ပင်နယ်တီ ကိစ္စ မကျေနပ်တဲ့ ဒေါ့မွန်နည်းပြ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်စီးတီးဟာ ဂျာမန်မြေမှာ ဒေါ့မွန်ကို ၁-၂ ဂိုးနဲ့ ထပ်မံအနိုင်ရခဲ့ပြီးနောက် နှစ်ကျော့ပေါင်း ၄-၂ ဂိုးနဲ့ ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပြီး ဂွါဒီယိုလာကလည်း နည်းပြဘဝတစ်လျှောက် ၈ကြိမ်မြောက်အဖြစ် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

အဲဒီပွဲမှာ ပထမပိုင်းကို ဒေါ့မွန်က တစ်ဂိုး ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် ဒုတိယပိုင်းမှာတော့ ဒေါ့မွန်ရဲ့ ညာခြမ်းကို တောက်လျှောက်ဖိအားပေးနေတဲ့ ဖိုဒန်ရဲ့ ဖြတ်တင်ဘောကနေ ကွင်းလယ်လူ အမ်မရီချန် ခေါင်းတိုက်ရှင်းထုတ်ရာမှာ သူ့ရဲ့ ဆန့်ထားတဲ့ လက်ကို သွားထိခဲ့တာကြောင့် မန်စီးတီးတို့ ပင်နယ်တီရခဲ့ပါတယ်။

အဲဒါကို မာရက်ဇ်က ဂိုးသမား မာဗင် ဟစ်ဇ်ရဲ့ အပေါ်ထောင့်ကို ကန်တဲ့ အပြင်းကန်ချက်နဲ့ ချေပဂိုးရယူပေးနိုင်ခဲ့ပါတယ်။ဒေါ့မွန်အသင်းနည်းပြအီဒင်တာဇစ်ကမန်စီးတီးအသင်းကိုရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာပေးလိုက်ရတဲ့ပင်နယ်တီနဲ့ပတ်သက်လို့ဝေဖန်ပြောဆိုခဲ့ပါတယ်။

တာဇစ်က”ကစားပွဲရဲ့ ထုံးစံအတိုင်း မျှမျှတတအနေနဲ့မန်စီးတီးကိုဂုဏ်ပြုပါတယ်။သူတို့အကောင်းဆုံးကစားသွားခဲ့ပြီးနောက်တစ်ဆင့်တက်ဖို့ အတွက် ထိုက်တန်ပါတယ်”

“ကျွန်တော်တို့အနေနဲ့လည်း ပွဲစဉ်ကိုအကောင်းဆုံးကစားနိုင်ခဲ့ပေမယ့်အဆုံးမှာ၂ဂိုးအထိခွင့်ပြုခဲ့ရတာကြောင့် စိတ်ပျက်ရပါတယ်။ဒိုင်လူကြီးတွေအနေနဲ့ လက်မောင်းထိတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး သေချာသိဖို့ လိုပါလိမ့်မယ်”

“ကျွန်တော်တို့က၂ကျော့လုံးမှာဒိုင်တွေရဲ့ဆုံးဖြတ်ချက်တွေကြောင့်ကံမကောင်းခဲ့ပါဘူး။ကျွန်တော်တို့မှာအိပ်မက်အကြီးကြီးရှိခဲ့ပါတယ်။ကံမကောင်းလို့ အိပ်မက်တွေ ပျက်ခဲ့ရပါပြီ” လို့ပြောခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi






