ပထမဆုံးဂိုး သွင်းယူပြီး ဖခင်လို အောင်ပွဲခံခဲ့တဲ့ ဒရော့ဘာရဲ့ သား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ချဲလ်ဆီး နှင့် အိုင်ဗရီကို့စ် ဂန္တဝင်ကစားသမား ဒီဒီယာ ဒရော့ဘာရဲ့ သားဖြစ်သူ အိုက်ဇက် ဒရော့ဘာဟာ မနေ့က ကစားခဲ့တဲ့ပွဲစဥ်မှာ အီတလီ စီးရီးဒီကလပ် ကာရာတီစ်အသင်းနဲ့အတူ ပထမဆုံး ပရော်ဖက်ရှင်နယ်သွင်းဂိုး ရယူနိုင်ခဲ့ပါတယ်။ အသက် ( ၂၀ ) အရွယ် ကစားသမားဟာ ဖရီးကစ်ကန်သွင်းမှုကနေ ကျလာတဲ့ ဘောလုံးကို အနီးကတ်အနေအထားကနေ ပိတ်သွင်းယူခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ကောင်းမွန်တဲ့ အဆုံးသတ်မှုက ဖခင်ဖြစ်သူ စတန်းဖို့ဒ်ဘရစ်ချ် သူရဲကောင်းကို ဂုဏ်ယူစေပါလိမ့်မယ်။ တိုက်စစ်မှူးက အဆိုပါ သွင်းဂိုးကို ရယူပြီးနောက် ဖခင်ဖြစ်သူအတိုင်း လက်နှစ်ဖက်ကို ဖြန့်ပြီးအောင်ပွဲခံခဲ့ပါတယ်။ ဒရော့ဘာဟာ အဆိုပါ သွင်းဂိုးနဲ့အတူ အီတလီကလပ်အသင်းမှာ ကစားသမားဘဝကို အကောင်းမွန်ဆုံး စတင်ခဲ့ပြီဖြစ်ပါတယ်။

အိုက်ဇက်ဟာ ပြီးခဲ့တဲ့ ဖောဖော်ဝါရီလမှာ အသင်းကို ရောက်ရှိလာပြီးနောက် တတိယအကြိမ်မြောက် ကစားခွင့်ရရှိတာ ဖြစ်ပါတယ်။ တိုက်စစ်မှူးဟာ ( ၂၀၁၉ ) နွေရာသီ ပြင်သစ်ကလပ် EA Guingamp အသင်းထံ မပြောင်းရွေ့မီ လူငယ်ကစားသမားဘဝကို ချဲလ်ဆီးအကယ်ဒမီမှာ စတင်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ချဲလ်ဆီးပရိသတ်တွေက အိုက်ဇက် ဒရော့ဘာ အပေါ် စိတ်လှုပ်ရှားခြင်း ရှိမနေသေးပဲ ကစားသမားအနေနဲ့ စီးရီးဒီကနေ ထိပ်တန်းအဆင့်ကို တက်ရောက်နိုင်ဖို့ များစွာကြိုးစားဖို့ လိုအပ်လျက်ရှိနေပါသေးတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ပထမဆုံးဂိုး သြင္းယူၿပီး ဖခင္လို ေအာင္ပြဲခံခဲ့တဲ့ ဒေရာ့ဘာရဲ႕ သား

ခ်ဲလ္ဆီး ႏွင့္ အိုင္ဗရီကို႔စ္ ဂႏၲဝင္ကစားသမား ဒီဒီယာ ဒေရာ့ဘာရဲ႕ သားျဖစ္သူ အိုက္ဇက္ ဒေရာ့ဘာဟာ မေန႔က ကစားခဲ့တဲ့ပြဲစဥ္မွာ အီတလီ စီးရီးဒီကလပ္ ကာရာတီစ္အသင္းနဲ႔အတူ ပထမဆုံး ပေရာ္ဖက္ရွင္နယ္သြင္းဂိုး ရယူႏိုင္ခဲ့ပါတယ္။ အသက္ ( ၂၀ ) အ႐ြယ္ ကစားသမားဟာ ဖရီးကစ္ကန္သြင္းမႈကေန က်လာတဲ့ ေဘာလုံးကို အနီးကတ္အေနအထားကေန ပိတ္သြင္းယူခဲ့တာ ျဖစ္ပါတယ္။

အဆိုပါ ေကာင္းမြန္တဲ့ အဆုံးသတ္မႈက ဖခင္ျဖစ္သူ စတန္းဖို႔ဒ္ဘရစ္ခ်္ သူရဲေကာင္းကို ဂုဏ္ယူေစပါလိမ့္မယ္။ တိုက္စစ္မႉးက အဆိုပါ သြင္းဂိုးကို ရယူၿပီးေနာက္ ဖခင္ျဖစ္သူအတိုင္း လက္ႏွစ္ဖက္ကို ျဖန႔္ၿပီးေအာင္ပြဲခံခဲ့ပါတယ္။ ဒေရာ့ဘာဟာ အဆိုပါ သြင္းဂိုးနဲ႔အတူ အီတလီကလပ္အသင္းမွာ ကစားသမားဘဝကို အေကာင္းမြန္ဆုံး စတင္ခဲ့ၿပီျဖစ္ပါတယ္။

အိုက္ဇက္ဟာ ၿပီးခဲ့တဲ့ ေဖာေဖာ္ဝါရီလမွာ အသင္းကို ေရာက္ရွိလာၿပီးေနာက္ တတိယအႀကိမ္ေျမာက္ ကစားခြင့္ရရွိတာ ျဖစ္ပါတယ္။ တိုက္စစ္မႉးဟာ ( ၂၀၁၉ ) ေႏြရာသီ ျပင္သစ္ကလပ္ EA Guingamp အသင္းထံ မေျပာင္းေ႐ြ႕မီ လူငယ္ကစားသမားဘဝကို ခ်ဲလ္ဆီးအကယ္ဒမီမွာ စတင္ခဲ့တာ ျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ ခ်ဲလ္ဆီးပရိသတ္ေတြက အိုက္ဇက္ ဒေရာ့ဘာ အေပၚ စိတ္လႈပ္ရွားျခင္း ရွိမေနေသးပဲ ကစားသမားအေနနဲ႔ စီးရီးဒီကေန ထိပ္တန္းအဆင့္ကို တက္ေရာက္ႏိုင္ဖို႔ မ်ားစြာႀကိဳးစားဖို႔ လိုအပ္လ်က္ရွိေနပါေသးတယ္။