ပင်နယ်တီ ၂ခါလွဲပေမယ့် ဂိုးပြတ်နိုင်ပွဲရယူခဲ့တဲ့ ယူနိုက်တက် (နောဝစ်ချ် ၁-၃ ယူနိုက်တက် ပွဲပြီးမြင်ကွင်းကျယ်)

Photo Credit

Photo Credit

ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၁၀အဖြစ် နောဝစ်ချ်ကွင်းမှာတော့ ဂိုးပြတ်အနိုင်ယူကာ အဆင့် ၁၄ နေရာကနေ အမှတ်ပေးဇယားရဲ့အဆင့် ၇နေရာအထိ ပြန်လည်တက်လှမ်းနိုင်ခဲ့ပါတယ်။ ယူနိုက်တက်အနေနဲ့ ချဲလ်ဆီးကို ၄ဂိုးပြတ်အနိုင်ရရှိခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တစ်ပွဲတည်းမှာ ၁ဂိုးထက်ပိုသွင်းနိုင်ခဲ့တာဖြစ်ပြီး ဂိုးပြတ်နိုင်ပွဲနဲ့အပြိုင် လူပြောများတဲ့အချက်ကတော့ ပင်နယ်တီပါ။

Photo Credit

ယူနိုက်တက်ဟာ ဒီပွဲမှာလည်း ပင်နယ်တီ ၂ကြိမ်အထိရရှိခဲ့ပြီး ၂ကြိမ်စလုံးကို နောဝစ်ချ်ဂိုးသမား ခရူးလ်က ကာကွယ်နိုင်ခဲ့ပါတယ်။ ပွဲချိန် ၂၉မိနစ်မှာ ရရှိခဲ့တဲ့ပင်နယ်တီကို ရက်ရှ်ဖို့ဒ် ကန်သွင်းခဲ့ပေမယ့် ခရူးလ်က ညာဘက်ကို ဒိုင်ဗင်ထိုးကာ ကာကွယ်နိုင်ခဲ့သလို ပွဲချိန် ၄၄မိနစ်မှာ နောက်တစ်ကြိမ်ရရှိတဲ့ပင်နယ်တီကို ပါတီဇန်နဲ့ပွဲတုန်းက ပင်နယ်တီကနေ တစ်လုံးတည်းသောအနိုင်ဂိုးသွင်းယူခဲ့တဲ့ မာရှယ် ကန်သွင်းခဲ့ပါတယ်။ ဒီတစ်ခါ မာရှယ်က ဘယ်ဘက်ကို ကန်သွင်းခဲ့ပေမယ့် ခရူးလ်ကလည်း အလွတ်မပေးဘဲ လက်စွမ်းပြကာကွယ်နိုင်ခဲ့ပါတယ်။

Photo Credit

ယူနိုက်တက်ဟာ ယခုရာသီပရီးမီးယားလိဂ်မှာ ပင်နယ်တီအများဆုံးရရှိတဲ့အသင်းအဖြစ် စံချိန်တင်ထားပြီး သူ့အောက်က ဒုတိယအများဆုံးအသင်းထက် ပင်နယ်တီ ၃ကြိမ်အထိ ပိုမိုရရှိထားပါတယ်။ ဒါပေမဲ့ အဲဒီပင်နယ်တီ ၆ကြိမ်ကနေ ၂ဂိုးပဲသွင်းယူနိုင်ခဲ့ပြီး ချဲလ်ဆီး၊ လက်စတာတို့နဲ့ပွဲတွေမှာ ရက်ရှ်ဖို့ဒ်က သွင်းယူခဲ့တာဖြစ်ပါတယ်။

Photo Credit

ဒါပေမဲ့ ဝုဗ်နဲ့ပွဲမှာ ပေါ့ဂ်ဘာ၊ ပဲလေ့စ်နဲ့ပွဲမှာ ရက်ရှ်ဖို့ဒ်၊ နောဝစ်ချ်နဲ့ပွဲမှာ ရက်ရှ်ဖို့ဒ်နဲ့ မာရှယ်တို့ ပင်နယ်တီလွဲချော်ခဲ့ရပါတယ်။ ဒီပွဲမှာ ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့တဲ့ ကွင်းလယ်လူ မက်တိုမီနေးကတော့ ယူနိုက်တက်ရဲ့ပရီးမီးယားလိဂ်ဂိုး ၂၀၀၀ မြောက်သွင်းဂိုး သွင်းယူသူဖြစ်လာပြီး ယူနိုက်တက်က ပရီးမီးယားလိဂ်ဂိုး ၂၀၀၀ အမြန်ဆုံးပြည့်တဲ့အသင်းဖြစ်လာပါတယ်။

Photo Credit

ယူနိုက်တက်အတွက် ပထမဆုံးပရီးမီးယားလိဂ်သွင်းဂိုးကို ၁၉၉၂ သြဂုတ်လ ၁၅ရက်နေ့မှာ မာ့ခ်ဟုချ်၊ ဂိုး ၁၀၀၀ မြောက်ကို ၂၀၀၅ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့မှာ ရော်နယ်ဒိုနဲ့ အခုဂိုး ၂၀၀၀ မြောက်ကို ၂၀၁၉၊ အောက်တိုဘာလ ၂၇ရက်နေ့မှာ မက်တိုမီနေးတို့က အသီးသီးသွင်းယူခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ ၁ဂိုးသွင်းယူနိုင်ခဲ့တဲ့ ရက်ရှ်ဖို့ဒ်ကလည်း ယူနိုက်တက်အတွက် ပြိုင်ပွဲစုံသွင်းဂိုး ၅၀ ပြည့်မြောက်ခဲ့ပါတယ်။

Photo Credit

ယူနိုက်တက်ဟာ ဒီပွဲမှာ ပင်နယ်တီ ၂ကြိမ်အထိ မဝင်ခဲ့ပေမယ့် ရရှိသွားတဲ့ဂိုးတွေကတော့ ကောင်းမွန်ခဲ့ပါတယ်။ ပထမဂိုးအဖြစ် မက်တိုမီနေးက ပင်နယ်တီဧရိယာထဲကနေ ဂိုးသမားရဲ့ ဘယ်ဘက်အောက်ထောင့်ထဲ ကန်သွင်းခဲ့တာဖြစ်ပြီး ခရူးလ်လည်း ငေးကြည့်နေရုံပဲတတ်နိုင်ခဲ့ပါတယ်။ ပထမပင်နယ်တီလွဲချော်အပြီး ၁မိနစ်အကြာမှာပဲ အဲဒီပင်နယ်တီလွဲချော်ခဲ့တဲ့ ရက်ရှ်ဖို့ဒ်က ဒန်နီရယ်ဂျိမ်းစ်ရဲ့အကွက်မြင်မြင်ပေးပို့မှုကနေ ဂိုးသမားနဲ့တစ်ယောက်ချင်းအတွေ့ သွေးအေးအေးနဲ့ ကန်သွင်းခဲ့ပါတယ်။

Photo Credit

ဒီနေရာမှာ ဒန်နီရယ်ဂျိမ်းစ်ရဲ့အဝေးဘောပေးပို့မှုက ကွက်တိဖြစ်ခဲ့သလို ရက်ရှ်ဖို့ဒ်ကလည်း လူကျွံထောင်ချောက်ကို လှည့်စားထွက်နိုင်ခဲ့ပါတယ်။ အဆုံးသတ်ဂိုးကလည်း မာရှယ်နဲ့ရက်ရှ်ဖို့ဒ်တို့ရဲ့နားလည်မှုကို အထင်းသားပေါ်လွင်စေခဲ့ပြီး ရက်ရှ်ဖို့ဒ် နောက်ပေါက်နဲ့ချပေးရာကနေ မာရှယ်က ဂိုးသမားကို အသာကျော်ကာ ကန်သွင်းခဲ့တာဖြစ်ပါတယ်။

Zawgyi

ပင္နယ္တီ ၂ခါလြဲေပမယ့္ ဂိုးျပတ္ႏိုင္ပြဲရယူခဲ့တဲ့ ယူႏိုက္တက္ (ေနာ၀စ္ခ်္ ၁-၃ ယူႏိုက္တက္ ပြဲၿပီးျမင္ကြင္းက်ယ္)

ယူႏုိက္တက္အသင္းဟာ ပရီးမီးယားလိဂ္ပဲြစဥ္ ၁၀အျဖစ္ ေနာ၀စ္ခ်္ကြင္းမွာေတာ့ ဂိုးျပတ္အႏိုင္ယူကာ အဆင့္ ၁၄ ေနရာကေန အမွတ္ေပးဇယားရဲ႕အဆင့္ ၇ေနရာအထိ ျပန္လည္တက္လွမ္းႏိုင္ခဲ့ပါတယ္။ ယူႏုိက္တက္အေနနဲ႔ ခ်ဲလ္ဆီးကို ၄ဂိုးျပတ္အႏုိင္ရရွိခဲ့ၿပီးေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ တစ္ပြဲတည္းမွာ ၁ဂိုးထက္ပိုသြင္းႏိုင္ခဲ့တာျဖစ္ၿပီး ဂိုးျပတ္ႏိုင္ပဲြနဲ႔အၿပိဳင္ လူေျပာမ်ားတဲ့အခ်က္ကေတာ့ ပင္နယ္တီပါ။
ယူႏုိက္တက္ဟာ ဒီပြဲမွာလည္း ပင္နယ္တီ ၂ႀကိမ္အထိရရိွခဲ့ၿပီး ၂ႀကိမ္စလုံးကို ေနာ၀စ္ခ်္ဂိုးသမား ခ႐ူးလ္က ကာကြယ္ႏိုင္ခဲ့ပါတယ္။ ပြဲခ်ိန္ ၂၉မိနစ္မွာ ရရွိခဲ့တဲ့ပင္နယ္တီကို ရက္ရွ္ဖုိ႔ဒ္ ကန္သြင္းခဲ့ေပမယ့္ ခရူးလ္က ညာဘက္ကို ဒုိင္ဗင္ထိုးကာ ကာကြယ္ႏိုင္ခဲ့သလို ပြဲခ်ိန္ ၄၄မိနစ္မွာ ေနာက္တစ္ႀကိမ္ရရွိတဲ့ပင္နယ္တီကို ပါတီဇန္နဲ႔ပြဲတုန္းက ပင္နယ္တီကေန တစ္လုံးတည္းေသာအႏိုင္ဂိုးသြင္းယူခဲ့တဲ့ မာရွယ္ ကန္သြင္းခဲ့ပါတယ္။ ဒီတစ္ခါ မာရွယ္က ဘယ္ဘက္ကို ကန္သြင္းခဲ့ေပမယ့္ ခ႐ူးလ္ကလည္း အလြတ္မေပးဘဲ လက္စြမ္းျပကာကြယ္ႏိုင္ခဲ့ပါတယ္။
ယူႏိုက္တက္ဟာ ယခုရာသီပရီးမီးယားလိဂ္မွာ ပင္နယ္တီအမ်ားဆုံးရရွိတဲ့အသင္းအျဖစ္ စံခ်ိန္တင္ထားၿပီး သူ႕ေအာက္က ဒုတိယအမ်ားဆုံးအသင္းထက္ ပင္နယ္တီ ၃ႀကိမ္အထိ ပိုမုိရရွိထားပါတယ္။ ဒါေပမဲ့ အဲဒီပင္နယ္တီ ၆ႀကိမ္ကေန ၂ဂိုးပဲသြင္းယူႏိုင္ခဲ့ၿပီး ခ်ဲလ္ဆီး၊ လက္စတာတို႔နဲ႔ပြဲေတြမွာ ရက္ရွ္ဖို႔ဒ္က သြင္းယူခဲ့တာျဖစ္ပါတယ္။
ဒါေပမဲ့ ၀ုဗ္နဲ႔ပြဲမွာ ေပါ့ဂ္ဘာ၊ ပဲေလ့စ္နဲ႔ပြဲမွာ ရက္ရွ္ဖို႔ဒ္၊ ေနာ၀စ္ခ်္နဲ႔ပြဲမွာ ရက္ရွ္ဖို႔ဒ္နဲ႔ မာရွယ္တို႔ ပင္နယ္တီလြဲေခ်ာ္ခဲ့ရပါတယ္။ ဒီပြဲမွာ ဦးေဆာင္ဂိုးသြင္းယူႏုိင္ခဲ့တဲ့ ကြင္းလယ္လူ မက္တိုမီေနးကေတာ့ ယူႏိုက္တက္ရဲ႕ပရီးမီးယားလိဂ္ဂိုး ၂၀၀၀ ေျမာက္သြင္းဂိုး သြင္းယူသူျဖစ္လာၿပီး ယူႏိုက္တက္က ပရီးမီးယားလိဂ္ဂိုး ၂၀၀၀ အျမန္ဆုံးျပည့္တဲ့အသင္းျဖစ္လာပါတယ္။
ယူႏိုက္တက္အတြက္ ပထမဆုံးပရီးမီးယားလိဂ္သြင္းဂိုးကို ၁၉၉၂ ၾသဂုတ္လ ၁၅ရက္ေန႔မွာ မာ့ခ္ဟုခ်္၊ ဂိုး ၁၀၀၀ ေျမာက္ကို ၂၀၀၅ ခုႏွစ္ ေအာက္တိုဘာလ ၂၉ ရက္ေန႔မွာ ေရာ္နယ္ဒိုနဲ႔ အခုဂိုး ၂၀၀၀ ေျမာက္ကို ၂၀၁၉၊ ေအာက္တိုဘာလ ၂၇ရက္ေန႔မွာ မက္တိုမီေနးတို႔က အသီးသီးသြင္းယူခဲ့တာျဖစ္ပါတယ္။ ဒီပြဲမွာ ၁ဂိုးသြင္းယူႏိုင္ခဲ့တ့ဲ ရက္ရွ္ဖို႔ဒ္ကလည္း ယူႏိုက္တက္အတြက္ ၿပိဳင္ပြဲစုံသြင္းဂိုး ၅၀ ျပည့္ေျမာက္ခဲ့ပါတယ္။
ယူႏိုက္တက္ဟာ ဒီပြဲမွာ ပင္နယ္တီ ၂ႀကိမ္အထိ မ၀င္ခဲ့ေပမယ့္ ရရွိသြားတဲ့ဂိုးေတြကေတာ့ ေကာင္းမြန္ခဲ့ပါတယ္။ ပထမဂိုးအျဖစ္ မက္တိုမီေနးက ပင္နယ္တီဧရိယာထဲကေန ဂိုးသမားရဲ႕ ဘယ္ဘက္ေအာက္ေထာင့္ထဲ ကန္သြင္းခဲ့တာျဖစ္ၿပီး ခ႐ူးလ္လည္း ေငးၾကည့္ေန႐ုံပဲတတ္ႏိုင္ခဲ့ပါတယ္။ ပထမပင္နယ္တီလြဲေခ်ာ္အၿပီး ၁မိနစ္အၾကာမွာပဲ အဲဒီပင္နယ္တီလြဲေခ်ာ္ခဲ့တဲ့ ရက္ရွ္ဖို႔ဒ္က ဒန္နီရယ္ဂ်ိမ္းစ္ရဲ႕အကြက္ျမင္ျမင္ေပးပို႔မႈကေန ဂိုးသမားနဲ႔တစ္ေယာက္ခ်င္းအေတြ႕ ေသြးေအးေအးနဲ႔ ကန္သြင္းခဲ့ပါတယ္။
ဒီေနရာမွာ ဒန္နီရယ္ဂ်ိမ္းစ္ရဲ႕အေ၀းေဘာေပးပို႔မႈက ကြက္တိျဖစ္ခဲ့သလို ရက္ရွ္ဖို႔ဒ္ကလည္း လူကၽြံေထာင္ေခ်ာက္ကို လွည့္စားထြက္ႏိုင္ခဲ့ပါတယ္။ အဆုံးသတ္ဂိုးကလည္း မာရွယ္နဲ႔ရက္ရွ္ဖို႔ဒ္တို႔ရဲ႕နားလည္မႈကို အထင္းသားေပၚလြင္ေစခဲ့ၿပီး ရက္ရွ္ဖုိ႔ဒ္ ေနာက္ေပါက္နဲ႔ခ်ေပးရာကေန မာရွယ္က ဂိုးသမားကို အသာေက်ာ္ကာ ကန္သြင္းခဲ့တာျဖစ္ပါတယ္။