ပထမရာသီဝက် ဥရောပအကောင်းဆုံးအသင်းမှာ ရော်နယ်ဒိုမပါဝင်ဘဲ စမောလင်း ရွေးချယ်ခံရ

Photo Credit

Photo Credit

ဂျူဗင်တပ်တိုက်စစ်မှူး ရော်နယ်ဒိုသည် ယခုရာသီ ပထမရာသီဝက်အတွက် ဥရောပထိပ်တန်းလိဂ် ၅ခုမှ အကောင်းဆုံးကစားသမားများကို ရွေးထုတ်ထားသည့် ဥရောပထိပ်တန်းလိဂ်အကောင်းဆုံးအသင်းလူစာရင်းမှ ချန်လှပ်ခြင်းခံခဲ့ရကြောင်း သိရသည်။

Photo Credit

အသက် ၃၄နှစ်အရွယ်ရှိ ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုသည် ယခုရာသီတွင် ဂျူဗင်တပ်အတွက် ၂၁ပွဲကစား ၁၂ ဂိုးသွင်းယူပေးထားသည်။

Photo Credit

သို့သော် ယခုနှစ်ရွှေဘောလုံးဆုပေးပွဲတွင် တတိယနေရာသာရရှိခဲ့သော ရော်နယ်ဒိုသည် Goal ဝက်ဘ်ဆိုက်ဒ်မှ ရွေးချယ်သည့် ရာသီဝက်အကောင်းဆုံး ဥရောပထိပ်တန်းလိဂ် ၅ ခုအသင်း၏လူစာရင်းမှ ချန်လှပ်ခံခဲ့ရသည်။

Photo Credit

အဆိုပါအသင်းကို ၄-၃-၃ ပုံစံဖြင့် အခြေခံရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ဂိုးသမားနေရာအတွက် ပီအက်စ်ဂျီဂိုးသမား ကေလာနာဗက်စ်ကို ရွေးချယ်ခဲ့သည်။ ၎င်းသည် ယခုရာသီတွင် Clean Sheets ၁၂ပွဲအထိ ရယူထားနိုင်ရာ ဥရောပထိပ်တန်းလိဂ် ၅ခုအနက် ပေးဂိုးမရှိပွဲအများဆုံးဂိုးသမားအဖြစ် ရပ်တည်နေသည်။

Photo Credit

လီဗာပူးကြယ်ပွင့် အာနိုးက ညာနောက်ခံလူနေရာအတွက် ရွေးချယ်ခံခဲ့ရပြီး ၎င်း၏အသင်းဖော် ရောဘတ်ဆန်က ဘယ်နောက်ခံလူအဖြစ် ရွေးချယ်ခံခဲ့ရသည်။

Photo Credit

နာဗက်စ်၏ရှေ့ ဗဟိုနောက်ခံလူများအဖြစ် ရိုးမားနှင့်အတူ ပြန်လည်ခြေစွမ်းပြနေသည့် စမောလင်းနှင့် လီဗာပူး၏ဗန်ဒိုက်တို့ ရွေးချယ်ခံခဲ့ရသည်။

Photo Credit

ကွင်းလယ် ၃ဦးနေရာအတွက် ပီအက်စ်ဂျီမှ ဒီမာရီယာက ညာတောင်ပံ၊ မန်စီးတီး၏ ဒီဘရိုင်းက ဘယ်တောင်ပံနှင့် ရီးရဲလ်၏ ကက်စ်မဲရိုးက ဗဟိုကွင်းလယ်လူအဖြစ် အသီးသီးရွေးချယ်ခံခဲ့ရသည်။

Photo Credit

ယခုနှစ်အတွင်း စံချိန်ရွှေဘောလုံးဆု ၆ကြိမ်မြောက်ရရှိခဲ့သော ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီက ညာတောင်ပံ၊ ဒေါ့မွန်လူငယ်ကြယ်ပွင့် ဆန်ချိုက ဘယ်တောင်ပံနှင့် အထောင်တိုက်စစ်မှူးအဖြစ် ဘိုင်ယန်မြူးနစ်ကြယ်ပွင့် လီဝန်ဒေါစကီးက ရော်နယ်ဒိုကို ကျော်ဖြတ်ကာ ရွေးချယ်ခံခဲ့ရသည်။

Photo Credit

အသက် ၃၁နှစ်အရွယ်ရှိ ပိုလန်လက်ရွေးစင် လီဝန်ဒေါစကီးသည် ၂၀၁၉ ခုနှစ်အတွင်း မက်ဆီကို ကျော်ဖြတ်ပြီး ဂိုးသွင်းအများဆုံးကစားသမားဖြစ်ခဲ့သလို ယခုရာသီတွင်လည်း ပြိုင်ပွဲစုံ ၂၅ပွဲအနက် ဂိုး ၃၀ အထိ သွင်းယူပေးထားသည်။

Photo Credit

Zawgyi

ပထမရာသီ၀က္ ဥေရာပအေကာင္းဆုံးအသင္းမွာ ေရာ္နယ္ဒိုမပါ၀င္ဘဲ စေမာလင္း ေရြးခ်ယ္ခံရ

ဂ်ဴဗင္တပ္တုိက္စစ္မွဴး ေရာ္နယ္ဒိုသည္ ယခုရာသီ ပထမရာသီ၀က္အတြက္ ဥေရာပထိပ္တန္းလိဂ္ ၅ခုမွ အေကာင္းဆုံးကစားသမားမ်ားကို ေရြးထုတ္ထားသည့္ ဥေရာပထိပ္တန္းလိဂ္အေကာင္းဆုံးအသင္းလူစာရင္းမွ ခ်န္လွပ္ျခင္းခံခဲ့ရေၾကာင္း သိရသည္။
အသက္ ၃၄ႏွစ္အရြယ္ရွိ ေပၚတူဂီအသင္းေခါင္းေဆာင္ ေရာ္နယ္ဒိုသည္ ယခုရာသီတြင္ ဂ်ဴဗင္တပ္အတြက္ ၂၁ပြဲကစား ၁၂ ဂိုးသြင္းယူေပးထားသည္။
သို႔ေသာ္ ယခုႏွစ္ေရႊေဘာလုံးဆုေပးပြဲတြင္ တတိယေနရာသာရရွိခဲ့ေသာ ေရာ္နယ္ဒိုသည္ Goal ၀က္ဘ္ဆုိက္ဒ္မွ ေရြးခ်ယ္သည့္ ရာသီ၀က္အေကာင္းဆုံး ဥေရာပထိပ္တန္းလိဂ္ ၅ ခုအသင္း၏လူစာရင္းမွ ခ်န္လွပ္ခံခဲ့ရသည္။
အဆုိပါအသင္းကို ၄-၃-၃ ပုံစံျဖင့္ အေျခခံေရြးခ်ယ္ခဲ့ျခင္းျဖစ္ၿပီး ဂိုးသမားေနရာအတြက္ ပီအက္စ္ဂ်ီဂိုးသမား ေကလာနာဗက္စ္ကို ေရြးခ်ယ္ခဲ့သည္။
၎သည္ ယခုရာသီတြင္ Clean Sheets ၁၂ပြဲအထိ ရယူထားႏုိင္ရာ ဥေရာပထိပ္တန္းလိဂ္ ၅ခုအနက္ ေပးဂိုးမရွိပြဲအမ်ားဆုံးဂိုးသမားအျဖစ္ ရပ္တည္ေနသည္။
လီဗာပူးၾကယ္ပြင့္ အာႏိုးက ညာေနာက္ခံလူေနရာအတြက္ ေရြးခ်ယ္ခံခဲ့ရၿပီး ၎၏အသင္းေဖာ္ ေရာဘတ္ဆန္က ဘယ္ေနာက္ခံလူအျဖစ္ ေရြးခ်ယ္ခံခဲ့ရသည္။
နာဗက္စ္၏ေရွ႕ ဗဟိုေနာက္ခံလူမ်ားအျဖစ္ ႐ိုးမားႏွင့္အတူ ျပန္လည္ေျခစြမ္းျပေနသည့္ စေမာလင္းႏွင့္ လီဗာပူး၏ဗန္ဒိုက္တို႔ ေရြးခ်ယ္ခံခဲ့ရသည္။
ကြင္းလယ္ ၃ဦးေနရာအတြက္ ပီအက္စ္ဂ်ီမွ ဒီမာရီယာက ညာေတာင္ပံ၊ မန္စီးတီး၏ ဒီဘ႐ိုင္းက ဘယ္ေတာင္ပံႏွင့္ ရီးရဲလ္၏ ကက္စ္မဲ႐ိုးက ဗဟိုကြင္းလယ္လူအျဖစ္ အသီးသီးေရြးခ်ယ္ခံခဲ့ရသည္။
ယခုႏွစ္အတြင္း စံခ်ိန္ေရႊေဘာလုံးဆု ၆ႀကိမ္ေျမာက္ရရွိခဲ့ေသာ ဘာစီလုိနာအသင္းေခါင္းေဆာင္ မက္ဆီက ညာေတာင္ပံ၊ ေဒါ့မြန္လူငယ္ၾကယ္ပြင့္ ဆန္ခ်ိဳက ဘယ္ေတာင္ပံႏွင့္ အေထာင္တုိက္စစ္မွဴးအျဖစ္ ဘုိင္ယန္ျမဴးနစ္ၾကယ္ပြင့္ လီ၀န္ေဒါစကီးက ေရာ္နယ္ဒိုကို ေက်ာ္ျဖတ္ကာ ေရြးခ်ယ္ခံခဲ့ရသည္။
အသက္ ၃၁ႏွစ္အရြယ္ရွိ ပုိလန္လက္ေရြးစင္ လီ၀န္ေဒါစကီးသည္ ၂၀၁၉ ခုႏွစ္အတြင္း မက္ဆီကို ေက်ာ္ျဖတ္ၿပီး ဂိုးသြင္းအမ်ားဆုံးကစားသမားျဖစ္ခဲ့သလုိ ယခုရာသီတြင္လည္း ၿပိဳင္ပြဲစုံ ၂၅ပဲြအနက္ ဂိုး ၃၀ အထိ သြင္းယူေပးထားသည္။