ပင်နယ်တီဝင်အောင်မကန်နိုင်ပေမယ့် မီးချောင်းကို မှန်အောင်ကန်နိုင်ခဲ့တဲ့ ဂိုးသမား

Photo Credit

Photo Credit

ဆောက်သမ်းလိဂ်ပွဲစဉ်အဖြစ် စထရက်ဖို့ဒ်တောင်းအသင်းနဲ့ပွဲမှာ နန်းအီတန်ဘရော့အသင်း ပင်နယ်တီရရှိခဲ့တဲ့အခါ ဂိုးသမား တိုနီဘရီးဒင်ကန်မယ်လုပ်တော့ ပရိသတ်တွေလည်း ဦးနှောက်တွေခြောက်ပြီး ဇဝေဇဝါဖြစ်သွားပါတယ်။

Photo Credit

တကယ့်ကိုရည်မှန်းချက်ကြီးမားတဲ့ဂိုးသမားကတော့ ကိုယ့်အသင်းပရိသတ်တွေ ဘာတွေဖြစ်နေလဲဆိုတာ ကြည့်မနေတော့ဘဲ ပင်နယ်တီကို ယုံကြည်မှုအပြည့်နဲ့ ကန်လိုက်ပါတယ်။

Photo Credit

ဒါပေမဲ့ သူ့ရဲ့ပင်နယ်တီကန်သွင်းချက်က ဆိုးဆိုးရွားရွားလွဲချော်သွားခဲ့ပြီး ဂိုးပေါက်ထဲဝင်အောင်မကန်နိုင်ပေမယ့် ဂိုးတိုင်အနောက်ဘက် ပွဲကြည့်စင်မှာတပ်ထားတဲ့မီးချောင်းကို အောက်ပြုတ်ကျအောင်တော့ ကန်နိုင်ခဲ့ပါတယ်။

Photo Credit

ဘရီးဒင်ဟာ ပွဲချိန်အများစုမှာလည်း ဂိုးသမားဖြစ်ပေမယ့် နောက်ခံလူအဖြစ် ပင်နယ်တီဧရိယာအပြင်ဘက် ထွက်ကစားခဲ့ရတာများပြီး တစ်ခါတလေ တောင်ပံတွေဘက်ပါ ထွက်ကစားခဲ့ပါသေးတယ်။

Photo Credit

ဒါပေမဲ့ ပင်နယ်တီကန်သွင်းချိန်မှာတော့ ဂိုးချင်တဲ့စိတ်ကများနေခဲ့လို့ ဂိုးသမားမဖမ်းနိုင်အောင် ခြေခုံနဲ့အုပ်ကန်ကာ အားကုန်ကန်သွင်းခဲ့ပေမယ့် အားထည့်တာများသွားလု့ိ ဂိုးဘားပေါ်ကျော်သွားပါတယ်။

Photo Credit

အဲဒီအချိန်မှာ ဂိုးမရှိသရေကျနေကျခဲ့တာဖြစ်ပြီး ဘရီးဒင်က ဦးဆောင်ဂိုးရနိုင်မယ့်အခွင့်အရေးကို ဖြုန်းတီးခဲ့ပေမယ့် နန်းအီတန်ဘရော့အသင်းက ပွဲအပြီးမှာ ၂-၀ ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။ နန်းအီတန်ဘရော့အသင်းဟာ ပွဲပြီးခါနီးမှာ နောက်ထပ်ပင်နယ်တီကန်သွင်းခွင့်ရခဲ့ပြီး ပရိသတ်တွေကတော့ ဘရီးဒင် ထပ်မကန်ဖို့ ဆုတောင်းခဲ့ပါတယ်။

Video Credit

တကယ်လည်း ဒီတစ်ခါတော့ ဘရီးဒင် မကန်တော့ဘဲ ကာလမ်ပိုဝဲလ်က ဂိုးသမားရဲ့ညာဘက်အောက်ထောင့်ထဲ ကန်သွင်းကာ အသင်းအတွက် အဆုံးသတ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဘရီးဒင်က ပွဲအပြီးမှာ သူ့ရဲ့လွဲချော်မှုနဲ့ပတ်သက်လို့ လူမှုမီဒီယာမှာ GIF တစ်ခုနဲ့ တင်ခဲ့ပြီး နန်းအီတန်အသင်းကလည်း သူ့ရဲ့ပို့စ်ကို ပြန်လည်မျှဝေခဲ့ပါတယ်။

Photo Credit

Zawgyi

ပင္နယ္တီ၀င္ေအာင္မကန္ႏိုင္ေပမယ့္ မီးေခ်ာင္းကို မွန္ေအာင္ကန္ႏိုင္ခဲ့တဲ့ ဂိုးသမား

ေဆာက္သမ္းလိဂ္ပဲြစဥ္အျဖစ္ စထရက္ဖို႔ဒ္ေတာင္းအသင္းနဲ႔ပြဲမွာ နန္းအီတန္ဘေရာ့အသင္း ပင္နယ္တီရရွိခဲ့တဲ့အခါ ဂိုးသမား တုိနီဘရီးဒင္ကန္မယ္လုပ္ေတာ့ ပရိသတ္ေတြလည္း ဦးေႏွာက္ေတြေျခာက္ၿပီး ဇေ၀ဇ၀ါျဖစ္သြားပါတယ္။
တကယ့္ကုိရည္မွန္းခ်က္ႀကီးမားတဲ့ဂိုးသမားကေတာ့ ကိုယ့္အသင္းပရိသတ္ေတြ ဘာေတြျဖစ္ေနလဲဆိုတာ ၾကည့္မေနေတာ့ဘဲ ပင္နယ္တီကို ယုံၾကည္မႈအျပည့္နဲ႔ ကန္လုိက္ပါတယ္။ ဒါေပမဲ့ သူ႕ရဲ႕ပင္နယ္တီကန္သြင္းခ်က္က ဆုိးဆုိးရြားရြားလဲြေခ်ာ္သြားခဲ့ၿပီး ဂိုးေပါက္ထဲ၀င္ေအာင္မကန္ႏိုင္ေပမယ့္ ဂိုးတုိင္အေနာက္ဘက္ ပြဲၾကည့္စင္မွာတပ္ထားတဲ့မီးေခ်ာင္းကို ေအာက္ျပဳတ္က်ေအာင္ေတာ့ ကန္ႏိုင္ခဲ့ပါတယ္။
ဘရီးဒင္ဟာ ပြဲခ်ိန္အမ်ားစုမွာလည္း ဂိုးသမားျဖစ္ေပမယ့္ ေနာက္ခံလူအျဖစ္ ပင္နယ္တီဧရိယာအျပင္ဘက္ ထြက္ကစားခဲ့ရတာမ်ားၿပီး တစ္ခါတေလ ေတာင္ပံေတြဘက္ပါ ထြက္ကစားခဲ့ပါေသးတယ္။ ဒါေပမဲ့ ပင္နယ္တီကန္သြင္းခ်ိန္မွာေတာ့ ဂိုးခ်င္တဲ့စိတ္ကမ်ားေနခဲ့လုိ႔ ဂုိးသမားမဖမ္းႏုိင္ေအာင္ ေျခခုံနဲ႔အုပ္ကန္ကာ အားကုန္ကန္သြင္းခဲ့ေပမယ့္ အားထည့္တာမ်ားသြားလု႔ိ ဂိုးဘားေပၚေက်ာ္သြားပါတယ္။
အဲဒီအခ်ိန္မွာ ဂိုးမရွိသေရက်ေနက်ခ့ဲတာျဖစ္ၿပီး ဘရီးဒင္က ဦးေဆာင္ဂိုးရႏိုင္မယ့္အခြင့္အေရးကို ျဖဳန္းတီးခဲ့ေပမယ့္ နန္းအီတန္ဘေရာ့အသင္းက ပဲြအၿပီးမွာ ၂-၀ ဂိုးနဲ႔အႏိုင္ရခဲ့ပါတယ္။ နန္းအီတန္ဘေရာ့အသင္းဟာ ပြဲၿပီးခါနီးမွာ ေနာက္ထပ္ပင္နယ္တီကန္သြင္းခြင့္ရခဲ့ၿပီး ပရိသတ္ေတြကေတာ့ ဘရီးဒင္ ထပ္မကန္ဖို႔ ဆုေတာင္းခဲ့ပါတယ္။
တကယ္လည္း ဒီတစ္ခါေတာ့ ဘရီးဒင္ မကန္ေတာ့ဘဲ ကာလမ္ပို၀ဲလ္က ဂုိးသမားရဲ႕ညာဘက္ေအာက္ေထာင့္ထဲ ကန္သြင္းကာ အသင္းအတြက္ အဆုံးသတ္ဂုိးသြင္းယူႏိုင္ခဲ့ပါတယ္။ ဘရီးဒင္က ပြဲအၿပီးမွာ သူ႕ရဲ႕လဲြေခ်ာ္မႈနဲ႔ပတ္သက္လုိ႔ လူမႈမီဒီယာမွာ GIF တစ္ခုနဲ႔ တင္ခဲ့ၿပီး နန္းအီတန္အသင္းကလည္း သူ႕ရဲ႕ပုိ႔စ္ကို ျပန္လည္မွ်ေ၀ခဲ့ပါတယ္။