
တူရကီအသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ပွဲစဉ်မှာ အသင်းရဲ့အနိုင်ဂိုးနှစ်ဂိုးစလုံးကို
ဖန်တီးပေးခဲ့တဲ့ ဂါရတ် ဘေးလ်အနေနဲ့ ယူရိုပြိုင်ပွဲတစ်လျှောက်မှာ တစ်ပွဲတည်း
ဂိုးရရှိအောင် ဖန်တီးနိုင်မှု အများဆုံးဖြစ်ခဲ့တယ်လို့ သိရပါတယ်။
တူရကီနဲ့ပွဲမှာ ဂါရတ်ဘေးလ် အနေနဲ့ ဂိုးရနိုင်တဲ့ အခွင့်အရေး ၅ ကြိမ်အထိ
ပြုလုပ်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ဝေးလ်အသင်းခေါင်းဆောင်ဂါရတ်ဘေးလ်ဟာ
တူရကီကိုအနိုင်ရရှိခဲ့တဲ့ပွဲမှာ ပင်နယ်တီဆိုးဆိုးဝါးဝါးလွဲချော်ခဲ့ပါတယ်။
ဘေးလ်ဟာ ရမ်ဆေး နဲ့ ကော်နာရောဘတ်တို့ရဲ့ သွင်းဂိုးတွေအတွက် လှလှပပဖန်တီးပေးမှုတွေကို
ပြုလုပ်ပေးခဲ့တာလည်းဖြစ်ပါတယ်။ အသက် ၃၁ နှစ်အရွယ်ကစားသမားဟာ
သေချာပေါက်ဂိုးရနိုင်မယ့် အခွင့်အလမ်းပေါင်း ၅ ကြိမ်အထိ ပြုလုပ်ပေးခဲ့ပြီးတော့
အဲ ဒါဟာ ၁၉၈၀ ယူရို စတင်ပြီး တစ်ပွဲတည်းမှာ အများဆုံးပြုလုပ်ပေးနိုင်တဲ့
ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တာလည်းဖြစ်ပါတယ်။
ဘေးလ်ကတော့ အဇာဘိုင်ဂျန်နိုင်ငံအထိ လိုက်ပါအားပေးခဲ့တဲ့ ဝေးလ်ပရိသတ်တွေကို
ချီးကျူးခဲ့ပြီး ဒီပရိသတ်တွေကြောင့်ပဲ ဝေးလ်အသင်းက ယူရို ၂၀၂၀ ရဲ့ ရှုံးထွက် အဆင့်ကို
တက်ရောက်နိုင်မှာဖြစ်ကြောင်း တူရကီကို ၂-၀ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ပြောခဲ့ပါတယ်။
ဝေးလ်ကတေ့ာ လက်ရှိမှာ ၄ မှတ်ရရှိထားပြီး အုပ်စုနောက်ဆုံးပွဲအဖြစ် အီတလီနဲ့ ကစားရမှာဖြစ်ပါတယ်။
ဆွစ်ဇာလန်က ၁ မှတ်၊ တူရကီက အမှတ်မရရှိသေးတာကြောင့် ဝေးလ်အနေနဲ့
အနည်းဆုံးအကောင်းဆုံးတတိယရအသင်းအဖြစ်နဲ့ နောက်တစ်ဆင့်ကိုတက်နိုင်ဖို့ မျှော်လင့်နိုင်ပြီဖြစ်ပါတယ်။
တကယ်လို့သာ အီတလီကို အရေးနိမ့်ခဲ့ရင်တောင် ဆွစ်ဇာလန်ကအနိုင်ရဦးမှသာ
ဝေးလ်အတွက် ကျန်အုပ်စုတွေကို စောင့်ကြည့်ရမှာဖြစ်ပြီး အီတလီကို သရေကစားနိုင် ဒါမှမဟုတ်
ဆွစ်ဇာလန်နိုင်ပွဲမရခဲ့ရင်တော့ အုပ်စုဒုတိယနေရာနဲ့ ၁၆ သင်းအဆင့်ကို ရောက်ရှိမှာဖြစ်ပါတယ်။
ပင်နယ်တီလွဲချော်ခဲ့တဲ့ ဘေးလ်က “အခွင့်အရေးဖန်တီး ပေးနိုင်တာ လောက်နဲ့တင်
လုံလောက်နေပါပြီ။ဘာကူအထိ လာရောက်အားပေးခဲ့တဲ့ ပရိသတ်တွေကို ရမှတ် ၄ မှတ်
ရယူပေးနိုင်တဲ့အတွက် တော်တော်လေး ဝမ်းသာမိတယ်။ ပရိသတ်တွေမရှိဘဲ ကစားရတာ
တကယ်ခက်ပါတယ်။ ကောင်းမွန်တဲ့ ခြေစွမ်းမျိုး ပြသနိုင်ဖို့ဆိုတာ ပရိသတ်ရှိမှဖြစ်မှာပါ”ဆိုပြီး ပြောပါတယ်။
Zawgyi Version
ပင္နယ္တီလြဲေပမယ့္ ႏွစ္ဂိုး ဖန္တီးေပးခဲ့ၿပီးေနာက္ မွတ္တမ္းေကာင္းရတဲ့ ဂါရတ္ေဘးလ္
တူရကီအသင္းနဲ႔ ယွဥ္ၿပိဳင္ခဲ့တဲ့ပြဲစဥ္မွာ အသင္းရဲ႕အႏိုင္ဂိုးႏွစ္ဂိုးစလုံးကို
ဖန္တီးေပးခဲ့တဲ့ ဂါရတ္ ေဘးလ္အေနနဲ႔ ယူ႐ိုၿပိဳင္ပြဲတစ္ေလွ်ာက္မွာ
တစ္ပြဲတည္း ဂိုးရရွိေအာင္ ဖန္တီးႏိုင္မႈ အမ်ားဆုံးျဖစ္ခဲ့တယ္လို႔ သိရပါတယ္။
တူရကီနဲ႔ပြဲမွာ ဂါရတ္ေဘးလ္ အေနနဲ႔ ဂိုးရႏိုင္တဲ့ အခြင့္အေရး ၅ ႀကိမ္အထိ
ျပဳလုပ္ႏိုင္ခဲ့တာပဲ ျဖစ္ပါတယ္။ေဝးလ္အသင္းေခါင္းေဆာင္ဂါရတ္ေဘးလ္ဟာ
တူရကီကိုအနိုင္ရရွိခဲ့တဲ့ပြဲမွာ ပင္နယ္တီဆိုးဆိုးဝါးဝါးလြဲေခ်ာ္ခဲ့ပါတယ္။
ေဘးလ္ဟာ ရမ္ေဆး နဲ႔ ေကာ္နာေရာဘတ္တို့ရဲ့ သြင္းဂိုးေတြအတြက္
လွလွပပဖန္တီးေပးမွုေတြကို ျပဳလုပ္ေပးခဲ့တာလည္းျဖစ္ပါတယ္။
အသက္ ၃၁ ႏွစ္အရြယ္ကစားသမားဟာ ေသခ်ာေပါက္ဂိုးရနိုင္မယ့္
အခြင့္အလမ္းေပါင္း ၅ ႀကိမ္အထိ ျပဳလုပ္ေပးခဲ့ၿပီးေတာ့အဲ ဒါဟာ
၁၉၈၀ ယူရို စတင္ၿပီး တစ္ပြဲတည္းမွာ အမ်ားဆုံးျပဳလုပ္ေပးနိုင္တဲ့
ပထမဆုံးကစားသမားအျဖစ္ မွတ္တမ္းဝင္ခဲ့တာလည္းျဖစ္ပါတယ္။
ေဘးလ္ကေတာ့ အဇာဘိုင္ဂ်န္ႏိုင္ငံအထိ လိုက္ပါအားေပးခဲ့တဲ့
ေဝးလ္ပရိသတ္ေတြကို ခ်ီးက်ဴးခဲ့ၿပီး ဒီပရိသတ္ေတြေၾကာင့္ပဲ
ေဝးလ္အသင္းက ယူ႐ို ၂၀၂၀ ရဲ႕ ရႈံးထြက္ အဆင့္ကို တက္ေရာက္ႏိုင္မွာျဖစ္ေၾကာင္း
တူရကီကို ၂-၀ နဲ႔ အႏိုင္ရရွိခဲ့ၿပီးေနာက္ ေျပာခဲ့ပါတယ္။
ေဝးလ္ကေတ့ာ လက္ရွိမွာ ၄ မွတ္ရရွိထားၿပီး အုပ္စုေနာက္ဆုံးပြဲအျဖစ္ အီတလီနဲ႔ ကစားရမွာျဖစ္ပါတယ္။
ဆြစ္ဇာလန္က ၁ မွတ္၊ တူရကီက အမွတ္မရရွိေသးတာေၾကာင့္ ေဝးလ္အေနနဲ႔
အနည္းဆုံးအေကာင္းဆုံးတတိယရအသင္းအျဖစ္နဲ႔ ေနာက္တစ္ဆင့္ကိုတက္နိုင္ဖို့ ေမၽွာ္လင့္နိုင္ၿပီျဖစ္ပါတယ္။
တကယ္လို့သာ အီတလီကို အေရးနိမ့္ခဲ့ရင္ေတာင္ ဆြစ္ဇာလန္ကအနိုင္ရဦးမွသာ
ေဝးလ္အတြက္ က်န္အုပ္စုေတြကို ေစာင့္ၾကည့္ရမွာျဖစ္ၿပီး အီတလီကို
သေရကစားနိုင္ ဒါမွမဟုတ္ ဆြစ္ဇာလန္နိုင္ပြဲမရခဲ့ရင္ေတာ့ အုပ္စုဒုတိယေနရာနဲ႔ ၁၆ သင္း
အဆင့္ကို ေရာက္ရွိမွာျဖစ္ပါတယ္။
ပင္နယ္တီလြဲေခ်ာ္ခဲ့တဲ့ ေဘးလ္က “အခြင့္အေရးဖန္တီး ေပးႏိုင္တာ ေလာက္နဲ႔တင္
လုံေလာက္ေနပါၿပီ။ဘာကူအထိ လာေရာက္အားေပးခဲ့တဲ့ ပရိသတ္ေတြကို
ရမွတ္ ၄ မွတ္ ရယူေပးႏိုင္တဲ့အတြက္ ေတာ္ေတာ္ေလး ဝမ္းသာမိတယ္။
ပရိသတ္ေတြမရွိဘဲ ကစားရတာ တကယ္ခက္ပါတယ္။ ေကာင္းမြန္တဲ့ ေျခစြမ္းမ်ိဳး
ျပသႏိုင္ဖို႔ဆိုတာ ပရိသတ္ရွိမွျဖစ္မွာပါ”ဆိုၿပီး ေျပာပါတယ္။