M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ဒါဘီအသင်းနည်းပြ ဝိန်းရွန်းနီအတွက်တော့ ခရစ္စမတ်ကာလက စိတ်ပျက်စရာဆူညံသံတွေနဲ့ ပြည့်နှက်လာနိုင်ပြီး သူတို့အိမ်နားက လယ်သမားတစ်ဦးဟာ သိုးအကောင် ၂၀၀ ကို အစာကျွေးနိုင်ဖို့ ကြီးမားတဲ့ဂိုထောင်ကြီးတစ်ခု ဆောက်လုပ်ဖို့ စီစဉ်နေပါတယ်။
ဒါဘီအသင်း အစိုးရရဲ့ စီမံအုပ်ချုပ်မှုခံယူခဲ့ရလို့ ၁၂ မှတ်လျှော့ပြစ်ဒဏ်ချမှတ်ခံထားရတာကြောင့် အိပ်ပျက်ညတွေ များနေတဲ့ ရွန်းနီအတွက် နောက်ထပ်အိပ်ပျက်ညတွေ ပိုများလာနိုင်ပြီး ပတ်ဝန်းကျင်မှာ ဆူညံသံတွေ ပိုများလာနိုင်ပါတယ်။
ဝိန်းရွန်းနီဟာဧက၄၀ပါယခုနေအိမ်ကို၂၀၁၈ခုနှစ်တုန်းကပေါင်၄.၃သန်းဖြင့်ဝယ်ယူခဲ့တာဖြစ်ပြီးအိမ်ကိုအကြီးအကျယ်ပြောင်းလဲတည်ဆောက်ထားပါတယ်။
အသက် ၃၅ နှစ်အရွယ် ကိုယ်စီရှိပြီဖြစ်တဲ့ ရွန်းနီနဲ့ ကောလင်းတို့ရဲ့ အဆိုပါစံအိမ်မှာ ဥယျာဉ်၊ ကားဂိုထောင်ကြီးတစ်ခုနဲ့ မြင်းဇောင်းတွေလည်း ပါဝင်ပါတယ်။
ချက်ရှိုင်းယားဒေသရှိ လယ်သမားမိသားစုကတော့ဇူလိုင်လမှာ သိုးအကောင် ၁၀၀၀ မွေးမြူဖို့ ခွင့်ပြုချက်ရခဲ့ပြီး အဲဒီလိုခွင့်ပြုချက်ရဖို့ ၁နှစ်ကြာ ကြိုးစားခဲ့ရပါတယ်။
ပတ်ဝန်းကျင် နှိပ်စက်သမျှ နားပိတ်နေရမယ့် ဘဝကလွတ်ချင်ရင် နေရာပြောင်းနေရမလိုပါပဲ။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
ပတ်ဝန်းကျင်ကြောင့် နားနဲ့စိတ် မတော်မတရားအကျင့်ခံရမယ့် ရွန်းနီ