ပထမဆုံး အယ်လ်ကလက်စီကိုပွဲကို နူးကမ့်မှာပဲ ကစားသင့်တာပေါ့

PC ; Internet

ပြိုင်ဘက်ကြီးရီးရဲလ်နဲ့ ဒီရာသီပထမဆုံးအယ်လ်ကလက်စီကိုပွဲကို အိမ်ကွင်းနူးကမ့်မှာသာ ကျင်းပသင့်တယ်လို့ ဘာစီလိုနာနည်းပြဗယ်ဗာဒီက လာလီဂါအကြီးအကဲတွေကို တိုက်တွန်းပြောဆိုလိုက်ပါတယ်။ ကက်တာလန်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ဖြစ်ပွားနေတဲ့ နိုင်ငံရေးမငြိမ်သက်မှုတွေကြောင့် လာလီဂါတာဝန်ရှိသူတွေက အောက်တိုဘာ ၂၆ရက်ကစားရမယ့် အယ်လ်ကလက်စီကိုပွဲကို ရီးရဲလ်ရဲ့ဘာနေဗျူးကွင်းမှာ ပြောင်းရွှေ့ကစားစေချင်နေပါတယ်။

PC ; Internet

လက်ရှိအချိန်မှာ ကလပ်နှစ်သင်းနဲ့လာလီဂါကြား တိုင်ပင်ဆွေးနွေးနေပြီး တကယ်လို့ အပြီးသတ်မဆုံးဖြတ်နိုင်ရင် နောက်ထပ် ၂လနောက်ဆုတ်ပြီး ဒီဇင်ဘာလရောက်မှ ကစားခွင့်ရလိမ့်မယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။

PC ; Internet

“ ဒီပွဲနဲ့ပတ်သက်ပြီး အသံတွေအတော်လေးကြားနေရပါတယ်။ပွဲနေရာအပြောင်းအလဲ ဖြစ်နိုင်တယ်ဆိုတာလည်း ကြားနေရတယ်။ပထမဦးစားပေးအဖြစ် ဘာနေဗျူးမှာ ပြောင်းကစားရမယ်ဆိုတာမျိုးပေါ့။ကျွန်တော်တို့ကတော့ အဲဒီလိုမမြင်ပါဘူး။ကျွန်တော်တို့ဟာ ဒီတစ်ပတ် အဝေးကွင်းပွဲစဉ်သွားကစားရမယ်။နောက်တစ်ပတ်မှာ သူများကွင်းထပ်သွားရပြီး နောက်တစ်ပတ်မှာလည်း ခရီးပဲထွက်ရဦးမယ်ဆိုရင်တော့ မဟုတ်သေးပါဘူး။

PC ; Internet

ဒါပေမဲ့ ပွဲစဉ်ရေးဆွဲမှုအရကိုး။ကျွန်တော်တို့ လေးစားပါတယ်။အခု အယ်လ်ကလက်စီကိုကတော့ ပုံမှန်အားဖြင့် ကျွန်တော်တို့ကွင်းမှာသာ ကစားရမှာပါ။ဘာတွေဖြစ်လာဦးမလဲဆိုတာတော့ စောင့်ကြည့်ရမှာပေါ့။ပရိသတ်တွေရဲ့ခေါင်းထဲမှာတော့ ဒီပွဲကနေရာယူထားတယ်။ဘာစီလိုနာမြို့မှာ အခြေအနေတွေမတည်ငြိမ်တာ အားလုံးသိပေမယ့် အချိန်လိုပါသေးတယ်။ကျွန်တော်တို့ကတော့ ဒီပွဲကို နူးကမ့်မှာကစားရမယ်လို့ ယုံကြည်ပါတယ်။ကျွန်တော်တို့လိုချင်တာလည်း ဒါပါပဲ ” လို့ ဗယ်ဗာဒီက ပြောဆိုသွားပါတယ်။

PC ; Internet

ဒါ့အပြင် တကယ်လို့ပွဲရွှေ့ရရင် ရီးရဲလ်နဲ့ဘာကာအနက် ဘယ်အသင်းအတွက် ပိုပြီးအထောက်အကူဖြစ်သွားနိုင်လဲဆိုတဲ့ မေးခွန်းကိုလည်း ဗယ်ဗာဒီက သူတို့နှစ်သင်းလုံးဟာ ကြားရက်မှာချန်ပီယံလိဂ်ပွဲစဉ်ကစားခဲ့ရတာကြောင့် ပွဲရွှေ့လည်းဘယ်အသင်းကိုမှ ပိုပြီးအကျိုးများစေဖို့မရှိကြောင်း၊ကစားသမားတွေအနေနဲ့ကလည်း အယ်လ်ကလက်စီကိုပွဲတွေ ဘယ်လောက်ပဲနွှဲခဲ့ပါစေ မတူညီတဲ့ခံစားချက်ကိုယ်စီနဲ့ တိုက်ပွဲဝင်ဖို့အဆင်သင့်ဖြစ်နေကြလိမ့်မယ်လို့ ထင်မိပါကြောင်း ဖြေဆိုသွားခဲ့ပါတယ်။

(zawgyi)

ၿပိဳင္ဘက္ႀကီးရီးရဲလ္နဲ႔ ဒီရာသီပထမဆံုးအယ္လ္ကလက္စီကိုပြဲကို အိမ္ကြင္းႏူးကမ့္မွာသာ က်င္းပသင့္တယ္လို႔ ဘာစီလိုနာနည္းျပဗယ္ဗာဒီက လာလီဂါအႀကီးအကဲေတြကို တိုက္တြန္းေျပာဆိုလိုက္ပါတယ္။ ကက္တာလန္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသမွာ ျဖစ္ပြားေနတဲ့ ႏိုင္ငံေရးမၿငိမ္သက္မႈေတြေၾကာင့္ လာလီဂါတာ၀န္ရွိသူေတြက ေအာက္တိုဘာ ၂၆ရက္ကစားရမယ့္ အယ္လ္ကလက္စီကိုပြဲကို ရီးရဲလ္ရဲ႕ဘာေနဗ်ဴးကြင္းမွာ ေျပာင္းေရႊ႔ကစားေစခ်င္ေနပါတယ္။လက္ရွိအခ်ိန္မွာ ကလပ္ႏွစ္သင္းနဲ႔လာလီဂါၾကား တိုင္ပင္ေဆြးေႏြးေနၿပီး တကယ္လို႔ အၿပီးသတ္မဆံုးျဖတ္ႏိုင္ရင္ ေနာက္ထပ္ ၂လေနာက္ဆုတ္ၿပီး ဒီဇင္ဘာလေရာက္မွ ကစားခြင့္ရလိမ့္မယ္လို႔လည္း သတင္းေတြထြက္ေပၚေနပါတယ္။“ ဒီပြဲနဲ႔ပတ္သက္ၿပီး အသံေတြအေတာ္ေလးၾကားေနရပါတယ္။ပြဲေနရာအေျပာင္းအလဲ ျဖစ္ႏိုင္တယ္ဆိုတာလည္း ၾကားေနရတယ္။ပထမဦးစားေပးအျဖစ္ ဘာေနဗ်ဴးမွာ ေျပာင္းကစားရမယ္ဆိုတာမ်ိဳးေပါ့။ကၽြန္ေတာ္တို႔ကေတာ့ အဲဒီလိုမျမင္ပါဘူး။ကၽြန္ေတာ္တို႔ဟာ ဒီတစ္ပတ္ အေ၀းကြင္းပြဲစဥ္သြားကစားရမယ္။ေနာက္တစ္ပတ္မွာ သူမ်ားကြင္းထပ္သြားရၿပီး ေနာက္တစ္ပတ္မွာလည္း ခရီးပဲထြက္ရဦးမယ္ဆိုရင္ေတာ့ မဟုတ္ေသးပါဘူး။ဒါေပမဲ့ ပြဲစဥ္ေရးဆြဲမႈအရကိုး။ကၽြန္ေတာ္တို႔ ေလးစားပါတယ္။အခု အယ္လ္ကလက္စီကိုကေတာ့ ပံုမွန္အားျဖင့္ ကၽြန္ေတာ္တို႔ကြင္းမွာသာ ကစားရမွာပါ။ဘာေတြျဖစ္လာဦးမလဲဆိုတာေတာ့ ေစာင့္ၾကည့္ရမွာေပါ့။ပရိသတ္ေတြရဲ႕ေခါင္းထဲမွာေတာ့ ဒီပြဲကေနရာယူထားတယ္။ဘာစီလိုနာၿမိဳ႔မွာ အေျခအေနေတြမတည္ၿငိမ္တာ အားလံုးသိေပမယ့္ အခ်ိန္လိုပါေသးတယ္။ကၽြန္ေတာ္တို႔ကေတာ့ ဒီပြဲကို ႏူးကမ့္မွာကစားရမယ္လို႔ ယံုၾကည္ပါတယ္။ကၽြန္ေတာ္တို႔လိုခ်င္တာလည္း ဒါပါပဲ ” လို႔ ဗယ္ဗာဒီက ေျပာဆိုသြားပါတယ္။ဒါ့အျပင္ တကယ္လို႔ပြဲေရႊ႔ရရင္ ရီးရဲလ္နဲ႔ဘာကာအနက္ ဘယ္အသင္းအတြက္ ပိုၿပီးအေထာက္အကူျဖစ္သြားႏိုင္လဲဆိုတဲ့ ေမးခြန္းကိုလည္း ဗယ္ဗာဒီက သူတို႔ႏွစ္သင္းလံုးဟာ ၾကားရက္မွာခ်န္ပီယံလိဂ္ပြဲစဥ္ကစားခဲ့ရတာေၾကာင့္ ပြဲေရႊ႔လည္းဘယ္အသင္းကိုမွ ပိုၿပီးအက်ိဳးမ်ားေစဖို႔မရွိေၾကာင္း၊ကစားသမားေတြအေနနဲ႔ကလည္း အယ္လ္ကလက္စီကိုပြဲေတြ ဘယ္ေလာက္ပဲႏႊဲခဲ့ပါေစ မတူညီတဲ့ခံစားခ်က္ကိုယ္စီနဲ႔ တိုက္ပြဲ၀င္ဖို႔အဆင္သင့္ျဖစ္ေနၾကလိမ့္မယ္လို႔ ထင္မိပါေၾကာင္း ေျဖဆိုသြားခဲ့ပါတယ္။