ပထမဆုံးပွဲစဉ်မှာ လက်အိတ်ဝတ်ပြီး ကစားခဲ့လို့ နတ်ဘုရားကြီး ဆူတာခံခဲ့ရတဲ့ လူငယ်ကစားသမား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဇလာတန် အီဗရာဟီမိုဗစ်က ပထမဆုံး debut ပွဲစဉ်မှာ လက်အိတ်ဝတ် ကစားခဲ့တဲ့ လူငယ်ကစားသမား ပယ်ရီ ကာလူလူကို ကြိမ်းမောင်းပြောဆိုမှုတွေ ပြုလုပ်ခဲ့မိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

အသက် ( ၂၀ ) အရွယ် ဗဟိုနောက်ခံ ကစားသမားဟာ ပြီးခဲ့တဲ့ လက Sparta Prague အသင်းကို ( 1 -0 ) အနိုင်ရှိခဲ့တဲ့ ယူရိုပါလိဂ် ပွဲစဉ်မှာ အေစီမီလန် အသင်းကြီးနဲ့အတူ ပထမဆုံးအကြိမ် ကစားခွင့်ရခဲ့ပါတယ်။

ပြင်သစ် ယူ – ၂၀ ကစားသမားဟာ ပြီးခဲ့တဲ့ နွေရာသီမှာ လိုင်ယွန်အသင်းကနေ လက်ရှိ စီးရီးအေ အမှတ်ပေးဇယားကို ဦးဆောင်နေသူ အေစီမီလန်အသင်းထံ ပြောင်းရွေ့လာခဲ့တာ ဖြစ်ပါတယ်။

ကာလူလူက ဒီဇင်ဘာလ ပျမ်းမျှအပူချိန် ( ၄ ) ဒီဂရီ ရှိတဲ့ ချက်နိုင်ငံမှာ ကစားခဲ့တဲ့ ပွဲစဉ်အတွင်း အေးဒဏ်ကို ကာကွယ်ဖို့ ရည်ရွယ်ပြီး လက်အိတ် ဝတ်ဆင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါလုပ်ရပ်က မိုဗစ်ကို ဒေါသထွက်စေခဲ့ပြီး CorSport နဲ့တွေ့ဆုံရာမှာ ” ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ် အကြာက ကာလူလူက အေစီမီလန်အသင်းနဲ့ ပထမဆုံး ပါဝင်ခွင့်ရတဲ့ ပွဲစဉ်မှာ လက်အိတ်ဝတ်ပြီး ကစားခဲ့တယ်။

ကျွန်တော်သူ့ကို ချွတ်ထားဖို့ ပြောလိုက်ပါတယ်။ လူငယ် ဗဟိုခံစစ် ကစားသမားတစ်ယောက်က သူ့ရဲ့ ပထမဆုံးပွဲကို လက်အိတ်ဝတ်ပြီး ကစားနေရုံနဲ့ တိုက်စစ်မှူးတွေကို ကြောင်ရွံ့စေမှာ မဟုတ်ပါဘူး။ ” လို့ ဆိုခဲ့ပါတယ်။

အသက် ( ၃၉ ) နှစ်အရွယ် အီဗရာဟီမိုဗစ်ဟာ ကာရာတေးမှာ ခါးပတ်နက် ရရှိထားသူလည်း ဖြစ်ပါတယ်။ တိုက်စစ်မှူးကြီးဟာ အသက်က ကိန်းဂဏန်းတစ်ခုမျှသာ ဖြစ်တယ်ဆိုတာကို အေစီမီလန်အသင်းနဲ့အတူ သက်သေပြလျက်ရှိပါတယ်။ Source : The Sun

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဇလာတန္ အီဗရာဟီမိုဗစ္က ပထမဆုံး debut ပြဲစဥ္မွာ လက္အိတ္ဝတ္ ကစားခဲ့တဲ့ လူငယ္ကစားသမား ပယ္ရီ ကာလူလူကို ႀကိမ္းေမာင္းေျပာဆိုမႈေတြ ျပဳလုပ္ခဲ့မိေၾကာင္း ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ အသက္ ( ၂၀ ) အ႐ြယ္ ဗဟိုေနာက္ခံ ကစားသမားဟာ ၿပီးခဲ့တဲ့ လက Sparta Prague အသင္းကို ( 1 -0 ) အႏိုင္ရွိခဲ့တဲ့ ယူ႐ိုပါလိဂ္ ပြဲစဥ္မွာ ေအစီမီလန္ အသင္းႀကီးနဲ႔အတူ ပထမဆုံးအႀကိမ္ ကစားခြင့္ရခဲ့ပါတယ္။ ျပင္သစ္ ယူ – ၂၀ ကစားသမားဟာ ၿပီးခဲ့တဲ့ ေႏြရာသီမွာ လိုင္ယြန္အသင္းကေန လက္ရွိ စီးရီးေအ အမွတ္ေပးဇယားကို ဦးေဆာင္ေနသူ ေအစီမီလန္အသင္းထံ ေျပာင္းေ႐ြ႕လာခဲ့တာ ျဖစ္ပါတယ္။

ကာလူလူက ဒီဇင္ဘာလ ပ်မ္းမွ်အပူခ်ိန္ ( ၄ ) ဒီဂရီ ရွိတဲ့ ခ်က္ႏိုင္ငံမွာ ကစားခဲ့တဲ့ ပြဲစဥ္အတြင္း ေအးဒဏ္ကို ကာကြယ္ဖို႔ ရည္႐ြယ္ၿပီး လက္အိတ္ ဝတ္ဆင္ခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္ အဆိုပါလုပ္ရပ္က မိုဗစ္ကို ေဒါသထြက္ေစခဲ့ၿပီး CorSport နဲ႔ေတြ႕ဆုံရာမွာ ” ၿပီးခဲ့တဲ့ ရက္သတၱပတ္ အနည္းငယ္ အၾကာက ကာလူလူက ေအစီမီလန္အသင္းနဲ႔ ပထမဆုံး ပါဝင္ခြင့္ရတဲ့ ပြဲစဥ္မွာ လက္အိတ္ဝတ္ၿပီး ကစားခဲ့တယ္။ ကြၽန္ေတာ္သူ႔ကို ခြၽတ္ထားဖို႔ ေျပာလိုက္ပါတယ္။ လူငယ္ ဗဟိုခံစစ္ ကစားသမားတစ္ေယာက္က သူ႔ရဲ႕ ပထမဆုံးပြဲကို လက္အိတ္ဝတ္ၿပီး ကစားေန႐ုံနဲ႔ တိုက္စစ္မႉးေတြကို ေၾကာင္႐ြံ႕ေစမွာ မဟုတ္ပါဘူး။ ” လို႔ ဆိုခဲ့ပါတယ္။

အသက္ ( ၃၉ ) ႏွစ္အ႐ြယ္ အီဗရာဟီမိုဗစ္ဟာ ကာရာေတးမွာ ခါးပတ္နက္ ရရွိထားသူလည္း ျဖစ္ပါတယ္။ တိုက္စစ္မႉးႀကီးဟာ အသက္က ကိန္းဂဏန္းတစ္ခုမွ်သာ ျဖစ္တယ္ဆိုတာကို ေအစီမီလန္အသင္းနဲ႔အတူ သက္ေသျပလ်က္ရွိပါတယ္။ Source : The Sun