွန္ကန္တဲ့ဆုံးျဖတ္ခ်က္ေတြ ခ်မွတ္ခဲ့ၿပီး အခုလည္း သူလုပ္တာ မွန္ပါတယ္။ ဒါေပမဲ့ လူေတြက ကြၽန္ေတာ္ ပယ္နယ္တီမကန္ခ်င္လို႔ဆိုၿပီး ေဝဖန္ေနၾကတဲ့အတြက္ ပယ္နယ္တီကန္ခြင့္ရဖို႔ ေတာင္းဆိုခဲ့တာကို ပရိသတ္ေတြ သိရွိႏိုင္ေအာင္ အခုလိုေျဖရွင္းခဲ့တာပါ”လို႔ ေရးသားခဲ့ပါတယ္။

ပယ္နယ္တီအဆုံးအျဖတ္မတိုင္ခင္ ႐ုပ္သံျပကြက္ေတြအရလည္း ေဆာက္ဂိတ္က ပယ္နယ္တီဘယ္သူကန္မလဲဆိုတာ ကစားသမားေတြကို ေမးျမန္းခဲ့ပုံရၿပီး ဂရီးလစ္ရွ္က သူ႔ကိုထည့္သြင္းဖို႔ ေခါင္းညိတ္ၿပီးေတာ့ အသိေပးခဲ့သလို ကြင္းလယ္လူကယ္လ္ဗင္ဖီးလစ္ကလည္း လက္ေထာင္ျပခဲ့ေပမယ့္ ေဆာက္ဂိတ္ဟာ ႏွစ္ေယာက္စလုံးကို ပယ္နယ္တီကန္မယ့္လူစားထဲမွာ မထည့္သြင္းခဲ့ပါဘူး။

ပယ္နယ္တီကန္ဖို႔ ေဆာက္ဂိတ္ေ႐ြးခ်ယ္ခဲ့တဲ့ ကစားသမား(၅)ဦးထဲမွာ ဟယ္ရီကိန္းနဲ႔ မက္ဂြိဳင္းယားတို႔သာ ပယ္နယ္တီဝင္ခဲ့ၿပီး ရပ္ရွ္ဖို႔ဒ္၊ ဆန္ခ်ိဳနဲ႔ ဆာကာတို႔ လြဲေခ်ာ္ခဲ့တာျဖစ္ပါတယ္။ ဂရီးလစ္ရွ္ဟာ အဂၤလန္ပရိသတ္အႀကိဳက္ကစားသမားတစ္ဦးျဖစ္ေပမယ့္ ေဆာက္ဂိတ္ဟာ သူ႔ကို ယူ႐ိုၿပိဳင္ပြဲတစ္ေလွ်ာက္ ပြဲထြက္ကစားသမားအျဖစ္ အသုံးမျပဳခဲ့ဘဲ ခ်က္အသင္းနဲ႔ကစားခဲ့တဲ့ အုပ္စုပြဲမွာသာ ပြဲထြက္ကစားခြင့္ရခဲ့ၿပီး ဗိုလ္လုပြဲအပါအဝင္ က်န္တဲ့ပြဲေတြမွာေတာ့ လူစားဝင္အျဖစ္သာကစားခဲ့ရတာပါ။