ပင်နယ်တီ ဘယ်သူကန်ရမလဲဆိုတာ ပြောပြလာတဲ့ ဖာနန်ဒက်စ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်ဟာ ပင်နယ်တီကန်သွင်းတဲ့နေရာမှာ စိတ်ချယုံကြည်ရတဲ့ ရော်နယ်ဒိုကို ပြန်လည်ခေါ်ယူနိုင်ခဲ့တဲ့နောက် အသင်းမှာ ပင်နယ်တီကောင်းတဲ့ ကစားသမားက ဖာနန်ဒက်စ်အပါအဝင် နှစ်ယောက်အထိ ရှိလာခဲ့တာပါ။

ဘရူနိုဖာနန်ဒက်စ်ဟာ (၂၀၂၀) ခုနှစ်၊ ဇန်နဝါရီမှာ ယူနိုက်တက်အသင်းကို ရောက်လာပြီးနောက်ပိုင်း ယူနိုက်တက်ကစားသမားဘဝ ပင်နယ်တီ (၂၂) ကြိမ်မှာ (၂၁) ကြိမ်အထိ ဂိုးဝင်အောင် ကန်သွင်းနိုင်ခဲ့ပါတယ်။

ဖာနန်ဒက်စ်အနေနဲ့ ကစားသမားဘဝ တစ်လျှောက် ပင်နယ်တီ (၄၅) ကြိမ်ရခဲ့တဲ့နေရာမှာ (၄၂) ကြိမ်အထိ ဝင်အောင် ကန်သွင်းခဲ့တာလည်းဖြစ်ပါတယ်။

ဒါ့အပြင် ရော်နယ်ဒိုကလည်း ကစားသမားဘဝ တစ်လျှောက် ပင်နယ်တီ (၁၆၇) လုံးရခဲ့တဲ့နေရာမှာ (၁၃၉) လုံး ဝင်အောင် ကန်သွင်းနိုင်ခဲ့ပါတယ်။

ဘရူနိုက ပြီးခဲ့တဲ့ ရာသီမှာ ပင်နယ်တီမင်းသားဖြစ်ခဲ့ပေမယ့် အခု ဒိုလေးကြောင့် ဘယ်သူက ဘယ်နေရာရောက်မလဲဆိုတာ ပရိသတ်တွေက စိတ်ဝင်စားကြပါတယ်။

ပင်နယ်တီ နဲ့ ဖရီးကစ်တွေကန်မယ့် အကြောင်းနဲ့ ပတ်သက်ပြီး ဘရူနိုဖာနန်ဒက်စ်က” ပင်နယ်တီ နဲ့ ဖရီးကစ်တွေက ကန်လို့ ကောင်းတာဟုတ်ပါတယ်။

ဒါပေမယ့် အိုလီက နည်းပြတစ်ယောက်ပါ။ မက်ဂွားရားကလည်း အသင်းခေါင်းဆောင် တစ်ယောက်ဖြစ်ပြီး ရော်နယ်ဒိုကလည်း စီနီယာ ကစားသမားပါ။

ပင်နယ်တီ နဲ့ ဖရီးကစ်တွေရလာတဲ့အခါကျရင် ဘယ်သူကန်ရမလဲဆိုတာကတော့ သူတို့တွေရဲ့ ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်ပါတယ်”ဆိုပြီး ပြောထားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ပင္နယ္တီ ဘယ္သူကန္ရမလဲဆိုတာ ​​ေျပာျပလာတဲ့ ဖာနန္ဒက္စ္

ယူႏိုက္တက္ဟာ ပင္နယ္တီကန္သြင္းတဲ့ေနရာမွာ စိတ္ခ်ယုံၾကည္ရတဲ့ ေရာ္နယ္ဒိုကို ျပန္လည္ေခၚယူႏိုင္ခဲ့တဲ့ေနာက္ အသင္းမွာ ပင္နယ္တီေကာင္းတဲ့ ကစားသမားက ဖာနန္ဒက္စ္အပါအဝင္ ႏွစ္ေယာက္အထိ ရွိလာခဲ့တာပါ။

ဘ႐ူႏိုဖာနန္ဒက္စ္ဟာ (၂၀၂၀) ခုႏွစ္၊ ဇန္နဝါရီမွာ ယူႏိုက္တက္အသင္းကို ေရာက္လာၿပီးေနာက္ပိုင္း ယူႏိုက္တက္ကစားသမားဘဝ ပင္နယ္တီ (၂၂) ႀကိမ္မွာ (၂၁) ႀကိမ္အထိ ဂိုးဝင္ေအာင္ ကန္သြင္းႏိုင္ခဲ့ပါတယ္။ ဖာနန္ဒက္စ္အေနနဲ႔ ကစားသမားဘဝ တစ္ေလွ်ာက္ ပင္နယ္တီ (၄၅) ႀကိမ္ရခဲ့တဲ့ေနရာမွာ (၄၂) ႀကိမ္အထိ ဝင္ေအာင္ ကန္သြင္းခဲ့တာလည္းျဖစ္ပါတယ္။

ဒါ့အျပင္ ေရာ္နယ္ဒိုကလည္း ကစားသမားဘဝ တစ္ေလွ်ာက္ ပင္နယ္တီ (၁၆၇) လုံးရခဲ့တဲ့ေနရာမွာ (၁၃၉) လုံး ဝင္ေအာင္ ကန္သြင္းႏိုင္ခဲ့ပါတယ္။ ဘ႐ူႏိုက ၿပီးခဲ့တဲ့ ရာသီမွာ ပင္နယ္တီမင္းသားျဖစ္ခဲ့​ေပမယ့္ အခု ဒို​ေလး​ေၾကာင့္ ဘယ္သူက ဘယ္​ေနရာ​ေရာက္မလဲဆိုတာ ပရိသတ္​ေတြက စိတ္၀င္စားၾကပါတယ္။

ပင္နယ္တီ နဲ႔ ဖရီးကစ္ေတြကန္မယ့္ အေၾကာင္းနဲ႔ ပတ္သက္ၿပီး ဘ႐ူႏိုဖာနန္ဒက္စ္က ” ပင္နယ္တီ နဲ႔ ဖရီးကစ္ေတြက ကန္လို႔ ေကာင္းတာဟုတ္ပါတယ္။ ဒါေပမယ့္ အိုလီက နည္းျပတစ္ေယာက္ပါ။ မက္ဂြားရားကလည္း အသင္းေခါင္းေဆာင္ တစ္ေယာက္ျဖစ္ၿပီး ေရာ္နယ္ဒိုကလည္း စီနီယာ ကစားသမားပါ။ ပင္နယ္တီ နဲ႔ ဖရီးကစ္ေတြရလာတဲ့အခါက်ရင္ ဘယ္သူကန္ရမလဲဆိုတာကေတာ့ သူတို႔ေတြရဲ႕ ဆုံးျဖတ္ခ်က္အေပၚမွာပဲ မူတည္ပါတယ္”ဆိုၿပီး ​ေျပာထားပါတယ္။