ပင်နယ်တီ မပါ ဂိုး ၁၀၀ ပြည့်ခဲ့ပြီဖြစ်တဲ့ မာနေး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပရီးမီးယားလိဂ် ပွဲစဉ် (၈) စနေနေ့ည အစောဆုံးပွဲဖြစ်တဲ့ ဝက်ဖို့ဒ်နဲ့ လီဗာပူးပွဲစဉ်မှာ လီဗာပူးအသင်းက ငါးဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။

လီဗာပူးဟာ မန်စီးတီးနဲ့ နှစ်ဂိုးစီ သရေကျခဲ့တဲ့ပွဲက လူစာရင်းကို သုံးနေရာ အပြောင်းအလဲလုပ်ခဲ့ပါတယ်။

အဲဒီပွဲမှာ မာနေးက ဆာလာရဲ့ဖန်တီးပေးမှုကနေ စောစောစီးစီးအဖွင့်ဂိုးသွင်းယူခဲ့ပါတယ်။

ဒီဂိုးက သူ့အတွက်တော့ ပရီးမီးယားလိဂ်သွင်းဂိုး ၁၀၀ ပြည့်မြောက်ခဲ့တဲ့ဂိုးဖြစ်ပြီး အမှတ်ရစရာဖြစ်ခဲ့ရပါတယ်။

အဲဒါကြောင့် မာနေး ဟာ ဒရော့ဘာ၊ဆာလာ တို့ပြီးနောက် ပရီးမီးယားလိဂ် သွင်းဂိုး(၁၀၀)ပြည့်တဲ့ တတိယမြောက်အာဖရိကကစားသမားအဖြစ် မှတ်တမ်းရခဲ့တာဖြစ်ပါတယ်။

မာနေး ဟာ ပရီးမီးယားလိဂ်ကို (၂၀၁၄-၁၅) ရာသီမှာ ရောက်ရှိလာခဲ့တာပါ။

မာနေး ဟာ ဆဲလ်ဘတ် အသင်းကနေ ဆောက်သမ်တန် အသင်းကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ဆောက်သမ်တန် အသင်းအတွက် ပရီးမီးယားလိဂ်(၆၇)ပွဲမှာ (၂၁)ဂိုးသွင်းယူနိုင်ခဲ့တာပါ။

မာနေးဟာ ဆောက်သမ်တန် အသင်းမှာ (၂)ရာသီကြာ ကစားပြီး (၂၀၁၆-၁၇) ရာသီမှာတော့ လီဗာပူး အသင်းကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

မာနေး ဟာ လီဗာပူး အသင်းအတွက် ပရီးမီးယားလိဂ် (၁၇၀)ပွဲ ကစားအပြီးမှာ (၇၉)ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ အဝေးကွင်းမှာ ငါးဂိုး-ဂိုးမရှိနဲ့ အောင်ပွဲခံနိုင်ခဲ့တဲ့ ရလဒ်ကြောင့် လီဗာပူးတို့ ၈ ပွဲ ကစား ၅ ပွဲနိုင် ၃ ပွဲသရေ ရမှတ် ၁၈ မှတ်နဲ့ ပရီးမီးယားလိဂ်ရဲ့ ဇယားထိပ်ဆုံးကို ပြန်လည်တက်ရောက်နိုင်ခဲ့ပြီး

သူတို့အသင်းရဲ့ တိုက်စစ်အင်အားကို ပြသသွားနိုင်ခဲ့သလို တစ်ကျော့ပြန် အသက် ၆၉ နှစ်အရွယ် နည်းပြအိုကြီး ရာနီရေးရီကတော့ ဝတ်ဖို့ဒ်နဲ့ အဖွင့်ပွဲမှာ ခါးသီးတဲ့ အဖြစ်နဲ့ပဲ ကြုံတွေ့ခဲ့ရပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ပင္နယ္တီ မပါ ဂိုး ၁၀၀ ျပည့္ခဲ့ၿပီျဖစ္တဲ့ မာေနး

ပရီးမီးယားလိဂ္ ပြဲစဥ္ (၈) စေနေန႔ည အေစာဆုံးပြဲျဖစ္တဲ့ ဝက္ဖို႔ဒ္နဲ႔ လီဗာပူးပြဲစဥ္မွာ လီဗာပူးအသင္းက ငါးဂိုး ဂိုးမရွိနဲ႔ အႏိုင္ရရွိသြားပါတယ္။လီဗာပူးဟာ မန္စီးတီးနဲ႔ ႏွစ္ဂိုးစီ သေရက်ခဲ့တဲ့ပြဲက လူစာရင္းကို သုံးေနရာ အေျပာင္းအလဲလုပ္ခဲ့ပါတယ္။

အဲဒီပြဲမွာ မာေနးက ဆာလာရဲ႕ဖန္တီးေပးမႈကေန ေစာေစာစီးစီးအဖြင့္ဂိုးသြင္းယူခဲ့ပါတယ္။ ဒီဂိုးက သူ႔အတြက္ေတာ့ ပရီးမီးယားလိဂ္သြင္းဂိုး ၁၀၀ ျပည့္ေျမာက္ခဲ့တဲ့ဂိုးျဖစ္ၿပီး အမွတ္ရစရာျဖစ္ခဲ့ရပါတယ္။

အဲဒါေၾကာင့္ မာေနး ဟာ ဒေရာ့ဘာ၊ဆာလာ တို႔ၿပီးေနာက္ ပရီးမီးယားလိဂ္ သြင္းဂိုး(၁၀၀)ျပည့္တဲ့ တတိယေျမာက္အာဖရိကကစားသမားအျဖစ္ မွတ္တမ္းရခဲ့တာျဖစ္ပါတယ္။မာေနး ဟာ ပရီးမီးယားလိဂ္ကို (၂၀၁၄-၁၅) ရာသီမွာ ေရာက္ရွိလာခဲ့တာပါ။မာေနး ဟာ ဆဲလ္ဘတ္ အသင္းကေန ေဆာက္သမ္တန္ အသင္းကို ေျပာင္းေ႐ႊ႕လာခဲ့တာျဖစ္ၿပီး ေဆာက္သမ္တန္ အသင္းအတြက္ ပရီးမီးယားလိဂ္(၆၇)ပြဲမွာ (၂၁)ဂိုးသြင္းယူႏိုင္ခဲ့တာပါ။

မာေနးဟာ ေဆာက္သမ္တန္ အသင္းမွာ (၂)ရာသီၾကာ ကစားၿပီး (၂၀၁၆-၁၇) ရာသီမွာေတာ့ လီဗာပူး အသင္းကို ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ပါတယ္။မာေနး ဟာ လီဗာပူး အသင္းအတြက္ ပရီးမီးယားလိဂ္ (၁၇၀)ပြဲ ကစားအၿပီးမွာ (၇၉)ဂိုးသြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲအၿပီးမွာေတာ့ အေဝးကြင္းမွာ ငါးဂိုး-ဂိုးမရွိနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့တဲ့ ရလဒ္ေၾကာင့္ လီဗာပူးတို႔ ၈ ပြဲ ကစား ၅ ပြဲႏိုင္ ၃ ပြဲသေရ ရမွတ္ ၁၈ မွတ္နဲ႔ ပရီးမီးယားလိဂ္ရဲ႕ ဇယားထိပ္ဆုံးကို ျပန္လည္တက္ေရာက္ႏိုင္ခဲ့ၿပီး သူတို႔အသင္းရဲ႕ တိုက္စစ္အင္အားကို ျပသသြားႏိုင္ခဲ့သလို တစ္ေက်ာ့ျပန္ အသက္ ၆၉ ႏွစ္အ႐ြယ္ နည္းျပအိုႀကီး ရာနီေရးရီကေတာ့ ဝတ္ဖို႔ဒ္နဲ႔ အဖြင့္ပြဲမွာ ခါးသီးတဲ့ အျဖစ္နဲ႔ပဲ ႀကဳံေတြ႕ခဲ့ရပါတယ္။