ပင်နယ်တီအဆုံးအဖြတ်အလုံး ၂၀ နဲ့အတူ ပိုကယ်ဆီမီးတက်ခဲ့တဲ့ စတုတ္ထတန်းကလပ်

photo-daily mail

photo-reuters

ဂျာမန်စတုတ္ထတန်းအသင်းတစ်သင်းဖြစ်တဲ့ ဆာဘရက်ကန်ဟာ နောက်ထပ်ဘွန်ဒက်စ်လီဂါအသင်းတစ်သင်းကို အံ့အားသင့်စေနိုင်ခဲ့ပြီး ပိုကယ်ဖလားပြိုုုင်ပွဲမှာ ဆီမီးဖိုင်နယ်တက်ရောက်သွားပါတယ်။ ဆာဘရက်ကန်ဟာ ပိုကယ်ဖလားကွာတားဖိုင်နယ်မှာ ဘွန်ဒက်စ်လီဂါကလပ်ဒက်ဆယ်ဒေ့ါဖ်ကိုအနိုင်ရဖို့အတွက် ပင်နယ်တီအဆုံးအဖြတ်အလုံး ၂၀ အထိ လိုအပ်ခဲ့ပါတယ်။

photo-reuters

ပင်နယ်တီအဆုံးအဖြတ်အထိရောက်ခဲ့ရတယ်ဆိုပေမယ့်လည်း ဆာဘရက်ကန်ဟာ သာမာန်ပွဲချိန်မိနစ် ၉၀ ကတည်းက ဒက်ဆယ်ဒေါ့ဖ်ကို အနိုင်ရလုနီးပါးဖြစ်ခဲ့တာပါ။ ၃၁ မိနစ်မှာ သွင်းယူတဲ့ဂိုးနဲ့ဦးဆောင်နိုင်ခဲ့ပြီး မိနစ် ၉၀ ရောက်မှ ချေပဂိုးပြန်ပေးခဲ့ရတာပါ။ အဲဒီနောက် အချိန်ပိုမိနစ် ၃၀ ရာမှာ အဖြေမပေါ်ခဲ့တာကြောင့် ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရပါတယ်။ အဲဒီမှာ ပထမဆုံးပင်နယ်တီကို ဆာဘရက်ကန်လွဲခဲ့ပေမယ့် ဒက်ဆယ်ဒေ့ါဖ်က တတိယပင်နယ်တီလွဲခဲ့လို့ နှစ်ဖက် ၃ လုံးစီကန်ပြီးချိန်မှာ ဂိုးအရေအတွက်တူညီနေပါတယ်။ အဲဒီနောက် ဆာဘရက်ပြန်စလွဲလို့ သွားပြီထင်ခဲ့ရပေမယ့် ဒက်ဆယ်ဒေ့ါဖ်က ၅ လုံးမြောက်လွဲလို့ နှစ်ဖက်ပေါင်း နောက်ထပ်ပင်နယ်တီ ၁၀ ကြိမ်လိုအပ်ခဲ့ကာ နောက်ဆုံးမှာ ပင်နယ်တီ ၇-၆ နဲ့ ဆာဘရက်ကန်အနိုင်ရသွားပါတယ်။

photo-reuters

ဆာဘရက်ကန်ဟာ ဒေသတွင်းဖလားပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့လို့သာ ဒီပြိုင်ပွဲမှာ ဝင်ပြိုင်ခွင့်ရခဲ့တာပါ။ သူတို့ဟာ ဆီမီးဖိုင်နယ်တက်လှမ်းရာ လမ်းကြောင်းတစ်လျှောက်မှာ ဘွန်ဒက်စ်လီဂါကလပ်ကိုလုံးအပြင် ဒုတိယတန်းက အသင်းနှစ်သင်းကိုလည်း ကျော်ဖြတ်လာခဲ့တာပါ။ ပိုကယ်မှာ စတုတ္ထတန်းအသင်းတစ်သင်း ဆီမီးရောက်လာတာဟာ နောက်ပိုင်းနှစ်တွေအတွင်း ကြုံတောင့်ကြုံခဲလည်း ဖြစ်ခဲ့ပါတယ်။

[Zawgyi]

ပင္နယ္တီအဆုံးအျဖတ္အလုံး ၂၀ နဲ႔အတူ ပိုကယ္ဆီမီးတက္ခဲ့တဲ့ စတုတၳတန္းကလပ္

ဂ်ာမန္စတုတၳတန္းအသင္းတစ္သင္းျဖစ္တဲ့ ဆာဘရက္ကန္ဟာ ေနာက္ထပ္ဘြန္ဒက္စ္လီဂါအသင္းတစ္သငး္ကို အံ့အားသင့္ေစႏိုင္ခဲ့ၿပီး ပိုကယ္ဖလားၿပိဳဳဳင္ပြဲမွာ ဆီမီးဖိုင္နယ္တက္ေရာက္သြားပါတယ္။ ဆာဘရက္ကန္ဟာ ပိုကယ္ဖလားကြာတားဖိုင္နယ္မွာ ဘြန္ဒက္စ္လီဂါကလပ္ဒက္ဆယ္ေဒ့ါဖ္ကိုအႏိုင္ရဖုိ႔အတြက္ ပင္နယ္တီအဆုံးအျဖတ္အလုံး ၂၀ အထိ လိုအပ္ခဲ့ပါတယ္။

ပင္နယ္တီအဆုံးအျဖတ္အထိေရာက္ခဲ့ရတယ္ဆိုေပမယ့္လည္း ဆာဘရက္ကန္ဟာ သာမာန္ပြဲခ်ိန္မိနစ္ ၉၀ ကတည္းက ဒက္ဆယ္ေဒါ့ဖ္ကို အႏိုင္ရလုနီးပါးျဖစ္ခဲ့တာပါ။ ၃၁ မိနစ္မွာ သြင္းယူတဲ့ဂိုးနဲ႔ဦးေဆာင္ႏိုင္ခဲ့ၿပီး မိနစ္ ၉၀ ေရာက္မွ ေခ်ပဂိုးျပန္ေပးခဲ့ရတာပါ။ အဲဒီေနာက္ အခ်ိန္ပိုမိနစ္ ၃၀ ရာမွာ အေျဖမေပၚခဲ့တာေၾကာင့္ ပင္နယ္တီအဆုံးအျဖတ္ခံယူခဲ့ရပါတယ္။ အဲဒီမွာ ပထမဆုံးပင္နယ္တီကို ဆာဘရက္ကန္လြဲခဲ့ေပမယ့္ ဒက္ဆယ္ေဒ့ါဖ္က တတိယပင္နယ္တီလြဲခဲ့လုိ႔ ႏွစ္ဖက္ ၃ လုံးစီကန္ၿပီးခ်ိန္မွာ ဂိုးအေရအတြက္တူညီေနပါတယ္။ အဲဒီေနာက္ ဆာဘရက္ျပန္စလြဲလို႔ သြားၿပီထင္ခဲ့ရေပမယ့္ ဒက္ဆယ္ေဒ့ါဖ္က ၅ လုံးေျမာက္လြဲလုိ႔ ႏွစ္ဖက္ေပါင္း ေနာက္ထပ္ပင္နယ္တီ ၁၀ ႀကိမ္လုိအပ္ခဲ့ကာ ေနာက္ဆုံးမွာ ပင္နယ္တီ ၇-၆ နဲ႔ ဆာဘရက္ကန္အႏိုင္ရသြားပါတယ္။

ဆာဘရက္ကန္ဟာ ေဒသတြင္းဖလားၿပိဳင္ပြဲမွာ ဗုိလ္စြဲခဲ့လုိ႔သာ ဒီၿပိဳင္ပြဲမွာ ၀င္ၿပိဳင္ခြင့္ရခဲ့တာပါ။ သူတုိ႔ဟာ ဆီမီးဖိုင္နယ္တက္လွမ္းရာ လမ္းေၾကာင္းတစ္ေလွ်ာက္မွာ ဘြန္ဒက္စ္လီဂါကလပ္ကိုလံုးအျပင္ ဒုတိယတန္းက အသင္းႏွစ္သင္းကုိလည္း ေက်ာ္ျဖတ္လာခဲ့တာပါ။ ပိုကယ္မွာ စတုတၳတန္းအသင္းတစ္သင္း ဆီမီးေရာက္လာတာဟာ ေနာက္ပိုင္းႏွစ္ေတြအတြင္း ႀကဳံေတာင့္ႀကဳံခဲလည္း ျဖစ္ခဲ့ပါတယ္။