ပထမနေရာအတွက် အာမခံချက်ရှိမှသာ မိခင်ကလပ်နဲ့ ပြန်ပူးပေါင်းနိုင်မယ်လို့ ဟန်ဒါဆန် အသိပေးထား

Photo Credit

Photo Credit

ရှက်ဖီးလ်ယူနိုက်တက်အသင်းမှာ အငှားကစားနေတဲ့ ယူနိုက်တက်အသင်းဂိုးသမား ဒင်းဟန်ဒါဆန်က မိခင်ကလပ်ရဲ့ဦးစားပေးဂိုးသမားအဖြစ် အာမခံချက်မရှိသရွေ့ အိုးထရက်ဖို့ဒ်အခြေစိုက်အသင်းနဲ့ ပြန်လည်ပူးပေါင်းဖို့ စိတ်မဝင်စားကြောင်း ယုံကြည်ရတဲ့သူတွေကို အသိပေးထားတယ်လို့ သိရပါတယ်။

Photo Credit

အင်္ဂလန်နိုင်ငံသား ဟန်ဒါဆန်ဟာ ရှက်ဖီးလ်မှာ အငှားနဲ့ကစားတဲ့ ၂ရာသီစလုံး အထူးလက်စွမ်းပြနေပြီး ယမန်နှစ်ရာသီက ပရီးမီးယားလိဂ်တန်းတက်ခွင့်ရရှိခဲ့ရာမှာ အဓိကနေရာကနေ ပါဝင်ခဲ့သလို လက်ရှိအချိန်မှာလည်း ရှက်ဖီးလ်ယူနိုက်တက်က အဆင့် ၆နေရာမှာ ရပ်တည်နေတဲ့အထိ ရလဒ်တွေ ကောင်းမွန်နေပါတယ်။

Photo Credit

အသက် ၂၂နှစ်အရွယ်ရှိ ဟန်ဒါဆန်ဟာ ပရီးမီးယားလိဂ်မှာ ပေးဂိုးမရှိပွဲအများဆုံးဂိးုသမားအဖြစ် လီဗာပူးဂိုးသမား အဲလစ်ဆန်၊ ဘန်လေဂိုးသမား နစ်ပုပ်တို့နဲ့အတူ ၉ပွဲနဲ့ ပူးတွဲရပ်တည်နေပြီး ဘောလုံးရေးရာ ကျွမ်းကျင်သူတွေရဲ့ချီးကျူးခြင်းခံနေရပါတယ်။ ဒါပေမဲ့ မန်ချက်စတာညနေခင်းသတင်းစာရဲ့ဖော်ပြချက်အရ ဟန်ဒါဆန်ဟာ ငယ်စဉ်ကတည်းက ကစားလာတဲ့ မိခင်ကလပ်မှာ ဦးစားပေးဂိုးသမားအဖြစ် အာမခံချက်ရှိမှသာ ယူနိုက်တက်ကို ပြန်လာမှာဖြစ်ကြောင်း သိရပါတယ်။

Photo Credit

ဒီလိုဆိုရင် ယူနိုက်တက်နည်းပြ ဆိုးလ်ရှားအတွက် ကိုင်တွယ်ရခက်တဲ့ပြဿနာဖြစ်လာနိုင်ပြီး လက်ရှိဦးစားပေးဂိုးသမား ဒီဂီယာက ဖာဂူဆန်ခေတ်လွန် အသင်းမှာ အရှိန်အဝါကြီးသူတစ်ဦးဖြစ်သလို လက်ရှိဦးစားပေးနေရာကနေ ဖယ်ပေးမှာမဟုတ်တာလည်း သေချာပါတယ်။ ယူနိုက်တက်ဟာ နောက်ပိုင်းမှာ အမှားတွေမကြာခဏကျူးလွန်ခဲ့တဲ့ ဒီဂီယာရဲ့နေရာမှာ ရေရှည်အစားထိုးမှုအဖြစ် ဟန်ဒါဆန်ကို ရည်ရွယ်ထားပါတယ်။

Photo Credit

သတင်းတွေရဲ့ဖော်ပြချက်အရ ယူနိုက်တက်အသင်းတာဝန်ရှိသူတွေဟာ ဟန်ဒါဆန်ရဲ့အနာဂတ်ကို မဆုံးဖြတ်ခင် ဒီဂီယာရဲ့အနေအထားကို အရင်ဆွေးနွေးဖွယ်ရှိနေကြောင်း သိရပါတယ်။ အင်္ဂလန်ယူ -၂၁ လက်ရွေးစင် ဟန်ဒါဆန်ဟာ ယမန်နှစ် ယူရို ယူ-၂၁ ချန်ပီယံရှစ်ပြိုင်ပွဲမှာ အင်္ဂလန်လူငယ်အသင်း စောစီးစွာထွက်ခဲ့ရပေမယ့် သူကတော့ လက်စွမ်းပြနိုင်ခဲ့ပါတယ်။

Photo Credit

ဟန်ဒါဆန်ဟာ ယူရို ၂၀၂၀ ပြိုင်ပွဲဝင် အင်္ဂလန်လက်ရွေးစင်အသင်းမှာ ပါဝင်လာနိုင်တယ်လို့ သုံးသပ်ခံထားရပြီး အထူးသဖြင့် ဦးစားပေးဂိုးသမား ပစ်ဖို့ဒ်ရဲ့လက်စွမ်း မတည်မငြိမ်ဖြစ်နေချိန်မှာ ဦးစားပေးဂိုးသမားတောင် ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။

Photo Credit

Zawgyi

ပထမေနရာအတြက္ အာမခံခ်က္ရွိမွသာ မိခင္ကလပ္နဲ႔ ျပန္ပူးေပါင္းႏိုင္မယ္လုိ႔ ဟန္ဒါဆန္ အသိေပးထား

ရွက္ဖီးလ္ယူႏုိက္တက္အသင္းမွာ အငွားကစားေနတဲ့ ယူႏုိက္တက္အသင္းဂိုးသမား ဒင္းဟန္ဒါဆန္က မိခင္ကလပ္ရဲ႕ဦးစားေပးဂိုးသမားအျဖစ္ အာမခံခ်က္မရွိသေရြ႕ အုိးထရက္ဖုိ႔ဒ္အေျခစုိက္အသင္းနဲ႔ ျပန္လည္ပူးေပါင္းဖို႔ စိတ္မ၀င္စားေၾကာင္း ယုံၾကည္ရတဲ့သူေတြကို အသိေပးထားတယ္လုိ႔ သိရပါတယ္။
အဂၤလန္ႏိုင္ငံသား ဟန္ဒါဆန္ဟာ ရွက္ဖီးလ္မွာ အငွားနဲ႔ကစားတဲ့ ၂ရာသီစလုံး အထူးလက္စြမ္းျပေနၿပီး ယမန္ႏွစ္ရာသီက ပရီးမီးယားလိဂ္တန္းတက္ခြင့္ရရွိခဲ့ရာမွာ အဓိကေနရာကေန ပါ၀င္ခ့ဲသလုိ လက္ရွိအခ်ိန္မွာလည္း ရွက္ဖီးလ္ယူႏုိက္တက္က အဆင့္ ၆ေနရာမွာ ရပ္တည္ေနတဲ့အထိ ရလဒ္ေတြ ေကာင္းမြန္ေနပါတယ္။
အသက္ ၂၂ႏွစ္အရြယ္ရွိ ဟန္ဒါဆန္ဟာ ပရီးမီးယားလိဂ္မွာ ေပးဂိုးမရွိပြဲအမ်ားဆုံးဂိးုသမားအျဖစ္ လီဗာပူးဂိုးသမား အဲလစ္ဆန္၊ ဘန္ေလဂိုးသမား နစ္ပုပ္တုိ႔နဲ႔အတူ ၉ပြဲနဲ႔ ပူးတြဲရပ္တည္ေနၿပီး ေဘာလုံးေရးရာ ကၽြမ္းက်င္သူေတြရဲ႕ခ်ီးက်ဴးျခင္းခံေနရပါတယ္။ ဒါေပမဲ့ မန္ခ်က္စတာညေနခင္းသတင္းစာရဲ႕ေဖာ္ျပခ်က္အရ ဟန္ဒါဆန္ဟာ ငယ္စဥ္ကတည္းက ကစားလာတဲ့ မိခင္ကလပ္မွာ ဦးစားေပးဂိုးသမားအျဖစ္ အာမခံခ်က္ရွိမွသာ ယူႏုိက္တက္ကို ျပန္လာမွာျဖစ္ေၾကာင္း သိရပါတယ္။
ဒီလုိဆုိရင္ ယူႏိုက္တက္နည္းျပ ဆုိးလ္ရွားအတြက္ ကိုင္တြယ္ရခက္တဲ့ျပႆနာျဖစ္လာႏိုင္ၿပီး လက္ရွိဦးစားေပးဂုိးသမား ဒီဂီယာက ဖာဂူဆန္ေခတ္လြန္ အသင္းမွာ အရွိန္အ၀ါႀကီးသူတစ္ဦးျဖစ္သလုိ လက္ရွိဦးစားေပးေနရာကေန ဖယ္ေပးမွာမဟုတ္တာလည္း ေသခ်ာပါတယ္။ ယူႏုိက္တက္ဟာ ေနာက္ပိုင္းမွာ အမွားေတြမၾကာခဏက်ဴးလြန္ခဲ့တဲ့ ဒီဂီယာရဲ႕ေနရာမွာ ေရရွည္အစားထိုးမႈအျဖစ္ ဟန္ဒါဆန္ကို ရည္ရြယ္ထားပါတယ္။
သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ ယူႏိုက္တက္အသင္းတာ၀န္ရွိသူေတြဟာ ဟန္ဒါဆန္ရဲ႕အနာဂတ္ကို မဆုံးျဖတ္ခင္ ဒီဂီယာရဲ႕အေနအထားကို အရင္ေဆြးေႏြးဖြယ္ရွိေနေၾကာင္း သိရပါတယ္။ အဂၤလန္ယူ -၂၁ လက္ေရြးစင္ ဟန္ဒါဆန္ဟာ ယမန္ႏွစ္ ယူ႐ို ယူ-၂၁ ခ်န္ပီယံရွစ္ၿပိဳင္ပဲြမွာ အဂၤလန္လူငယ္အသင္း ေစာစီးစြာထြက္ခဲ့ရေပမယ့္ သူကေတာ့ လက္စြမ္းျပႏိုင္ခဲ့ပါတယ္။
ဟန္ဒါဆန္ဟာ ယူ႐ို ၂၀၂၀ ၿပိဳင္ပဲြ၀င္ အဂၤလန္လက္ေရြးစင္အသင္းမွာ ပါ၀င္လာႏုိင္တယ္လုိ႔ သုံးသပ္ခံထားရၿပီး အထူးသျဖင့္ ဦးစားေပးဂိုးသမား ပစ္ဖုိ႔ဒ္ရဲ႕လက္စြမ္း မတည္မၿငိမ္ျဖစ္ေနခ်ိန္မွာ ဦးစားေပးဂုိးသမားေတာင္ ျဖစ္လာႏိုင္တယ္လုိ႔ သိရပါတယ္။