ပထမဆုံး ကစားခွင့်ရခဲ့တဲ့ ဒီယာလိုအပေါ် ဆိုးရှား မှတ်ချက်ပြုပြောကြား
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
မန်ချက်စတာ ယူနိုက်တက် နည်းပြ အိုလေ ဂန်းနား ဆိုးရှားက ရီးရဲဆိုစီဒက်စ်အသင်းကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ် ( ၃၂ ) သင်းအဆင့် ပထမအကျော့ ပွဲစဥ်မှာ ပထမဆုံးကစားခွင့်ရခဲ့တဲ့ အာမက် ဒီယာလိုကို လာမယ့် ကြာသပတေးနေ့ ဒုတိယအကျော့ ပွဲစဥ်မှာ ပွဲထွက်ခွင့်ပေးဖို့ စဥ်းစားသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။
အသက် ( ၁၈ ) နှစ်အရွယ် တောင်ပံကစားသမားဟာ တူရင်မြို့ Allianz Stadium မှာ ကစားခဲ့တဲ့ ပွဲစဥ်အတွင်း ( ၄ – ၀ ) ရလာဒ်နဲ့ အနိုင်ရရှိနေချိန် ( ၈၃ ) မိနစ်မှာ လူစားဝင် ကစားသမားအနေနဲ့ ပါဝင်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။ အာမက်ဟာ ဘယ်တောင်ပံမှာ ကစားခွင့်ရခဲ့ပြီး ယူနိုက်တက်က ဘာကြောင့် ဆယ်ကျော်သက် ကစားသမားကို မြှင့်မားတဲ့ ပြောင်းရွေ့ကြေးနဲ့ ခေါ်ယူခဲ့လဲဆိုတာ သက်သေပြသွားခဲ့ပါတယ်။
ပြီးခဲ့လအတွင်း အတ္တလန္တာကနေ ပေါင် ( ၃၇ ) သန်းနဲ့ ယူနိုက်တက်ကို ရောက်ရှိလာတဲ့ အိုင်ဗရီကို့ကြယ်ပွင့်ဟာ လာမယ့် တနင်္ဂနေ့ နယူးကာဆယ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဥ်မှာ ပွဲထွက်ခွင့်ရဖို့ အလားအလာ နည်းပါးလျက်ရှိပါတယ်။
ဒါပေမယ့် ယူနိုက်တက်က ယူရိုပါလိဂ် ( ၁၆ ) သင်းအဆင့်ကို တက်ေရာက်ဖို့ ေသချာလုနီးပါးဖြစ်ေနတဲ့ အတွက် လာမယ့် ကြာသပေတးေန့ အိုးထရတ်ဖို့ဒ်မှာ ကစားမယ့် ရီးရဲဆိုစီဒက်စ်အသင်းနဲ့ ဒုတိယအ‌ေကျာ့ ပွဲစဥ်တွင် ပထမဆုံးအကြိမ် ပွဲထွက် ကစားခွင့်ရဖွယ် ရှိေနပါတယ်။
ယူနိုက်တက် နည်းပြက “ ကျွန်ေတာ်တို့ နယူးကာဆယ်နဲ့ ပွဲစဥ်အပြီးမှာ ဆုံးဖြတ်ချက် ချရပါမယ် ။ သူအ‌ေနနဲ့ မကြာခင်မှာ ပွဲစဥ်တချို့ ကစားခွင့်ရပါလိမ့်မယ် ။ ဒီနေ့ည ပွဲစဥ်မှာ ပွဲကစားခွင့်ရလိုပေမယ့် အရံခုံမှာပဲ နေခဲ့ရတဲ့ ကစားသမား တချို့ရှိပါတယ် ။ အာမက်ကတော့ တဖြည်းဖြည်း နီးကပ်လာပါပြီ။ ပွဲစဥ် ဘယ်လောက်များများကစားခွင့်ရမလဲဆိုတာတော့ စောင့်ကြည့်ရပါမယ်။” လို့ ဆိုခဲ့ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi