ပထမဆုံးထိချက်မှာပဲ ပွတ်ရှ်ကက်စ်ဆုရနိုင်လောက်တဲ့သွင်းဂိုးကို သွင်းယူပြခဲ့တဲ့ မာရက်ဇ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အယ်လ်ဂျီးရီးယားတောင်ပံကစားသမား မာရက်ဇ်ဟာ အယ်လ်ဂျီးရီးယား နဲ့ ဇင်ဘာဘွေပွဲစဉ်မှာ ပွတ်ရှ်ကက်စ်ဆုရနိုင်လောက်တဲ့ဂိုးကို ပထမဆုံးထိချက်မှာပဲ သွင်းယူနိုင်ခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာ အယ်လ်ဂျီးရီးယားအသင်းဟာ ဇင်ဘာဘွေအသင်းကို မာရက်ဇ် ၁-၀ ဂိုးနဲ့ ဦးဆောင်နေတာဖြစ်ပါတယ်။


ဝက်စ်ဟမ်းကစားသမား ဘန်ရာမာကရရှိလာတဲ့ဘောလုံးကို အသင်းဖော် မာရက်ဇ်ရှိတဲ့တောင်ပံကို ဖြတ်တင်ပေးလိုက်ပြီး မာရက်ဇ်က ဇင်ဘာဘွေနောက်တန်း ၂ ယောက်ကိုလှည့်စားပြီး သွင်းယူခဲ့တာဖြစ်ပါတယ်။


မာရက်ဇ်ရဲ့ဂိုးဟာ တန်ပြန်တိုက်စစ်ကနေ ရရှိလာတဲ့ဂိုးဖြစ်ပြီး ထိပ်တန်းဂိုးတစ်ဂိုးဖြစ်တာကြောင့် ပရိသတ်တွေက ပွတ်ရှ်ကက်စ်ဆုပေးသင့်တယ်လို့ တောင်းဆိုခဲ့ကြပါတယ်။
အယ်လ်ဂျီးရီးယားအသင်းကတော့ လက်ရှိအုပ်စု (H) မှ တစ်ပွဲမှအရေးမနိမ့်ထားဘဲ ၄ ပွဲကစားပြီးချိန်မှာ ရမှတ် ၁၂ မှတ်နဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်နေပါတယ်။


ဒီရာသီ မာရက်ဇ်အတွက် လက်ရှိသွင်းဂိုးက ပထမဆုံးအကြိမ် အလှဆုံးဂိုးမဟုတ်ဘဲ စက်တင်ဘာလက လက်စတာအသင်းနဲ့ပွဲမှာလည်း မာရက်ဇ်ဟာ လှပတဲ့သွင်းဂိုးတစ်ဂိုးကို သွင်းယူခဲ့တာဖြစ်ပါတယ်။


ဒီဘရိုင်းရဲ့ကန်ချက်ကို လက်စတာနောက်ခံလူ ဂျက်စတင်ဖျက်ထုတ်ရာမှ ပြန်ထွက်လာတာကို မာရက်ဇ်က အကူအညီမဲ့နေတဲ့ ရှမိုက်ကယ်ကို ကျော်ဖြတ်ပြီး သွင်းယူခဲ့တာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ