ပထမပိုင်းဂိုးတွေနဲ့ ၂၀၁၆ နောက်ပိုင်း ပထမဆုံးအဖြစ် ကွာတားတက်သွားတဲ့ ပီအက်စ်ဂျီ

photo-gettyimages

photo-gettyimages

ပီအက်စ်ဂျီဟာ ပရိသတ်မရှိတဲ့ပါ့ဒက်စ်ပရင့်ကွင်းကြီးထဲမှာ ဒေ့ါမန်ကို ပထမပိုင်းသွင်းဂိုးတွေနဲ့ ပြန်လည်အနိုင်ယူခဲ့ပြီး သူတို့ရဲ့ချန်ပီယံလိဂ်ကျိန်စာကို အဆုံးသတ်လိုက်နိုင်ခဲ့ပါတယ်။ နောက်ပိုင်းနှစ်တွေမှာ ၁၆ သင်းအဆင့်နဲ့သာ အမြဲကျေနပ်နေရတတ်တဲ့ပီအက်စ်ဂျီအဖို့ ထိုက်တန်တဲ့ခြေစွမ်းနဲ့အတူ အခုတော့ အတားအဆီးကို ရိုက်ချိုးနိုင်ခဲ့ပါပြီ။ နှစ်ကျော့ပေါင်း ၃-၂ ရလဒ်နဲ့ဖြစ်ပါတယ်။

photo-gettyimages

နေမာ၊ကာဗာနီတို့နဲ့ပွဲထွက်လာတဲ့ ပီအက်စ်ဂျီဟာ ပထမဆုံး ၂၅ မိနစ်မှာ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ကစားနိုင်ခဲ့ပေမယ့် ပြိုင်ဘက်ဂိုးသမားကို ခြိမ်းခြောက်နိုင်ခြင်းမရှိခဲ့ပါဘူး။ အဲဒီနောက်ပိုင်းမှသာ စတင်ပြီးဂိုးပေါက်ခြိမ်းခြောက်မှုပြုလုပ်နိုင်ခဲ့တာပါ။ ၂၈ မိနစ်မှာတော့ ဒီမာရီယာတင်ပေးတဲ့ထောင့်ကန်ဘောကနေ နေမာက အနီးကပ်ခေါင်းတိုက်ပြီး ပီအက်စ်ဂျီအတွက် ဦးဆောင်ဂိုးဖြစ်စေခဲ့ပါတယ်။ နေမာဟာ သူ့ကစားသမားဘဝမှာ တည်ကန်ဘောကနေ ခေါင်းတိုက်သွင်းတယ်ဆိုတာ ခပ်ရှားရှားရယ်ပါ။ ပထမပိုင်းပြီးကာနီးမှာ နောက်ခံအစွန်လူဘားနတ်က ပီအက်စ်ဂျီအတွက် ဒုတိယဂိုးကို ထောင့်ဖြတ် ခပ်လှမ်းလှမ်းကနေ သွင်းယူသွားပါတယ်။ သူက ဂိုးရှေ့ဖြတ်ပို့ပေးလိုက်တာဖြစ်ပေမယ့် တစ်ဖက်ဂိုးသမားအငိုက်မိသွားတာကြောင့် ဂိုးထဲတန်းဝင်သွားခဲ့တာပါ။ ဒုတိယပိုင်းမှာ ဖျားနာခဲ့တဲ့ အမ်ဘက်ပီဝင်ကစားပေမယ့် ပွဲအပေါ် သက်ရောက်မှုသိပ်မရှိခဲ့ပါဘူး။

photo-gettyimages

ဒေါ့မန်ကတော့ ပထမအကျော့ကလို ပီအက်စ်ဂျီခံစစ်ကို ဖိအားပေးခြိမ်းခြောက်နိုင်ခြင်း မရှိခဲ့ပါဘူ။ ပထမအကျော့တုန်း ၂ ဂိုးသွင်းခဲ့တဲ့  တိုက်စစ်မှုးဟာလန်းဟာ ပထမပိုင်းက တစ်ကြိမ်လောက်ပဲ ဂိုးရဖို့နီးစပ်ခဲ့ပြီး နောက်ထပ် အဲဒီလိုအခွင့်အရေးထပ်မရတော့ပါဘူး။ ပွဲပြီးကာနီးမှာ ဒေ့ါမန်ဘက်က အမ်မရီကန်ဟာ နှစ်ဝါတစ်နီနဲ့တောင် အထုတ်ခံလိုက်ရပါသေးတယ်။ ဒုတိယအကျော့မှာ ပုံမှန်ခြေစွမ်းအောက်ရောက်ခဲ့တာကြောင့် ဒေ့ါမန်ဟာ ပြိုင်ပွဲက ထွက်လိုက်ရတာဖြစ်ပါတယ်။

[Zawgyi]

ပထမပိုင္းဂိုးေတြနဲ႔ ၂၀၁၆ ေနာက္ပိုင္း ပထမဆုံးအျဖစ္ ကြာတားတက္သြားတဲ့ ပီအက္စ္ဂ်ီ

ပီအက္စ္ဂ်ီဟာ ပရိသတ္မရွိတဲ့ပါ့ဒက္စ္ပရင့္ကြင္းႀကီးထဲမွာ ေဒ့ါမန္ကို ပထမပိုင္းသြင္းဂိုးေတြနဲ႔ ျပန္လည္အႏိုင္ယူခဲ့ၿပီး သူတို႔ရဲ႕ခ်န္ပီယံလိဂ္က်ိန္စာကို အဆုံးသတ္လိုက္ႏိုင္ခဲ့ပါတယ္။ ေနာက္ပိုင္းႏွစ္ေတြမွာ ၁၆ သင္းအဆင့္နဲ႔သာ အၿမဲေက်နပ္ေနရတတ္တဲ့ပီအက္စ္ဂ်ီအဖို႔ ထိုက္တန္တဲ့ေျခစြမ္းနဲ႔အတူ အခုေတာ့ အတားအဆီးကို ရိုက္ခ်ိဳးႏိုင္ခဲ့ပါၿပီ။ ႏွစ္ေက်ာ့ေပါင္း ၃-၂ ရလဒ္နဲ႔ျဖစ္ပါတယ္။

ေနမာ၊ကာဗာနီတို႔နဲ႔ပြဲထြက္လာတဲ့ ပီအက္စ္ဂ်ီဟာ ပထမဆုံး ၂၅ မိနစ္မွာ ေဘာလုံးပိုင္ဆိုင္မႈအသာနဲ႔ ကစားႏိုင္ခဲ့ေပမယ့္ ၿပိဳင္ဘက္ဂိုးသမားကို ၿခိမ္းေျခာက္ႏိုင္ျခင္းမရွိခဲ့ပါဘူး။ အဲဒီေနာက္ပိုင္းမွသာ စတင္ၿပီးဂိုးေပါက္ၿခိမ္းေျခာက္မႈျပဳလုပ္ႏိုင္ခဲ့တာပါ။ ၂၈ မိနစ္မွာေတာ့ ဒီမာရီယာတင္ေပးတဲ့ေထာင့္ကန္ေဘာကေန ေနမာက အနီးကပ္ေခါင္းတုိက္ၿပီး ပီအက္စ္ဂ်ီအတြက္ ဦးေဆာင္ဂုိးျဖစ္ေစခဲ့ပါတယ္။ ေနမာဟာ သူ႔ကစားသမားဘ၀မွာ တည္ကန္ေဘာကေန ေခါင္းတုိက္သြင္းတယ္ဆုိတာ ခပ္ရွားရွားရယ္ပါ။ ပထမပိုင္းၿပီးကာနီးမွာ ေနာက္ခံအစြန္လူဘားနတ္က ပီအက္စ္ဂ်ီအတြက္ ဒုတိယဂိုးကို ေထာင့္ျဖတ္ ခပ္လွမ္းလွမ္းကေန သြင္းယူသြားပါတယ္။ သူက ဂိုးေရွ႕ျဖတ္ပို႔ေပးလုိက္တာျဖစ္ေပမယ့္ တစ္ဖက္ဂိုးသမားအငိုက္မိသြားတာေၾကာင့္ ဂိုးထဲတန္း၀င္သြားခဲ့တာပါ။ ဒုတိယပိုင္းမွာ ဖ်ားနာခဲ့တဲ့ အမ္ဘက္ပီ၀င္ကစားေပမယ့္ ပြဲအေပၚ သက္ေရာက္မႈသိပ္မရွိခဲ့ပါဘူး။

ေဒါ့မန္ကေတာ့ ပထမအေက်ာ့ကလို ပီအက္စ္ဂ်ီခံစစ္ကို ဖိအားေပးၿခိမ္းေျခာက္ႏိုင္ျခင္း မရွိခဲ့ပါဘူ။ ပထမအေက်ာ့တုန္း ၂ ဂိုးသြင္းခဲ့တဲ့  တိုက္စစ္မႈးဟာလန္းဟာ ပထမပိုင္းက တစ္ႀကိမ္ေလာက္ပဲ ဂုိးရဖို႔နီးစပ္ခဲ့ၿပီး ေနာက္ထပ္ အဲဒီလိုအခြင့္အေရးထပ္မရေတာ့ပါဘူး။ ပြဲၿပီးကာနီးမွာ ေဒ့ါမန္ဘက္က အမ္မရီကန္ဟာ ႏွစ္၀ါတစ္နီနဲ႔ေတာင္ အထုတ္ခံလိုက္ရပါေသးတယ္။ ဒုတိယအေက်ာ့မွာ ပုံမွန္ေျခစြမ္းေအာက္ေရာက္ခဲ့တာေၾကာင့္ ေဒ့ါမန္ဟာ ၿပိဳင္ပြဲက ထြက္လိုက္ရတာျဖစ္ပါတယ္။