
Photo Credit
Photo Credit
ဆွစ်ဇာလန်နိုင်ငံ၊ အဲလ်စ်တောင်တန်းရှိ အပျော်တမ်းရွာအသင်းလေးရဲ့အိမ်ကွင်းလေးကတော့ တကယ့်ကိုသာယာလှပတဲ့နေရာမှာ တည်ရှိနေပြီး ဥရောပရဲ့ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ဆုံးနေရာမှာရှိနေတဲ့ကွင်းအဖြစ်လည်း သတ်မှတ်ခြင်းခံထားရပါတယ်။
Photo Credit
ဆွစ်ဇာလန်တောင်တန်းလိဂ်ပြိုင်ပွဲဝင် အက်ဖ်စီဂက်စ်ပွန်အသင်းဟာ အော့တမာဟစ်ဇ်ဖဲလ်ကွင်းကို အိမ်ကွင်းအဖြစ် အသုံးပြုနေတာဖြစ်ပြီး ဘေဆယ်နဲ့ ဂျာမနီဂန္ထဝင်တိုက်စစ်မှူးကြီး ဟစ်ဇ်ဖဲလ်ကို ဂုဏ်ပြုတဲ့အနေနဲ့ အဲဒီနာမည်ပေးထားတာဖြစ်ပါတယ်။
Photo Credit
အဲဒီကွင်းဟာ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၂၀၀၀ (၆၅၁၇ ပေ)အမြင့်မှာရှိပြီး အဲဒီကွင်းကို ကေဘယ်ကားတွေနဲ့ပဲ သွားလို့ရပါတယ်။
Photo Credit ; BBC
ကွင်းထဲဆော့ကစားနေတဲ့ကစားသမားတွေကို မြင့်မားတဲ့တောင်တန်းတွေက ဝန်းရံနေသလိုဖြစ်ပြီး နွေရာသီမှာ တစ်ပွဲပျမ်းမျှ ပရိသတ် ၄၀၊ ၅၀ လောက်လာကြည့်လေ့ရှိသလို ခက်ခဲလွန်းတဲ့သွားရေးလာရေးကြောင့် အမာခံပရိသတ်တွေပဲ လာရောက်ကြည့်ရှုလေ့ရှိပါတယ်။
Photo Credit
ပင်လယ်ရေမျက်နှာပြင်အထိ မီတာ ၂၀၀၀ အထက်မှာရှိနေလို့ အသက်ရှူရခက်နိုင်ပေမယ့် ဂက်စ်ပွန်အသင်းနောက်ခံလူ ဒီယေဂိုအက်ဘ်ဂေါ့စပွန်းကတော့ သူတို့အသင်းအနေနဲ့ အဲဒီကွင်းရဲ့အခြေအနေကို အသင်းရဲ့အားသာချက်အဖြစ် ပြောင်းလဲရယူနေတယ်လို့ဆိုပါတယ်။
Photo Credit
ဂက်စ်ပွန်အသင်းမှာ ၁၈နှစ်ကြာကစားလာတဲ့ အက်ဘ်ဂေါ့စပွန်းက ”ပြိုင်ဘက်အသင်းတွေအတွက်တော့ ခက်ခဲတဲ့အခြေအနေပါပဲ။ ပထမပိုင်းအပြီး ၅ဂိုးပြတ်အရေးနိမ့်နေခဲ့ရင်တောင် ကျွန်တော်တို့အသင်း အကောင်းဆုံးပြန်လာပြီး အနိုင်ရလိမ့်မယ်လို့ ယုံကြည်ပါတယ်”လို့ ပြောပါတယ်။
Photo Credit
အဲဒီအသင်းရဲ့ နှစ်ပေါင်း ၄၀ကျော် သက်တမ်းတစ်လျှောက် ခန့်မှန်းခြေ ဘောလုံးအလုံးရေ ၁၀၀၀၀ လောက် ကွင်းဘေးဘက်မှာရှိတဲ့ တောင်အောက်ထဲကျကာ ဆုံးရှုံးနေရတယ်လို့ သိရပါတယ်။
Photo Credit
အဲဒီကွင်းက မြက်ခင်းတုကွင်းဖြစ်ပြီး မျက်နှာပြင်ညီညာတဲ့နေရာရှားတာကြောင့် ပုံမှန်ကွင်းအရွယ်အစားထက် သေးငယ်သလို အသင်းတည်ထောင်ပြီး ၃၅နှစ်အကြာ ၂၀၀၉ ခုနှစ်ကမှ တည်ဆောက်ပြီးစီးခဲ့တာပါ။
Photo Credit
Zawgyi
ပင္လယ္ေရမ်က္ႏွာျပင္အထက္ ေပ ၆၅၀၀ ေက်ာ္မွာရွိတဲ့ ဆြစ္အေပ်ာ္တမ္းရြာေလးရဲ႕အိမ္ကြင္း
ဆြစ္ဇာလန္ႏိုင္ငံ၊ အဲလ္စ္ေတာင္တန္းရွိ အေပ်ာ္တမ္းရြာအသင္းေလးရဲ႕အိမ္ကြင္းေလးကေတာ့ တကယ့္ကိုသာယာလွပတဲ့ေနရာမွာ တည္ရွိေနၿပီး ဥေရာပရဲ႕ပင္လယ္ေရမ်က္ႏွာျပင္အထက္ အျမင့္ဆုံးေနရာမွာရွိေနတ့ဲကြင္းအျဖစ္လည္း သတ္မွတ္ျခင္းခံထားရပါတယ္။
ဆြစ္ဇာလန္ေတာင္တန္းလိဂ္ၿပိဳင္ပြဲ၀င္ အက္ဖ္စီဂက္စ္ပြန္အသင္းဟာ ေအာ့တမာဟစ္ဇ္ဖဲလ္ကြင္းကို အိမ္ကြင္းအျဖစ္ အသုံးျပဳေနတာျဖစ္ၿပီး ေဘဆယ္နဲ႔ ဂ်ာမနီဂႏၳ၀င္တုိက္စစ္မွဴးႀကီး ဟစ္ဇ္ဖဲလ္ကို ဂုဏ္ျပဳတဲ့အေနနဲ႔ အဲဒီနာမည္ေပးထားတာျဖစ္ပါတယ္။
အဲဒီကြင္းဟာ ပင္လယ္ေရမ်က္ႏွာျပင္အထက္ မီတာ ၂၀၀၀ (၆၅၁၇ ေပ)အျမင့္မွာရွိၿပီး အဲဒီကြင္းကို ေကဘယ္ကားေတြနဲ႔ပဲ သြားလုိ႔ရပါတယ္။
ကြင္းထဲေဆာ့ကစားေနတဲ့ကစားသမားေတြကို ျမင့္မားတဲ့ေတာင္တန္းေတြက ၀န္းရံေနသလုိျဖစ္ၿပီး ေႏြရာသီမွာ တစ္ပြဲပ်မ္းမွ် ပရိသတ္ ၄၀၊ ၅၀ ေလာက္လာၾကည့္ေလ့ရွိသလုိ ခက္ခဲလြန္းတဲ့သြားေရးလာေရးေၾကာင့္ အမာခံပရိသတ္ေတြပဲ လာေရာက္ၾကည့္႐ႈေလ့ရွိပါတယ္။
ပင္လယ္ေရမ်က္ႏွာျပင္အထိ မီတာ ၂၀၀၀ အထက္မွာရွိေနလုိ႔ အသက္႐ွဴရခက္ႏိုင္ေပမယ့္ ဂက္စ္ပြန္အသင္းေနာက္ခံလူ ဒီေယဂိုအက္ဘ္ေဂါ့စပြန္းကေတာ့ သူတုိ႔အသင္းအေနနဲ႔ အဲဒီကြင္းရဲ႕အေျခအေနကို အသင္းရဲ႕အားသာခ်က္အျဖစ္ ေျပာင္းလဲရယူေနတယ္လုိ႔ဆိုပါတယ္။
ဂက္စ္ပြန္အသင္းမွာ ၁၈ႏွစ္ၾကာကစားလာတ့ဲ အက္ဘ္ေဂါ့စပြန္းက ”ၿပိဳင္ဘက္အသင္းေတြအတြက္ေတာ့ ခက္ခဲတဲ့အေျခအေနပါပဲ။ ပထမပိုင္းအၿပီး ၅ဂိုးျပတ္အေရးနိမ့္ေနခဲ့ရင္ေတာင္ ကၽြန္ေတာ္တို႔အသင္း အေကာင္းဆုံးျပန္လာၿပီး အႏိုင္ရလိမ့္မယ္လုိ႔ ယုံၾကည္ပါတယ္”လုိ႔ ေျပာပါတယ္။
အဲဒီအသင္းရဲ႕ ႏွစ္ေပါင္း ၄၀ေက်ာ္ သက္တမ္းတစ္ေလွ်ာက္ ခန္႔မွန္းေျခ ေဘာလုံးအလုံးေရ ၁၀၀၀၀ ေလာက္ ကြင္းေဘးဘက္မွာရွိတဲ့ ေတာင္ေအာက္ထဲက်ကာ ဆုံး႐ံႈးေနရတယ္လုိ႔ သိရပါတယ္။
အဲဒီကြင္းက ျမက္ခင္းတုကြင္းျဖစ္ၿပီး မ်က္ႏွာျပင္ညီညာတဲ့ေနရာရွားတာေၾကာင့္ ပုံမွန္ကြင္းအရြယ္အစားထက္ ေသးငယ္သလုိ အသင္းတည္ေထာင္ၿပီး ၃၅ႏွစ္အၾကာ ၂၀၀၉ ခုႏွစ္ကမွ တည္ေဆာက္ၿပီးစီးခဲ့တာပါ။