ပထမဆုံးရှုံးပွဲကြောင့် ဖလစ်ကိုနစ်နာစေမှာမဟုတ်ဘူးလို့ ရူမင်နစ်ဂီဖွင့်ဟ

PC ; Internet

လေဗာကူဆင်ကို အိမ်ကွင်းမှာ စိတ်ပျက်စရာရှုံးနိမ့်ခဲ့ပေမယ့် ဒီရလဒ်ကြောင့် နည်းပြဟန်စီဖလစ်ရဲ့အခွင့်အရေးကို ထိခိုက်နစ်နာစေမှာမဟုတ်ဘူးလို့ ဘိုင်ယန်မြူးနစ်အသင်းအမှုဆောင်ချုပ်ရူမင်နစ်ဂီက ပြောဆိုလိုက်ပါတယ်။ဒီပွဲဟာ ယာယီနည်းပြဖလစ်ရဲ့ ပြီးပြည့်စုံတဲ့စတင်းခြင်းတွေကို အဆုံးသတ်သွားစေခဲ့တာပါ။တစ်နည်းအားဖြင့် နိုဝင်ဘာမှာ နည်းပြကိုဗက်နေရာဆက်ခံခဲ့တဲ့နောက်ပိုင်း သူ့ရဲ့ ပထမဆုံးရှုံးပွဲဖြစ်ခဲ့ပါတယ်။

PC ; Internet

ဘိုင်ယန်ဟာလည်း အမှတ်ပေးဇယားထိပ်ကလစ်ပ်ဇစ်နဲ့ ၃မှတ်အကွာ အဆင့်-၄နေရာမှာရပ်တည်နေပြီး ချန်ပီယံဆုကာကွယ်နိုင်ဖို့ရုန်းကန်ရဦးမှာပါ။ဒါ့အပြင် အမြဲတမ်းနည်းပြခန့်အပ်ဖို့ရှာဖွေနေတဲ့ ဂျာမန်ကလပ်နဲ့ စပါးနည်းပြဟောင်းပိုချက်တီနိုတို့သတင်းကလည်း ဖလစ်အတွက်ဖိအားဖြစ်နေပါတယ်။ဒါပေမဲ့ ရူမင်နစ်ဂီကတော့ အခုပွဲရလဒ်ဟာ ဖလစ်အပေါ်ထားတဲ့သူတို့သဘောထားကို ပြောင်းလဲစေမှာမဟုတ်သလို ရာသီအကုန်ထိတာဝန်ယူခိုင်းသွားဖို့ရှိတယ်လို့လည်း အရိပ်အမြွက်ပြောဆိုသွားခဲ့ပါတယ်။

PC ; Internet

” ဘောလုံးလောကမှာ အရေးအကြီးဆုံးက အရည်အချင်းရှိရှိကစားနိုင်ဖို့၊ရေတိုရေရှည် ပွဲအစီအမံတွေရှိဖို့ပါ။အဲဒါတွေကို ဖလစ်နဲ့အတူ ကျွန်တော်တို့ ရထားပါတယ်။ကျွန်တော့်အတွက်ကတော့ မနေ့ကပွဲရလဒ်ကြောင့် ဘာမှပြောင်းလဲသွားမှာမဟုတ်ပါဘူး။သူနဲ့ပတ်သက်ပြီး ကျွန်တော်တို့ သိပ်ကိုကျေနပ်နေပါတယ်။ဆောင်းရာသီအထိ အလုပ်ဆက်လုပ်ကြမယ်လို့ ကျွန်တော်တို့ သဘောတူခဲ့ပြီးသားပါ။

PC ; Internet

မနေ့ကပွဲပြီးတဲ့နောက်မှာ ကျွန်တော်တို့ ဘာတွေပြုပြင်သင့်လဲဆိုတာ တည်ငြိမ်စွာနဲ့ဆွေးနွေးဖြစ်ခဲ့ကြပါတယ်” လို့ ရူမင်နစ်ဂီက ဖွင့်ဟသွားခဲ့ပါတယ်။ဘိုင်ယန်ယာယီနည်းပြဖလစ်ဟာ တာဝန်ယူခဲ့တဲ့ ၅ပွဲမှာ ၄ပွဲနိုင်ပြီး အခု ၁ပွဲသာရှုံးခဲ့တာဖြစ်ပါတယ်။

(zawgyi)

ေလဗာကူဆင္ကို အိမ္ကြင္းမွာ စိတ္ပ်က္စရာရံႈးနိမ့္ခဲ့ေပမယ့္ ဒီရလဒ္ေၾကာင့္ နည္းျပဟန္စီဖလစ္ရဲ႕အခြင့္အေရးကို ထိခိုက္နစ္နာေစမွာမဟုတ္ဘူးလို႔ ဘိုင္ယန္ျမဴးနစ္အသင္းအမႈေဆာင္ခ်ဳပ္ရူမင္နစ္ဂီက ေျပာဆိုလိုက္ပါတယ္။ဒီပြဲဟာ ယာယီနည္းျပဖလစ္ရဲ႕ ၿပီးျပည့္စံုတဲ့စတင္းျခင္းေတြကို အဆံုးသတ္သြားေစခဲ့တာပါ။တစ္နည္းအားျဖင့္ ႏို၀င္ဘာမွာ နည္းျပကိုဗက္ေနရာဆက္ခံခဲ့တဲ့ေနာက္ပိုင္း သူ႔ရဲ႕ ပထမဆံုးရံႈးပြဲျဖစ္ခဲ့ပါတယ္။ဘိုင္ယန္ဟာလည္း အမွတ္ေပးဇယားထိပ္ကလစ္ပ္ဇစ္နဲ႔ ၃မွတ္အကြာ အဆင့္-၄ေနရာမွာရပ္တည္ေနၿပီး ခ်န္ပီယံဆုကာကြယ္ႏိုင္ဖို႔ရုန္းကန္ရဦးမွာပါ။ဒါ့အျပင္ အၿမဲတမ္းနည္းျပခန္႔အပ္ဖို႔ရွာေဖြေနတဲ့ ဂ်ာမန္ကလပ္နဲ႔ စပါးနည္းျပေဟာင္းပိုခ်က္တီႏိုတို႔သတင္းကလည္း ဖလစ္အတြက္ဖိအားျဖစ္ေနပါတယ္။ဒါေပမဲ့ ရူမင္နစ္ဂီကေတာ့ အခုပြဲရလဒ္ဟာ ဖလစ္အေပၚထားတဲ့သူတို႔သေဘာထားကို ေျပာင္းလဲေစမွာမဟုတ္သလို ရာသီအကုန္ထိတာ၀န္ယူခိုင္းသြားဖို႔ရွိတယ္လို႔လည္း အရိပ္အျမြက္ေျပာဆိုသြားခဲ့ပါတယ္။” ေဘာလံုးေလာကမွာ အေရးအႀကီးဆံုးက အရည္အခ်င္းရွိရွိကစားႏိုင္ဖို႔၊ေရတိုေရရွည္ ပြဲအစီအမံေတြရွိဖို႔ပါ။အဲဒါေတြကို ဖလစ္နဲ႔အတူ ကၽြန္ေတာ္တို႔ ရထားပါတယ္။ကၽြန္ေတာ့္အတြက္ကေတာ့ မေန႔ကပြဲရလဒ္ေၾကာင့္ ဘာမွေျပာင္းလဲသြားမွာမဟုတ္ပါဘူး။သူနဲ႔ပတ္သက္ၿပီး ကၽြန္ေတာ္တို႔ သိပ္ကိုေက်နပ္ေနပါတယ္။ေဆာင္းရာသီအထိ အလုပ္ဆက္လုပ္ၾကမယ္လို႔ ကၽြန္ေတာ္တို႔ သေဘာတူခဲ့ၿပီးသားပါ။မေန႔ကပြဲၿပီးတဲ့ေနာက္မွာ ကၽြန္ေတာ္တို႔ ဘာေတြျပဳျပင္သင့္လဲဆိုတာ တည္ၿငိမ္စြာနဲ႔ေဆြးေႏြးျဖစ္ခဲ့ၾကပါတယ္” လို႔ ရူမင္နစ္ဂီက ဖြင့္ဟသြားခဲ့ပါတယ္။ဘိုင္ယန္ယာယီနည္းျပဖလစ္ဟာ တာ၀န္ယူခဲ့တဲ့ ၅ပြဲမွာ ၄ပြဲႏိုင္ၿပီး အခု ၁ပြဲသာရံႈးခဲ့တာျဖစ္ပါတယ္။